• Follow Us on

Home နိုင်ငံရေးပါတီ (၃) ပါတီမှ ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် UEC ထံ ထပ်မံလျှောက်ထား

နိုင်ငံရေးပါတီ (၃) ပါတီမှ ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် UEC ထံ ထပ်မံလျှောက်ထား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

 

နိုင်ငံရေးပါတီ (၃) ပါတီမှ ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ယမန်နေ့က လာရောက်လျှောက်ထား ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

 

မြန်မာနိုင်ငံတော်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃)ဖြင့် လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃)ဖြင့် လည်းကောင်း၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက် အမှတ်(၂/၂၀၂၃)၊ (၃/၂၀၂၃) တို့ဖြင့်လည်းကောင်း ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။

 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ဒီမိုကရက်တစ်အင်အား စုလေဘာပါတီသည်လည်းကောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ၂၅အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ဒီမိုကရေစီပါတီသစ်(ကချင်)နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့ လည်းကောင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ယမန်နေ့တွင် လာရောက်လျှောက်ထားခဲ့သဖြင့် တည်ထောင်ခွင့်မှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် ရက်များအတွင်း  နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည် ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့မှ UEC ထံ လျောက်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ နိုင်ငံရေးပါတီများအနေဖြင့် ဆက်လက်ရပ်တည်မည်ဆိုပါက ရက်ပေါင်း ၆၀ အတွင်းပြန်လည်မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်သည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post