ရုရှားစစ်သင်္ဘော ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ရောက်ရှိ၊နှစ်နိုင်ငံ ရေကြောင်းလုံခြုံမှုဆိုင်ရာ နည်းပညာနှင့် သတင်း အချက်အလက်များဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း MRTV ထုတ်ပြန်

PUBLISHED - October 30, 2021
ရန်ကုန်၊ အောက်တိုဘာ ၂၉ (People Media)
ရုရှား-မြန်မာ နှစ်နိုင်ငံ တပ်မတော်(ရေ) နှစ်ရပ်အကြား ရေကြောင်းလုံခြုံမှုဆိုင်ရာ နည်းပညာနှင့် သတင်း အချက်အလက်များဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် MRTV ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Vladimir Lvovich kasatonov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားစစ်ရေယာဉ် Gremyashiy ဖြင့် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
#PeopleMedia #ရုရှားမြန်မာ #တပ်မတော်ရေ
(unicode)
………………………………………………………………..