• Follow Us on
Latest News

Home ရုရှားတပ်တွေ ချီတက်မှု ရပ်တန့်နေလို့ ယူကရိန်းသမ္မတပြော

ရုရှားတပ်တွေ ချီတက်မှု ရပ်တန့်နေလို့ ယူကရိန်းသမ္မတပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၅ (People Media)

 

ရုရှားတပ်တွေဟာ သောကြာနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) မနက် ၄ နာရီမှာ ဒုံးကျည်တွေ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ အရပ်မျက်နှာအသီးသီးကို ချီတက်နေတဲ့ ရုရှားတပ်တွေကတော့ ရပ်တန့်နေတယ်လို့ ယူကရိန်းသမ္မတ ဗလာဒီ မာ ဇီလန်စကီးက ပြောပါတယ်။

 

ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံမှာ အထူးစစ်ဆင်ရေးဆောင်ရွက်မယ်လို့ ကြေညာပြီးနောက်ပိုင်း မှာ ဒုတိယနေ့မှာလည်း အမြောက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

 

ယူကရိန်းဘက်က ယူကရိန်းတပ်မတော်အရာရှိ ၁၀ ယောက်နဲ့ ပြည်သူတွေအပါအဝင် ယူကရိန်းလူမျိုး ၁၃၇ ယောက်ကျဆုံးခဲ့ပြီး ၃၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးကပြောပါတယ်။

 

တကယ်လို့ ရုရှားအစိုးရက နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ကျူးကျော်ဝင်ရောက်လာမယ်ဆိုရင်တော့ အမေရိ ကန်အစိုးရက ကြားဝင်ဆောင်ရွက်ရမှာဖြစ်ပြီး သမ္မတပူတင်အနေနဲ့ လက်ရှိထိုးစစ်ကို မရပ်ဘူးဆိုရင် သူ့အနေနဲ့ သတ္တိမွေးထားရလိမ့်မယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။

 

နေတိုးအဖွဲ့ရဲ့ အရှေ့ဘက်စစ်တောင်ပံက နိုင်ငံတွေဖြစ်တဲ့ အထူးသဖြင့် ဘော်လတစ်နိုင်ငံတွေဖြစ်တဲ့ လစ်သူ ယေးနီးယား၊ လတ်ဗီးယားနဲ့ အက်စ်တိုးနီးယားနိုင်ငံတွေဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်း တွေ ပထမအသုတ်ကို လက်ခံရရှိထားတဲ့ တိုင်းပြည်တွေဖြစ်ပါတယ်။

 

သောကြာနေ့အစောပိုင်းမှာ ချာနိုဘိုင်းနျူကလီးယားဓာတ်ပေါင်းဖိုကို မထိန်းချုပ်နိုင်တော့တဲ့အကြောင်း ယူက ရိန်းအစိုးရက ပြောပါတယ်။ ချာနိုဘိုင်းနျူကလီးယားဓာတ်ပေါင်းဖိုဟာ ၁၉၈၆ ခုနှစ်မှာ မတော်တဆပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ချာနိုဘိုင်းဓာတ်ပေါင်းဖိုက ဝန်ထမ်းတွေကို ဓားစာခံအဖြစ် ထိန်းချုပ်ထားတယ် လို့ဆိုပါတယ်။

 

ကမ္ဘာ့ခေါင်းဆောင်တွေက ရုရှားရဲ့ကျူးကျော်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး ရုရှားနိုင်ငံကို စီးပွားရေး အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပေမဲ့ တရုတ်နိုင်ငံကတော့ ရုရှားအစိုးရကို ဆက်လက်ထောက်ခံလျက်ရှိပါ တယ်။

 

Ref: Russia-Ukraine crisis Live: Explosions heard in Kyiv; Ukraine says Russian troops largely stopped from advancing

 

#PeopleMedia

 

(unicode)

ရုရှားတပျတှေ ခြီတကျမှု ရပျတန့ျနလေို့ ယူကရိနျးသမ်မတပွော

…………………………………………..

 


 


 


 


 


 


 


 


 

Ref: Russia-Ukraine crisis Live: Explosions heard in Kyiv; Ukraine says Russian troops largely stopped from advancing

 

#PeopleMedia


Share this post