နိုင်ငံခြားစားသောက်ကုန် ကုမ္ပဏီတစ်ခုဖြစ်သော Nestle သည် မြန်မာနိုင်ငံကနေ ထွက်ခွာမည်

PUBLISHED - February 28, 2023
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၈
ပြည်တွင်းမှာ Milo ချောကလက်၊ Maggi ခေါက်ဆွဲခြောက်ထုတ်၊ အသင့်သောက်သုံးနိုင်တဲ့ ကော်ဖီအပါအဝင် စတဲ့စားသောက်ကုန်တွေ ထုပ်လုပ်ရောင်းချနေတဲ့ ဆွစ်ဇာလန်ကုမ္ပဏီ Nestle ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာ တော့မယ်လို့ စီအင်အေ သတင်းက ယမန်နေ့က ဖော်ပြပါတယ်။
ဘယ်အချိန်မှာ ထွက်ခွာမယ်ဆိုတာကို ကုမ္ပဏီဘက်က အတိအကျ ပြောဆိုထားခြင်းမရှိပေမယ့် မြန်မာပြည်က နေထွက်ခွာပြီး ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ပြောင်းလဲရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး အဲဒီကနေ မြန် မာပြည်ထဲကို တင်ပို့ရောင်းချမယ်လို့ သိရပါတယ်။
“ဒီဆုံးဖြတ်ချက်ကြောင့် ထိခိုက်တဲ့လူတိုင်းကို ကူညီပံ့ပိုးပေးဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ စွမ်းဆောင်သွား မှာပါ” လို့ Nestle ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပေမယ့် နိုင်ငံအတွင်း အလုပ်ခန့်ထားတဲ့ လူဦးရေ ကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။
ကေကေ
#PeopleMedia
(unicode)
……………………………………………
#PeopleMedia