ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္ရန္ေက်ာင္းသားအမ်ားအျပားပါ၀င္သည့္ ထိုင္းဆႏၵျပသူမ်ားေတာင္းဆို
PUBLISHED - August 17, 2020
ဘန္ေကာက္၊ ၾသဂုတ္ ၁၇
၂၀၁၄ ခုႏွစ္က စစ္တပ္အာဏာသိမ္းမႈေနာက္ပိုင္း အႀကီးဆံုးစုေ၀းဆႏၵထုတ္ေဖာ္မႈတစ္ရပ္အေနျဖင့္ တနဂၤ ေႏြေန႔က ဘန္ေကာက္ၿမိဳ႕႐ွိ ရတ္ခ်ာေဒါင္ႏြန္ရိပ္သာလမ္းတြင္ ဆႏၵျပသူေထာင္ခ်ီစုေ၀းခဲ့သည္။
ယခုစုေ၀းမႈကို ထိုင္းႏိုင္ငံတြင္ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈမ်ားျဖစ္ေပၚေရးေတာင္းဆိုေနသည့္လူငယ္အဖြဲ႔ တစ္ဖြဲ႕က ဦးေဆာင္က်င္းပခဲ့သည္။
ေအာက္လႊတ္ေတာ္ဖ်က္သိမ္းေရး၊ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးႏွင့္ ႏိုင္ငံေတာ္အာဏာပိုင္မ်ား၏လူသိ ႐ွင္ၾကားေႏွာင့္ယွက္ေစာ္ကားမႈမ်ားရပ္ဆိုင္းေရးစသည့္ ေတာင္းဆိုခ်က္ ၃ ရပ္ကို ဆက္လက္ထိန္းသိမ္းထား မည္ဟု တရား၀င္စာပို႔ေတာင္းဆိုထားသည္ဆိုၿပီး ဆႏၵျပပြဲတြင္ဦးေဆာင္ပါ၀င္သူတစ္ေယာက္ျဖစ္သည့္ လူ႔အခြင့္အေရးေ႐ွ႕ေန အာႏြန္နမ္ပါကေျပာသည္။
ၾသဂုတ္ ၁၀ ရက္ကလည္း သမ္မာဆက္တကၠသိုလ္တြင္ ေက်ာင္းသားမ်ားဦးေဆာင္သည့္ဆႏၵျပမႈ႐ွိခဲ့ၿပီး ထို ဆႏၵျပပြဲတြင္ ထိုင္းသက္ဦးဆံပိုင္ဘုရင္စနစ္ျပဳျပင္ေျပာင္းလဲေရး ၁၀ ခ်က္ကို ေတာင္းဆိုခဲ့သည္။
ထိုအခ်က္မ်ားတြင္ ထိုင္းဘုရင္၏အာဏာ႐ုတ္သိမ္းေရးႏွင့္ ထိုင္းရာဇ၀တ္ဥပေဒပုဒ္မ ၁၁၂ ကို ရပ္ဆိုင္းရန္တို႔ ပါ၀င္သည္။
ပုဒ္မ ၁၁၂ သည္ ထိုင္းဘုရင္၊ မိဖုရား၊ ရင္ခြင္ပိုက္နန္းၫႊန္႔ေလာင္းလ်ာတို႔ကို အသေရဖ်က္၊ ေစာ္ကား၊ ၿခိမ္း ေျခာက္ပါက ေထာင္ဒဏ္ ၃ ႏွစ္မွ ၁၅ ႏွစ္အထိေထာင္ခ်ႏိုင္သည့္ဥပေဒျဖစ္သည္။
သို႔ေသာ္ မၾကာေသးခင္က ထိုပုဒ္မကို အသံုးျပဳခဲ့ျခင္းမ႐ွိဘဲ ထိုင္းဘုရင္မဟာ ၀ဇီရာေလာင္ကြန္းသည္ ၫွာ တာစိတ္႐ွိၿပီး ထိုပုဒ္မကို အသံုးျပဳလိုစိတ္မ႐ွိဟု ၀န္ႀကီးခ်ဳပ္ႏွင့္ ၂၀၁၄ အာဏာသိမ္းစစ္ေခါင္းေဆာင္ဗိုလ္ခ်ဳ ပ္ႀကီး ပရာ႐ြတ္ ခ်န္အိုခ်ာက ေျပာသည္။
တနဂၤေႏြေန႔ကေက်ာင္းသားမ်ားဦးေဆာင္သည့္ဆႏၵျပမႈသည္ ေန႔လည္ပိုင္းတြင္စတင္ခဲ့ၿပီး အပူခ်ိန္ျပင္းထ န္သျဖင့္ ေမ့ေမ်ာသူအခ်ိဳ႕႐ွိေသာ္လည္း လူအမ်ားအျပားထပ္မံပူးေပါင္းခဲ့ၿပီး ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲ မႈမ်ားျပဳလုပ္ရန္ ေတာင္းဆိုခဲ့သည္။
ဆႏၵျပပြဲတြင္ ပါ၀င္သူ ၁၀၀၀၀ ခန္႔႐ွိၿပီး ၿငိမ္းခ်မ္းစြာၿပီးဆံုးခဲ့သည္။
Ref : Thai demonstrators call for political reforms in biggest rally since 2014 coup
(unicode)
