ႏွစ္သစ္ကူးညတြင္ မုံရြာၿမိဳ႕ျပည္သူ့ေဆး႐ုံ၌ လူနာ ၆ ဦးေရာက္ရွိ

PUBLISHED - January 2, 2020
မုံရြာ၊ ဇန္နဝါရီ-၂
ဒီဇင္ဘာ ၃၁ ရက္ေန႔ ႏွစ္သစ္ကူးညတြင္ မုံရြာၿမိဳ႕ျပည္သူ့ေဆး႐ုံႀကီး၌ လူနာ ၆ ဦးေရာက္ရွိခဲ့ေၾကာင္း အဆိုပါေဆး႐ုံံမွ သိရသည္။
မုံရြာၿမိဳ႕ႏွစ္သစ္ကူးညတြင္ ယာဥ္မေတာ္တဆမႈ ၄ မႈႏွင့္ ခိုက္ရန္ျဖစ္ပြားမႈ ၂ မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
“ယာဥ္မေတာ္ဆမႈနဲ႔ ခိုက္ရန္ျဖစ္ပြားေၾကာင့္ မုံရြာၿမိဳ႕ျပည္သူ႔ေဆး႐ုံမွာ လူနာ ၆ ဦးေရာက္ရွိခဲ့ပါတယ္။ ေျခက်ိဳး၊ လက္က်ိဳး၊ ေခါင္းကြဲဒဏ္ရာရသူတစ္ဦးနဲ႔ ထိခိုက္ဒဏ္ရာရွိခဲ့ၾကတာပါ။ စိုးရိမ္ရဒဏ္ရာနဲ႔ ေသ ဆုံးသူမရွိခဲ့ပါဘူး”ဟု မုံရြာၿမိဳ႕ျပည္သူ့ေဆး႐ုံမွ တာဝန္ရွိသူကေျပာသည္။
မုံရြာၿမိဳ႕ျပည္သူ့ေဆး႐ုံတြင္ ေရာက္ရွိခဲ့သည့္ ၆ ဦးသည္ အရက္ေသစာေသာက္စားျခင္းေၾကာင့္ျဖစ္ၿပီး မုံရြာ၊ မႏၲေလးႏွင့္ ယင္းမာပင္ၿမိဳ႕နယ္ဘက္မွ လူငယ္မ်ားျဖစ္သည္။
ယမန္ႏွစ္ ႏွစ္သစ္ကူးညတြင္လည္း ရန္ျဖစ္မႈ၊ ယာဥ္တိုက္မႈမ်ားေၾကာင့္ မုံရြာေဆး႐ုံအေရးေပၚဌာနသို႔ လူနာ ၁၀ ဦးေရာက္ရွိခဲ့ေၾကာင္း သိရသည္။
၂၀၂၀ ခုႏွစ္သို႔ ကူးေျပာင္းခဲ့သည့္ႏွစ္သစ္ကူးညတြင္ မုံရြာၿမိဳ႕ရွိ အမ်ားသူငွာလုံၿခဳံေရးအတြက္ ရဲအင္ အား ၂၀၀ နီးခ်၍ တစ္ညလုံးေစာင့္ၾကည့္သြားခဲ့ၿပီး လုံၿခဳံေရးအတြက္ လွည့္ကင္း၊ ဝပ္ကင္း၊ ရပ္ကင္း၊ လႈပ္ရွားကင္း၊ ပိတ္ဆို႔ရွာေဖြေရးမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ဓာတ္ပုံ – ေက်ာ္မင္းထြန္း
#PeopleMedia #MyitphyarIrra #ThuriyaHtet #Crime
(Unicode)
နှစ်သစ်ကူးညတွင် မုံရွာမြို့ပြည်သူ့ဆေးရုံ၌ လူနာ ၆ ဦးရောက်ရှိ
………………………………………………………………..
မုံရွာ၊ ဇန်နဝါရီ-၂
ဒီဇင်ဘာ ၃၁ ရက်နေ့ နှစ်သစ်ကူးညတွင် မုံရွာမြို့ပြည်သူ့ဆေးရုံကြီး၌ လူနာ ၆ ဦးရောက်ရှိခဲ့ကြောင်း အဆိုပါဆေးရုံမှ သိရသည်။
မုံရွာမြို့နှစ်သစ်ကူးညတွင် ယာဉ်မတော်တဆမှု ၄ မှုနှင့် ခိုက်ရန်ဖြစ်ပွားမှု ၂ မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ယာဉ်မတော်ဆမှုနဲ့ ခိုက်ရန်ဖြစ်ပွားကြောင့် မုံရွာမြို့ပြည်သူ့ဆေးရုံမှာ လူနာ ၆ ဦးရောက်ရှိခဲ့ပါတယ်။ ခြေကျိုး၊ လက်ကျိုး၊ ခေါင်းကွဲဒဏ်ရာရသူတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရှိခဲ့ကြတာပါ။ စိုးရိမ်ရဒဏ်ရာနဲ့ သေ ဆုံးသူမရှိခဲ့ပါဘူး”ဟု မုံရွာမြို့ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူကပြောသည်။
မုံရွာမြို့ပြည်သူ့ဆေးရုံတွင် ရောက်ရှိခဲ့သည့် ၆ ဦးသည် အရက်သေစာသောက်စားခြင်းကြောင့်ဖြစ်ပြီး မုံရွာ၊ မန္တလေးနှင့် ယင်းမာပင်မြို့နယ်ဘက်မှ လူငယ်များဖြစ်သည်။
ယမန်နှစ် နှစ်သစ်ကူးညတွင်လည်း ရန်ဖြစ်မှု၊ ယာဉ်တိုက်မှုများကြောင့် မုံရွာဆေးရုံအရေးပေါ်ဌာနသို့ လူနာ ၁၀ ဦးရောက်ရှိခဲ့ကြောင်း သိရသည်။
၂၀၂၀ ခုနှစ်သို့ ကူးပြောင်းခဲ့သည့်နှစ်သစ်ကူးညတွင် မုံရွာမြို့ရှိ အများသူငှာလုံခြုံရေးအတွက် ရဲအင် အား ၂၀၀ နီးချ၍ တစ်ညလုံးစောင့်ကြည့်သွားခဲ့ပြီး လုံခြုံရေးအတွက် လှည့်ကင်း၊ ဝပ်ကင်း၊ ရပ်ကင်း၊ လှုပ်ရှားကင်း၊ ပိတ်ဆို့ရှာဖွေရေးများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ကျော်မင်းထွန်း
#PeopleMedia #MyitphyarIrra #ThuriyaHtet #Crime