ႏွာေခါင္းစည္းမတပ္သည့္အမတ္မ်ား လႊတ္ေတာ္မွႏွင္ထုတ္ခံရမည္ဟု အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒သတိေပး

PUBLISHED - July 31, 2020
ဝါ႐ွင္တန္ဒီစီ၊ ဇူလိုင္ ၃၀
အေမရိကန္ျပည္ေထာင္စုတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆံုးသူ ၁၅၀၀၀၀ ေက်ာ္သြားသျဖင့္ လႊတ္ေတာ္အမတ္အားလံုးႏွင့္၀န္ထမ္းအားလံုး ႏွာေခါင္းစည္းတပ္ရန္ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ကၫႊန္ၾကားသည္။
စည္းကမ္းအသစ္ကိုမလိုက္နာသည့္မည္သူမဆို လႊတ္ေတာ္ခန္းမအတြင္းမွႏွင္ထုတ္ခံရမည္ဟု ဥကၠ႒နန္စီ ပီလိုစီကေျပာသည္။
လႊတ္ေတာ္အေဆာက္အအံုသို႔ ႏွာေခါင္းစည္းမတပ္ဘဲ မၾကာခဏျမင္ေတြ႕ရေလ့႐ွိသည့္ တကၠဆက္ျပည္နယ္မွရီပတ္ဘလစ္ကန္ပါတီအမတ္ လူဝီ ဂို႔မားတ္တြင္ COVID-19 ေရာဂါကူးစက္ခံေနရေၾကာင္း ဗုဒၶဟူးေန႔တြင္ေတြ႕႐ွိၿပီးေနာက္ ပီလိုစီက ဆံုးျဖတ္ျခင္းျဖစ္သည္။
ဂို႔မားတ္ကူးစက္ခံရေၾကာင္းေတြ႕႐ွိသည့္ေန႔တြင္ အေမရိကန္သမၼတေဒၚနယ္ ထရမ့္ႏွင့္အတူခရီးထြက္ရန္႐ွိသည္။
GovTrack.us ၀က္ဆိုက္မွအခ်က္အလက္မ်ားအရ ဒီမိုကရတ္အမတ္ ၃ ေယာက္ႏွင့္ ရီပတ္ဘလစ္ကန္အမတ္ ၇ ေယာက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္းေတြ႕႐ွိထားသည္။
Ref : Pelosi warns maskless lawmakers may be thrown out
(Unicode)
နှာခေါင်းစည်းမတပ်သည့်အမတ်များ လွှတ်တော်မှနှင်ထုတ်ခံရမည်ဟု အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌသတိပေး
…………………………………………….
ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၃၀
အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၁၅၀၀၀၀ ကျော်သွားသဖြင့် လွှတ်တော်အမတ်အားလုံးနှင့်ဝန်ထမ်းအားလုံး နှာခေါင်းစည်းတပ်ရန် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌကညွှန်ကြားသည်။
စည်းကမ်းအသစ်ကိုမလိုက်နာသည့်မည်သူမဆို လွှတ်တော်ခန်းမအတွင်းမှနှင်ထုတ်ခံရမည်ဟု ဥက္ကဋ္ဌနန်စီ ပီလိုစီကပြောသည်။
လွှတ်တော်အဆောက်အအုံသို့ နှာခေါင်းစည်းမတပ်ဘဲ မကြာခဏမြင်တွေ့ရလေ့ရှိသည့် တက္ကဆက်ပြည်နယ်မှရီပတ်ဘလစ်ကန်ပါတီအမတ် လူဝီ ဂို့မားတ်တွင် COVID-19 ရောဂါကူးစက်ခံနေရကြောင်း ဗုဒ္ဓဟူးနေ့တွင်တွေ့ရှိပြီးနောက် ပီလိုစီက ဆုံးဖြတ်ခြင်းဖြစ်သည်။
ဂို့မားတ်ကူးစက်ခံရကြောင်းတွေ့ရှိသည့်နေ့တွင် အမေရိကန်သမ္မတဒေါ်နယ် ထရမ့်နှင့်အတူခရီးထွက်ရန်ရှိသည်။
GovTrack.us ဝက်ဆိုက်မှအချက်အလက်များအရ ဒီမိုကရတ်အမတ် ၃ ယောက်နှင့် ရီပတ်ဘလစ်ကန်အမတ် ၇ ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းတွေ့ရှိထားသည်။
Ref : Pelosi warns maskless lawmakers may be thrown out