
PUBLISHED - January 9, 2020
(Unicode)
နိုင်ငံတော်၏ အတိုင်ပင်ခံခရီးစဉ်မှာ တိုင်ကြားစာ ၁၄ စောင်ရှိ
………………………………………………
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မြစ်ကြီးနားမြို့ ခရီးစဉ် ပထမနေ့တွင် မွန်းလွှဲ ၃ နာရီကျော်အထိ တိုင်ကြားစာ ၁၄ စောင်လက်ခံရရှိထားကြောင်း တိုင်ကြားစာလက်ခံရေးဌာနမှ သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲကို ဇန်နဝါရီ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၃ နာရီခွဲအထိ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများသည် ဇန်နဝါရီ ၁၀ နေ့ တွင် ကျရောက်မည့် ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲကို တက်ရောက်မည်ဖြစ်သည်။
#PeopleMedia #လူထုတွေ့ဆုံပွဲ #Myitkyina #ဒေါ်အောင်ဆန်း စုကြည်