ရုရှားစစ်သင်္ဘော ၆ စီး ဗြိတိန်နိုင်ငံအနီးမှ ဖြတ်သန်းသွားရာ ယူကရိန်းကို အင်အားအပြည့်သုံးတိုက်ခိုက်လာနိုင် ကြောင်း ခန့်မှန်းပြောဆို

PUBLISHED - January 20, 2022
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀ (People Media)
ယူကရိန်းနယ်စပ်တစ်လျှောက် ရုရှားနိုင်ငံက စစ်အင်အားအလုံးအရင်းစုစည်းထားကြောင်း ယူကရိန်းအစိုးရက သတိပေးပြောကြားနေစဉ်အတွင်း ရုရှားစစ်သင်္ဘော ၆ စီး ဗြိတိန်နိုင်ငံအနီးမှ ဖြတ်သန်းသွားရာ မကြာမီအချိန် အတွင်း ယူကရိန်းနိုင်ငံကို အင်အားအပြည့်သုံးပြီး တိုက်ခိုက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့က မြောက်ပိုင်းရေယာဉ်အုပ်စုဖြစ်သော Olenegorsky Gornyak၊ Pyotr Morgunov နှင့် Georgii Pobedonosets စစ်သင်္ဘောသုံးစင်း ဒိန်းမတ်နိုင်ငံ Great Belt တံတားကို ဖြတ်သန်းသွားပြီး နောက် ရုရှားနိုင်ငံ၏ ဘော်လတစ်ရေယာဉ်အုပ်စုမှ Korolev၊ Minsk နှင့် Kaliningrad စစ်သင်္ဘောသုံးစီးသည် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဗြိတိန်နိုင်ငံကိုဖြတ်ကျော်၍ တောင်ဘက်သို့ ခုတ်မောင်းသွားခဲ့ကြသည်။
သင်္ဘောတစ်စီးလျှင် စစ်သည်တင်သံချပ်ကာကား ၂၅ စီးသယ်ဆောင်နိုင်သည့် အဆိုပါရုရှားစစ်သင်္ဘောများကို လွန်ခဲ့သည့် သုံးရက်က တပ်ဖြန့်ချထားခဲ့ခြင်းဖြစ်သော်လည်း ယင်းစစ်သင်္ဘောများမှာ ယူကရိန်းသို့ ဦးတည် ထွက်ခွာမည့် သင်္ဘောများ ဟုတ်မဟုတ် ရှင်းလင်းစွာမသိရပေ။
လွန်ခဲ့သည့်နှစ်အကုန်ပိုင်းကတည်းက ရုရှားအစိုးရက စစ်သည်အင်အား ၁၀၀,၀၀၀ ကျော်၊ တင့်ကားများ၊ ဒုံး ကျည်များကို ယူကရိန်းနယ်စပ်တွင် တပ်ဖြန့်ချထားသည့်အတွက် ယင်းဒေသမှာ စိုးရိမ်စရာကောင်းသော အ ခြေအနေအောက်တွင် ရောက်ရှိနေသည်။
ရုရှားနိုင်ငံသည် နယ်စပ်တစ်လျှောက် ရေတပ်နှင့် လေတပ်အပါအဝင် စစ်သည်အင်အား ၁၂၇,၀၀၀ ကျော်ကို စုစည်းထားသဖြင့် တပ်ဖွဲ့ဝင်အင်အားအလုံးအရင်းဖြင့် စစ်ဆင်ထိုးဖောက်လာနိုင်ကြောင်း ယူကရိန်းထောက် လှမ်းရေးသတင်းအချက်အလက်များပေါ်မူတည်၍ ဇန်နဝါရီလ ၁၈ ရက်နေ့က ယူကရိန်းအစိုးရက သတိပေး လိုက်သည်။
ရုရှားနိုင်ငံသည် ကြိုတင်သတိပေးကြေညာခြင်းမရှိဘဲ ယူကရိန်းနိုင်ငံကို လျှပ်တစ်ပြက်ဝင်ရောက်တိုက်ခိုက်နိုင် ကြောင်း ဇန်နဝါရီလ ၁၉ ရက်နေ့က ယူကရိန်းနိုင်ငံ ကီယက်ဗ်မြို့ရှိ အမေရိကန်သံရုံးတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးနှင့်တွေ့ဆုံစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကန်က သတိပေးပြော ကြားလိုက်သည်။
ရုရှားနိုင်ငံ၏ ရန်စကျူးကျော်မှုကို ရင်ဆိုင်ရာတွင် ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီပေးရန်အတွက် အမေရိ ကန်ဒေါ်လာ သန်း ၂၀၀ ထပ်မံထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ဘိုင်ဒန်အစိုးရက ပြောဆိုလိုက်ပြီး နောက် သမ္မတပူတင်အနေဖြင့် မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် သံတမန်ဆက်ဆံရေးနည်းလမ်းနှင့် တွေ့ဆုံ ဆွေးနွေးရေးနည်းလမ်းများကို ရွေးချယ်အသုံးပြုသင့်ကြောင်း ဘလင်ကန်က တိုက်တွန်းခဲ့သည်။
“ပိုမိုသင့်တော်တဲ့လမ်းကြောင်းတွေ၊ ပိုပြီးတော့ တာဝန်ယူမှုရှိတဲ့လမ်းကြောင်းတွေ တစ်နည်းအားဖြင့် ကျွန် တော်တို့ ပိုသဘောကျတဲ့လမ်းကြောင်းတွေ ရှင်းရှင်းလင်းလင်း ရှိနေပါတယ်။ ဒါပေမဲ့လည်း ရုရှားနိုင်ငံက နောက်ထပ် ပဋိပက္ခဖြစ်စေမယ့်၊ ထိပ်တိုက်တွေ့စေနိုင်တဲ့ ကျူးကျော်ရန်စတိုက်ခိုက်မှုမျိုးကို ထပ်မံလုပ်မယ် ဆိုရင်တော့ ရုရှားနိုင်ငံအနေနဲ့ နောက်ဆက်တွဲအကျိုးတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီလို သံတမန်လမ်း ကြောင်း တွေ၊ ငြိမ်းချမ်းတဲ့လမ်းကြေင်းတွေကို ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ကျွန်တော် ခိုင်ခိုင်မာ မာ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒါတွေဖြစ်လာဖို့က သမ္မတပူုတင်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်နေပါ တယ်။” ဟု ဘလင်ကန်က ပြောသည်။
Ref: Six Russian landing ships sail past Britain sparking speculation they are bound for impending ‘full-scale invasion’ of Ukraine as Kiev warns Putin has ‘nearly completed’ troop build-up
#PeopleMedia
(unicode)
ရုရှားစစ်သင်္ဘော ၆ စီး ဗြိတိန်နိုင်ငံအနီးမှ ဖြတ်သန်းသွားရာ ယူကရိန်းကို အင်အားအပြည့်သုံးတိုက်ခိုက်လာနိုင် ကြောင်း ခန့်မှန်းပြောဆို
……………………………………………………………………..