နိုင်ငံ၏စစ်အင်အားတိုးချဲ့ရန် ယူကရိန်းသမ္မတအမိန့်ထုတ်

PUBLISHED - February 2, 2022
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂ (People Media)
စစ်မှုထမ်းသက်စာချုပ်တိုးမြှင့်ခြင်း၊ လစာတိုးမြှင့်ခြင်း၊ လာမည့်သုံးနှစ်အတွင်း ကြည်းတပ်စစ်သည်အင်အား ၁၀၀,၀၀၀ ထက်မနည်း ထပ်မံတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံ၏စစ်အင်အားတိုးချဲ့ရန်အတွက် အမိန့်တစ်စောင်ကို ယူက ရိန်းသမ္မတဗလာဒီမာဇီလန်စကီးက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည်။
“ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်တွေတိုးမြှင့်ဖို့ ကျွန်တော်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ကြည်းတပ်စစ်သည် နောက်ထပ် ၁၀၀၀၀၀ အထိ အင်အားတိုးချဲ့ရေး၊ စစ်တန်းလျားနေအိမ်တွေ တိုးချဲ့ဆောက်လုပ်ရေးနဲ့ စစ်သည်တွေရဲ့လစာ ငွေတိုးမြှင့်ရေးတို့ ပါဝင်ပါတယ်။” ဟု ယူကရိန်းပါလီမန်တွင် သမ္မတဇီလန်စကီးက ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြောကြားခဲ့သည်။
ယင်းသို့အမိန့်ထုတ်ပြန်ခဲ့ခြင်းမှာ စစ်ပွဲတစ်ခုတည်းကို ရည်ညွှန်းထုတ်ပြန်ခဲ့ခြင်းမဟုတ်ဘဲ ယူကရိန်းတပ်မတော် အသက်မွေးဝမ်းကျောင်းမှာ ဂုဏ်သိက္ခာရှိရှိ ကျွမ်းကျင်စွာရပ်တည်နိုင်သည့်တပ်မတော်ဖြစ်လာရန် အထောက် အကူပြုနိုင်ရေးအတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သမ္မတဇီလန်စကီးက ပြောသည်။
သမ္မတအမိန့်ထုတ်ပြန်ခဲ့သော စီမံချက်ထဲတွင် စစ်သည်အင်အား ၁၀၀၀၀၀ ထပ်မံတိုးချဲ့ရန်အပြင် ၎င်းတို့၏ စစ်မှုထမ်းသက်ကိုပါ တိုးမြှင့်သွားရန်ပါရှိပြီး နောက်ထပ် တပ်မ ၂၀ ထပ်မံတိုးချဲ့ရန်လည်းပါရှိသည်။ စီမံချက် အရ စစ်သည်များ၏လစာကို သုံးဆတိုးမြှင့်ပေးသွားမည်ဖြစ်ပြီး ယူကရိန်းတပ်မတော်ရှိစစ်သည်တစ်ဦး၏ အ နိမ့်ဆုံးလစာငွေမှာ ယူကရိန်းငွေ ဟရစ်ညှာ ၆,၅၀၀ (၂၂၅ ဒေါ်လာ) ဖြစ်သည်။
ယူကရိန်းတပ်မတော်တွင် လက်ရှိအင်အားမှာ ၂၆၀၀၀၀ ဝန်းကျင်ရှိပြီး ကမ္ဘာ့အဆင့် ၂၂ ရရှိထားသည့် တပ်မ တော်ဖြစ်သည်။ နောက်ထပ်အင်အား ၁၀၀၀၀၀ ထပ်မံတိုးချဲ့လိုက်ပါက ယူကရိန်းတပ်မတော်အဆင့်မှာ ကမ္ဘာ့ နိုင်ငံအဆင့် ၁၅ ရရှိထားသော တူရကီ၊ ထိုင်းနိုင်ငံတို့နှင့် အဆင့်တူဖြစ်သွားမည်ဖြစ်သည်။
ရုှရှားနိုင်ငံတွင် စစ်သည်အင်အား ၁ သန်းကျော်ရှိပြီး ကမ္ဘာ့အဆင့် ၅ ရှိသောတပ်မတော်ပိုင်ဆိုင်ထားသည်။ အမေရိကန်နိုင်ငံတွင် စစ်အင်အား ၁.၄ သန်းရှိပြီး အိန္ဒိယနှင့် တရုတ်ပြီးလျှင် ကမ္ဘာ့အဆင့် ၃ ရှိသော တပ်မ တော်ကိုပိုင်ဆိုင်ထားသည်။
၂၀၂၁ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၏ စစ်အသုံးစရိတ်မှာ ဒေါ်လာ ၅.၄ ဘီလျံရှိပြီး ရုရှားနိုင်ငံ၏ စစ်အသုံးစရိတ်မှာ ဒေါ်လာ ၄၈ ဘီလျံရှိသော်လည်း အမေရိကန်နိုင်ငံ၏ စစ်အသုံးစရိတ်မှာ ဒေါ်လာ ၇၅၀ ဘီလျံရှိသည်။ ယင်းပမာ ဏမှာ ၎င်းနှင့်ကပ်နေသည့် ဆယ်နိုင်ငံဝန်းကျင်၏ ပျမ်းမျှ စစ်အသုံးစရိတ်နှင့် ညီမျှသည်။
ယူကရိန်းနယ်စပ်တစ်လျှောက် ရုရှားစစ်အင်အား ၁၀၀၀၀၀ ဝန်းကျင် တပ်ဖြန့်ချထားသည်ကို ရည်ညွှန်း၍ ရုရှား နိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နိုင်ကြောင်း အနောက်တိုင်းနိုင်ငံများ လပေါင်းများစွာကြာအောင် သ တိပေးလျက်ရှိပြီး ရုရှားအစိုးရက ယင်းစွပ်စွဲချက်ကို ငြင်းဆိုထားသည်။
ယူကရိန်းနိုင်ငံအတွက် နောက်ထပ် ဒေါ်လာ သန်း ၂၀၀ အကူအညီပေးရန်နှင့် ဂျာဗီလင်တင့်ဖျက်ဒုံးကျည်များ၊ အမြောက်ကြီးများအပါအဝင် စစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးအပ်သွားရန် သမ္မတဂျိုးဘိုင်ဒန်က အမိန့် ပေးခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးအယ်လ်လွိုက်သြစတင်က လွန်ခဲ့သည့်သီတင်းပတ်အတွင်းက ပြောကြားခဲ့သည်။
Ref: Ukraine orders massive military expansion
#PeopleMedia
(unicode)
…………………………………………………….
Ref: Ukraine orders massive military expansion