႐ုပ္႐ွင္မင္းသား ဒြိန္း ဂၽြန္ဆင္ႏွင့္မိသားစု ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရ

PUBLISHED - September 3, 2020
ဝါ႐ွင္တန္၊ စက္တင္ဘာ ၃
သူႏွင့္မိသားစုဝင္အားလံုး COVID-19 ေရာဂါကူးစက္ခံထားရေၾကာင္း အေမရိကန္႐ုပ္႐ွင္မင္းသား ဒြိန္း သယ္ ေရာ့ခ္ ဂြၽန္ဆင္ကေျပာသည္။
က်န္းမာေရးကာကြယ္မႈမ်ားစည္းကမ္းထားေသာ္လည္း သူအပါအဝင္မိသားစုဝင္ ၄ ေယာက္စလံုးကူးစက္ခံ ထားရေၾကာင္း နပန္းသမားဘဝမွကမာၻ့ေၾကးအႀကီးဆံုး႐ုပ္႐ွင္မင္းသားျဖစ္လာသည့္ ဂြၽန္ဆင္ကေျပာသည္။
ကူးစက္ခံရျခင္းသည္ အ႐ိႈက္ကို အထိုးခံရသကဲ့သို႔ျဖစ္ေၾကာင္း သူကေျပာသည္။
အသက္ ၃၅ ႏွစ္႐ွိသည့္ ဇနီးျဖစ္သူ ေလာ္ရန္၊ အသက္ ၄ ႏွစ္ႏွင့္ ၂ ႏွစ္အသီးသီး႐ွိသည့္ ဂ်က္စမင္းႏွင့္ တီယာနာဆိုသည့္သမီးႏွစ္ ေယာက္ႏွင့္ သူပါကူးစက္ခံရေၾကာင္း အသက္ ၄၈ ႏွစ္႐ွိေနသည့္ ဂြၽန္ဆင္ကေျပာသည္။
မည္သို႔မည္ပံုကူးစက္ခံရျခင္းမသိေသာမိတ္ေဆြမ်ားႏွင့္မိသားစုဝင္မ်ားထံမွ သူတို႔ကူးစက္ျခင္းျဖစ္ေၾကာင္း လည္းေျပာသည္။
ဂြၽန္ဆင္သည္ တစ္ႏွစ္အတြင္း အေမရိကန္ေဒၚလာ ၈၇.၅ သန္းသ႐ုပ္ေဆာင္ေၾကးရခဲ့ၿပီး ေၾကးအမ်ားဆံုးရ သည့္႐ုပ္႐ွင္သ႐ုပ္ေဆာင္အျဖစ္ရပ္တည္ေနသည္။
Ref : Dwayne ‘the Rock’ Johnson: Actor and family had Covid-19
#PeopleMedia
(unicode)
ရုပ်ရှင်မင်းသား ဒွိန်း ဂျွန်ဆင်နှင့်မိသားစု ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ
……………………………………………
ဝါရှင်တန်၊ စက်တင်ဘာ ၃
သူနှင့်မိသားစုဝင်အားလုံး COVID-19 ရောဂါကူးစက်ခံထားရကြောင်း အမေရိကန်ရုပ်ရှင်မင်းသား ဒွိန်း သယ် ရော့ခ် ဂျွန်ဆင်ကပြောသည်။
ကျန်းမာရေးကာကွယ်မှုများစည်းကမ်းထားသော်လည်း သူအပါအဝင်မိသားစုဝင် ၄ ယောက်စလုံးကူးစက်ခံ ထားရကြောင်း နပန်းသမားဘဝမှကမ္ဘာ့ကြေးအကြီးဆုံးရုပ်ရှင်မင်းသားဖြစ်လာသည့် ဂျွန်ဆင်ကပြောသည်။
ကူးစက်ခံရခြင်းသည် အရှိုက်ကို အထိုးခံရသကဲ့သို့ဖြစ်ကြောင်း သူကပြောသည်။
အသက် ၃၅ နှစ်ရှိသည့် ဇနီးဖြစ်သူ လော်ရန်၊ အသက် ၄ နှစ်နှင့် ၂ နှစ်အသီးသီးရှိသည့် ဂျက်စမင်းနှင့် တီယာနာဆိုသည့်သမီးနှစ် ယောက်နှင့် သူပါကူးစက်ခံရကြောင်း အသက် ၄၈ နှစ်ရှိနေသည့် ဂျွန်ဆင်ကပြောသည်။
မည်သို့မည်ပုံကူးစက်ခံရခြင်းမသိသောမိတ်ဆွေများနှင့်မိသားစုဝင်များထံမှ သူတို့ကူးစက်ခြင်းဖြစ်ကြောင်း လည်းပြောသည်။
ဂျွန်ဆင်သည် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၈၇.၅ သန်းသရုပ်ဆောင်ကြေးရခဲ့ပြီး ကြေးအများဆုံးရ သည့်ရုပ်ရှင်သရုပ်ဆောင်အဖြစ်ရပ်တည်နေသည်။
Ref : Dwayne ‘the Rock’ Johnson: Actor and family had Covid-19
#PeopleMedia