ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်က ဒေါ်လာ ၁၅၂ သန်း ထောက်ပံံ့မည်
PUBLISHED - March 30, 2022
နိုင်ငံတကာ၊ မတ် ၃၀
အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးလာတဲ့ တခြားဒုက္ခသည် တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၅၂ သန်း ထပ်မံထောက် ပံ့သွားမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပီတာဟက်စ်က မတ်လ ၂၉ ရက် နေ့က ကြေညာလိုက်ပါတယ်။
မြန်မာ့တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပါတယ်လု့ိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပြီးနောက် အမေရိကန် သံအမတ်ကြီး ပီတာဟက်စ် ကော့ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေကို မတ်လ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ သွားရောက်ကြည့်ရှုခဲ့ပြီးနောက်မှာ အခုကြေညာချက် ထွက်ပေါ်လာတာဖြစ်ကြောင်း အမေရိကန်သံရုံးက မတ်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
“၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက ကျွန်တော်တို့ထောက်ပံ့ခဲ့တဲ့ ဒေါ်လာ ၁.၇ ဘီလျံထဲကို အခုထောက်ပံ့မယ့် ရန်ပုံငွေတွေကို ထပ်မံပေါင်းထည့်သွားမှာဖြစ်ပါတယ်။ ဒီထောက်ပံ့မှုအသစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင် ဂျာလူမျိုးတွေနဲ့ပတ်သက်တဲ့စီမံကိန်းတွေနဲ့ ဘေးဒုက္ခခံစားနေရတဲ့ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေအတွက် ထောက်ပံ့ သွားမှာဖြစ်ပါတယ်။” လို့ သံအမတ်ကြီး ပီတာဟက်စ်က ပြောပါတယ်။
အမေရိကန်ကူညီထောက်ပံ့တဲ့စီမံကိန်းတွေကနေ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘယ်လိုဆက်လက်ကူညီထောက် ပံ့နေတယ်ဆိုတာနဲ့ ဘယ်လိုအကူအညီမျိုးတွေကိုပေးနေတယ်ဆိုတာ ဒုက္ခသည်စခန်းတွေကို သွားရောက်စစ် ဆေးကြည့်ရှုတဲ့ခရီးစဉ်အတွင်း သံအမတ်ကြီး ပီတာဟက်စ်က ဒေသခံအစိုးရအရာရှိတွေနဲ့ အပြန်အလှန်ဆွေး နွေးပြောဆိုပြီး လေ့လာကြည့်ရှုခဲ့ပါတယ်။
“ဒုက္ခသည်စခန်းတွေနဲ့ ကော့ဘဇားခရိုင်မှာရှိတဲ့ ဒုက္ခသည်တွေကြားထဲမှာ အလုပ်လုပ်နေကြတဲ့ လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အခုလို အားတက်သရော ပူးပေါင်းဆောင်ရွက်နေကြတာကို မြင်ရ တော့ ကျွန်တော့်အနေနဲ့ အလွန်အားတက်မိပါတယ်။” လို့ သံအမတ်ကြီး ပီတာဟက်စ်က ပြောပါတယ်။
မြန်မာ့တပ်မတော်ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့ပြီး လူသားတွေအပေါ်ကို ရာဇဝတ်မှုတွေကျူး လွန်ခဲ့တယ်လို့ ဆုံးဖြတ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မတ်လ ၂၁ ရက်နေ့မှာ ပြော ကြားခဲ့ပါတယ်။
Ref: US to provide $152m more assistance for Rohingya refugees: Haas
(unicode)
………………………………………
Ref: US to provide $152m more assistance for Rohingya refugees: Haas