ႏွာေခါင္းစည္းမတပ္ဘဲ အျပင္ထြက္ႏိုင္ၿပီဟု ေဘက်င္းအာ ဏာပိုင္မ်ား

PUBLISHED - August 22, 2020
ေၾကညာ ေဘက်င္း၊ ၾသဂုတ္ ၂၀
ၿပီးခဲ့သည့္ ၁၃ ရက္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူထပ္တိုးလာျခင္းမ႐ွိၿပီးေနာက္ပိုင္း ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ရန္ရည္႐ြယ္ထားသည့္စည္းကမ္းမ်ားကို ေဘက်င္းၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးအဖြဲ႔က ေျဖေလွ်ာ့လိုက္ၿပီး ႏွာေခါင္းစည္းတပ္ၿပီးမွအျပင္ထြက္ရန္ၫႊန္ၾကားခ်က္ကို ႐ုတ္သိမ္းလိုက္သည္။
လမ္းၫႊန္ခ်က္မ်ားေျဖေလွ်ာ့လိုက္ေသာ္လည္း ယေန႔တြင္ ေဘက်င္းၿမိဳ႕ခံအမ်ားအျပား ႏွာေခါင္းစည္းမ်ားျဖင့္ သြားလာေနၾကသည္။
ႏွာေခါင္းစည္းမ်ားတပ္ထားပါက လံုျခံဳသည္ဟုခံစားရေၾကာင္း အခ်ိဳ႕ကေျပာၿပီး လူမႈဖိအားမ်ားေၾကာင့္ႏွာေခါင္း စည္းတပ္ရျခင္းလည္း အေၾကာင္းရင္းတစ္ခုပါ၀င္ေၾကာင္း အခ်ိဳ႕ကေျပာသည္။
ယခုတစ္ႀကိမ္သည္ ေဘက်င္းက်န္းမာေရးအာဏာပိုင္မ်ားက ႏွာေခါင္းစည္းတပ္ဆင္ျခင္းလမ္းၫႊန္ခ်က္မ်ားကို ဒုတိယအႀကိမ္ေျဖေလွ်ာ့ျခင္းျဖစ္သည္။
ဧၿပီတြင္ ျပင္ပသို႔ႏွာေခါင္းစည္းမတပ္ဘဲသြားႏိုင္ေၾကာင္း ေဘက်င္းၿမိဳ႕ေတာ္ေရာဂါထိန္းခ်ဳပ္ေရးဌာနက ပထမဆံုးေၾကညာခဲ့ၿပီး ဇြန္တြင္ ၿမိဳ႕ေတာင္ဘက္႐ွိလက္ကားေစ်းႀကီးတစ္ေစ်းတြင္ ပ်ံ႕ႏွံ႔မႈအသစ္တစ္ဖန္ျဖစ္လာၿပီးေနာက္ ၫႊန္ၾကားခ်က္မ်ား ပံုမွန္အတိုင္းျပန္ထားခဲ့သည္။
ေဘက်င္း၊ ႐ွင္ဂ်န္းႏွင့္အျခားေနရာမ်ားတြင္ ေရာဂါကူးစက္မႈမ်ားကိုထိန္းခ်ဳပ္ႏိုင္ၿပီးေနာက္ တ႐ုတ္ျပည္မႀကီးတြင္ ျပ ည္တြင္းကူးစက္မႈမ႐ွိသည္မွာ ၅ ရက္႐ွိေနၿပီျဖစ္သည္။
COVID-19 ေရာဂါစတင္ျဖစ္ပြားသည့္တ႐ုတ္ႏိုင္ငံတြင္ ကူးစက္အတည္ျပဳလူနာ ၈၄၉၁၇ ေယာက္႐ွိေနသည္။
Ref : Beijing says residents can go mask-free as China COVID-19 cases hit new lows
(unicode)
နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်နိုင်ပြီဟု ဘေကျင်းအာ ဏာပိုင်များ
……………………………………………
ကြေညာ ဘေကျင်း၊ ဩဂုတ် ၂၀
ပြီးခဲ့သည့် ၁၃ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူထပ်တိုးလာခြင်းမရှိပြီးနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်ရည်ရွယ်ထားသည့်စည်းကမ်းများကို ဘေကျင်းမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ဖြေလျှော့လိုက်ပြီး နှာခေါင်းစည်းတပ်ပြီးမှအပြင်ထွက်ရန်ညွှန်ကြားချက်ကို ရုတ်သိမ်းလိုက်သည်။
လမ်းညွှန်ချက်များဖြေလျှော့လိုက်သော်လည်း ယနေ့တွင် ဘေကျင်းမြို့ခံအများအပြား နှာခေါင်းစည်းများဖြင့် သွားလာနေကြသည်။
နှာခေါင်းစည်းများတပ်ထားပါက လုံခြုံသည်ဟုခံစားရကြောင်း အချို့ကပြောပြီး လူမှုဖိအားများကြောင့်နှာခေါင်း စည်းတပ်ရခြင်းလည်း အကြောင်းရင်းတစ်ခုပါဝင်ကြောင်း အချို့ကပြောသည်။
ယခုတစ်ကြိမ်သည် ဘေကျင်းကျန်းမာရေးအာဏာပိုင်များက နှာခေါင်းစည်းတပ်ဆင်ခြင်းလမ်းညွှန်ချက်များကို ဒုတိယအကြိမ်ဖြေလျှော့ခြင်းဖြစ်သည်။
ဧပြီတွင် ပြင်ပသို့နှာခေါင်းစည်းမတပ်ဘဲသွားနိုင်ကြောင်း ဘေကျင်းမြို့တော်ရောဂါထိန်းချုပ်ရေးဌာနက ပထမဆုံးကြေညာခဲ့ပြီး ဇွန်တွင် မြို့တောင်ဘက်ရှိလက်ကားဈေးကြီးတစ်ဈေးတွင် ပျံ့နှံ့မှုအသစ်တစ်ဖန်ဖြစ်လာပြီးနောက် ညွှန်ကြားချက်များ ပုံမှန်အတိုင်းပြန်ထားခဲ့သည်။
ဘေကျင်း၊ ရှင်ဂျန်းနှင့်အခြားနေရာများတွင် ရောဂါကူးစက်မှုများကိုထိန်းချုပ်နိုင်ပြီးနောက် တရုတ်ပြည်မကြီးတွင် ပြ ည်တွင်းကူးစက်မှုမရှိသည်မှာ ၅ ရက်ရှိနေပြီဖြစ်သည်။
COVID-19 ရောဂါစတင်ဖြစ်ပွားသည့်တရုတ်နိုင်ငံတွင် ကူးစက်အတည်ပြုလူနာ ၈၄၉၁၇ ယောက်ရှိနေသည်။
Ref : Beijing says residents can go mask-free as China COVID-19 cases hit new lows