
PUBLISHED - August 15, 2020
ရန်ကုန်၊ သြဂုတ် – ၁၆
သြဂုတ်လ ၁၄ ရက် နေပြည်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များနှင့်တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောကြား ခဲ့သည်။
(unicode)
နိုင်ငံရေးတွင် ပြောသည့်အတိုင်းလုပ်ရန်နှင့် လုပ်သည့်အတို င်းပြောရန်လိုကြောင်း တပ်ချုပ်ဆို
………………………………………
ရန်ကုန်၊ ဩဂုတ် – ၁၆
နိုင်ငံရေးတွင် ပြောသည့်အတိုင်းလုပ်ရန်နှင့် လုပ်သည့်အတိုင်းပြောရန်လိုကြောင်းတပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
ဩဂုတ်လ ၁၄ ရက် နေပြည်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များနှင့်တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောကြား ခဲ့သည်။
“နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ တိုင်းပြည်ကို ကောင်းစေလိုတဲ့စိတ်ဆန္ဒများဖြင့်သာဆောင်ရွက်ကြစေလိုပါတယ်။ နိုင်ငံရေးမှာ ပြောတဲ့အတိုင်းလုပ်ရန်နဲ့ လုပ်တဲ့အတိုင်းပြောရန်လိုအပ်ပါတယ်”ဟု ၎င်းကပြောသည်။
တပ်ချုပ်နှင့်နိုင်ငံရေးပါတီများတွေ့ဆုံမှု၌ နိုင်ငံရေးပါတီများက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေနိုင်ရေးတို့ကို တပ်ချုပ်ထံ တင်ပြခဲ့ကြသည်။