ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ ဖန္သားႏွင့္ ေငြစကၠဴတို႔ေပၚတြင္ ၂၈ ရက္အထိေနထိုင္ႏိုင္ဟု ၾသစေၾတးလ် သုေတသီ မ်ားေျပာ
PUBLISHED - October 12, 2020
မဲလ္ဘုန္း၊ ေအာက္တိုဘာ ၁၂
ကို႐ိုနာဗိုင္းရပ္စ္သည္ ေငြစကၠဴ၊ ဖန္သားႏွင့္ စတီးတို႔အေပၚတြင္ ၂၈ ရက္အထိ အသက္႐ွင္ႏိုင္ေၾကာင္း ၾသစေၾတးလ်သုေတသီမ်ားက တနလၤာေန႔တြင္ေျပာသည္။
အပူခ်ိန္ ၂၀ ဒီဂရီဆဲလ္ဆီးယက္စ္တြင္ ပလတ္စတစ္စမ်ားႏွင့္ ဖုန္းမ်က္ႏွာျပင္မ်ားေပၚ၌ SARS-COV-2 ကို႐ိုနာဗိုင္းရပ္စ္သည္ ၂၈ ရက္အထိ အသက္႐ွင္ေနႏိုင္ေၾကာင္း ၾသစေၾတးလ်အမ်ိဳးသားသိပၸံေအဂ်င္စီ CSIRO မွ သုေတသီမ်ားက ေတြ႔႐ွိခဲ့ျခင္းျဖစ္သည္။
ထိုပစၥည္းမ်ားေပၚတြင္ပင္ အပူခ်ိန္ျမင့္တက္လာပါက ႐ွင္သန္ႏိုင္သည့္အခ်ိန္ေလွ်ာ့က်လာေၾကာင္းလည္း သုေတသီမ်ားကေျပာသည္။
ခႏၶာကုိယ္တြင္းအရည္မွ ပ႐ိုတင္းဓာတ္ႏွင့္အဆီဓာတ္တို႔သည္လည္း ဗိုင္းရပ္စ္အသက္႐ွင္ႏိုင္သည့္အခ်ိန္ကို တိုးျမွင့္ေပးႏိုင္ေၾကာင္း သိရသည္။
ေလ့လာမႈျပဳလုပ္ခဲ့သည့္ၾသစေၾတးလ်ႏိုင္ငံသည္ အျခားခ်မ္းသာေသာႏိုင္ငံမ်ားထက္ COVID-19 ေရာဂါ တိုက္ဖ်က္ရာတြင္ ပိုအားေကာင္းၿပီး လူဦးေရ ၂၅ သန္းတြင္ အတည္ျပဳလူနာ ၂၇၀၀၀ ႏွင့္ ေသဆံုးသူ ၈၉၈ ေယာက္႐ွိသည္။
Ref : Novel coronavirus survives 28 days on glass, currency, Australian researchers find
#PeopleMedia
(Unicode)
နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ဖန်သားနှင့် ငွေစက္ကူတို့ပေါ်တွင် ၂၈ ရက်အထိနေထိုင်နိုင်ဟု သြစတြေးလျ သုတေသီ များပြော
…………………………………………
မဲလ်ဘုန်း၊ အောက်တိုဘာ ၁၂
ကိုရိုနာဗိုင်းရပ်စ်သည် ငွေစက္ကူ၊ ဖန်သားနှင့် စတီးတို့အပေါ်တွင် ၂၈ ရက်အထိ အသက်ရှင်နိုင်ကြောင်း သြစတြေးလျသုတေသီများက တနင်္လာနေ့တွင်ပြောသည်။
အပူချိန် ၂၀ ဒီဂရီဆဲလ်ဆီးယက်စ်တွင် ပလတ်စတစ်စများနှင့် ဖုန်းမျက်နှာပြင်များပေါ်၌ SARS-COV-2 ကိုရိုနာဗိုင်းရပ်စ်သည် ၂၈ ရက်အထိ အသက်ရှင်နေနိုင်ကြောင်း သြစတြေးလျအမျိုးသားသိပ္ပံအေဂျင်စီ CSIRO မှ သုတေသီများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုပစ္စည်းများပေါ်တွင်ပင် အပူချိန်မြင့်တက်လာပါက ရှင်သန်နိုင်သည့်အချိန်လျှော့ကျလာကြောင်းလည်း သုတေသီများကပြောသည်။
ခန္ဓာကိုယ်တွင်းအရည်မှ ပရိုတင်းဓာတ်နှင့်အဆီဓာတ်တို့သည်လည်း ဗိုင်းရပ်စ်အသက်ရှင်နိုင်သည့်အချိန်ကို တိုးမြှင့်ပေးနိုင်ကြောင်း သိရသည်။
လေ့လာမှုပြုလုပ်ခဲ့သည့်သြစတြေးလျနိုင်ငံသည် အခြားချမ်းသာသောနိုင်ငံများထက် COVID-19 ရောဂါ တိုက်ဖျက်ရာတွင် ပိုအားကောင်းပြီး လူဦးရေ ၂၅ သန်းတွင် အတည်ပြုလူနာ ၂၇၀၀၀ နှင့် သေဆုံးသူ ၈၉၈ ယောက်ရှိသည်။
Ref : Novel coronavirus survives 28 days on glass, currency, Australian researchers find
#PeopleMedia