နွားထိုးကြီးမြို့၊ ဆူးဖြူကုန်းရွာရှိ လင်မယားနှစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ၊ အဆိုပါ လုပ်ကြံမှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ဒေသခံ PDF အဖွဲ့ထုတ်ပြန်

PUBLISHED - September 8, 2021
နေပြည်တော်၊ စက်တင်ဘာ ၈ (People Media)
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းရွာ၌ နေထိုင်သည့် တပ်မတော်ထောက်ခံသူ အောင် ဆန်းဦးနှင့် ဇနီးတို့သည် စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။
အဆိုပါ လုပ်ကြံမှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဒေသခံ PDF အဖွဲ့ဖြစ်သည့် 27 Revolution Forces မှ ထုတ်ပြန်ထားသည်။
အောင်ဆန်းဦးနှင့် ဇနီးတို့သည့် မြင်းခြံမြို့နယ် ထိန်ပန်းရွာဖောက်လမ်းအဝင် သစ်ရုံအနီး၌ သေနတ်ဖြင့် လုပ် ကြံခံရခြင်းဖြစ်သည်။
လက်ရှိအချိန်၌ တိုင်းဒေသကြီး/ပြည်နယ်များရှိ တပ်မတော်ထောက်ခံသူများသည် နေ့စဉ် လုပ်ကြံခံနေရ လျက်ရှိသည်။
#PeopleMedia #နွားထိုးကြီးမြို့နယ်
(unicode)
………………………………………………………………………………