
PUBLISHED - June 16, 2020
ဒေလီ၊ ဇွန် ၁၆
တစ်ဖက်သတ်အရေးယူမှုတွေမလုပ်ဖို့ ဒါမှမဟုတ် ပြဿနာပိုမဖြစ်စေဖို့ အိန္ဒိယကိုတိုက်တွန်းပြီး တရုတ်နိုင်ငံ ဘက်က တုံ့ပြန်လိုက်တယ်လို့ ရိုက်တာသတင်းအေဂျင်စီကဖော်ပြပါတယ်။
(unicode)
နှစ်နိုင်ငံပိုက်နက်အငြင်းပွားနေတဲ့နေရာမှာ တရုတ်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး အိန္ဒိယတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံး
………………………………………………
ဒေလီ၊ ဇွန် ၁၆
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ကတ်ရှ်မီးယားဒေသက လာဒါ့မှာ တရုတ်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး အိန္ဒိယ တပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးခဲ့ပါတယ်။
နှစ်ဖက်က အကြီးတန်းစစ်တပ်အရာရှိတွေက အခြေအနေပြေလျော့ဖို့ အစည်းအဝေးလုပ်နေတယ်လို့ အိန္ဒိယ စစ်တပ်ဘက်ကပြောပေမဲ့ အသေးစိတ်တွေကိုတော့ ထုတ်ပြောတာမျိုးမရှိသေးပါဘူး။
တစ်ဖက်သတ်အရေးယူမှုတွေမလုပ်ဖို့ ဒါမှမဟုတ် ပြဿနာပိုမဖြစ်စေဖို့ အိန္ဒိယကိုတိုက်တွန်းပြီး တရုတ်နိုင်ငံ ဘက်က တုံ့ပြန်လိုက်တယ်လို့ ရို်က်တာသတင်းအေဂျင်စီကဖော်ပြပါတယ်။
အခုသေဆုံးမှုတွေဟာ အင်အားကြီးနှစ်နိုင်ငံကြား ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ပထမဆုံးဖြစ်ပါတယ်။
အိန္ဒိယဘက်ကတော့ သတင်းထောက်တွေကို ဖြစ်ရပ်အကြောင်း အချက်အလက်တွေပိုပေးမယ်လို့ မျှော်လင့် ရပါတယ်။
Ref : India soldiers killed in clash with Chinese forces