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်ကျောင်းသားအများအပြားပါဝင်သည့် ထိုင်းဆန္ဒပြသူများတောင်းဆို
…………………………………………………
ဘန်ကောက်၊ ဩဂုတ် ၁၇
၂၀၁၄ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အကြီးဆုံးစုဝေးဆန္ဒထုတ်ဖော်မှုတစ်ရပ်အနေဖြင့် တနင်္ဂ နွေနေ့က ဘန်ကောက်မြို့ရှိ ရတ်ချာဒေါင်နွန်ရိပ်သာလမ်းတွင် ဆန္ဒပြသူထောင်ချီစုဝေးခဲ့သည်။
ယခုစုဝေးမှုကို ထိုင်းနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်ရေးတောင်းဆိုနေသည့်လူငယ်အဖွဲ့ တစ်ဖွဲ့က ဦးဆောင်ကျင်းပခဲ့သည်။
အောက်လွှတ်တော်ဖျက်သိမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် နိုင်ငံတော်အာဏာပိုင်များ၏လူသိ ရှင်ကြားနှောင့်ယှက်စော်ကားမှုများရပ်ဆိုင်းရေးစသည့် တောင်းဆိုချက် ၃ ရပ်ကို ဆက်လက်ထိန်းသိမ်းထား မည်ဟု တရားဝင်စာပို့တောင်းဆိုထားသည်ဆိုပြီး ဆန္ဒပြပွဲတွင်ဦးဆောင်ပါဝင်သူတစ်ယောက်ဖြစ်သည့် လူ့အခွင့်အရေးရှေ့နေ အာနွန်နမ်ပါကပြောသည်။
ဩဂုတ် ၁၀ ရက်ကလည်း သမ်မာဆက်တက္ကသိုလ်တွင် ကျောင်းသားများဦးဆောင်သည့်ဆန္ဒပြမှုရှိခဲ့ပြီး ထို ဆန္ဒပြပွဲတွင် ထိုင်းသက်ဦးဆံပိုင်ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး ၁၀ ချက်ကို တောင်းဆိုခဲ့သည်။
ထိုအချက်များတွင် ထိုင်းဘုရင်၏အာဏာရုတ်သိမ်းရေးနှင့် ထိုင်းရာဇဝတ်ဥပဒေပုဒ်မ ၁၁၂ ကို ရပ်ဆိုင်းရန်တို့ ပါဝင်သည်။
ပုဒ်မ ၁၁၂ သည် ထိုင်းဘုရင်၊ မိဖုရား၊ ရင်ခွင်ပိုက်နန်းညွှန့်လောင်းလျာတို့ကို အသရေဖျက်၊ စော်ကား၊ ခြိမ်း ခြောက်ပါက ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိထောင်ချနိုင်သည့်ဥပဒေဖြစ်သည်။
သို့သော် မကြာသေးခင်က ထိုပုဒ်မကို အသုံးပြုခဲ့ခြင်းမရှိဘဲ ထိုင်းဘုရင်မဟာ ဝဇီရာလောင်ကွန်းသည် ညှာ တာစိတ်ရှိပြီး ထိုပုဒ်မကို အသုံးပြုလိုစိတ်မရှိဟု ဝန်ကြီးချုပ်နှင့် ၂၀၁၄ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချု ပ်ကြီး ပရာရွတ် ချန်အိုချာက ပြောသည်။
တနင်္ဂနွေနေ့ကကျောင်းသားများဦးဆောင်သည့်ဆန္ဒပြမှုသည် နေ့လည်ပိုင်းတွင်စတင်ခဲ့ပြီး အပူချိန်ပြင်းထ န်သဖြင့် မေ့မျောသူအချို့ရှိသော်လည်း လူအများအပြားထပ်မံပူးပေါင်းခဲ့ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုများပြုလုပ်ရန် တောင်းဆိုခဲ့သည်။
ဆန္ဒပြပွဲတွင် ပါဝင်သူ ၁၀၀၀၀ ခန့်ရှိပြီး ငြိမ်းချမ်းစွာပြီးဆုံးခဲ့သည်။
Ref : Thai demonstrators call for political reforms in biggest rally since 2014 coup