႐ုရွားနိုင္ငံက ဗိုင္းရပ္စ္ကာကြယ္ေဆးထိုးႏွံမႈ စတင္ေတာ့မည္

PUBLISHED - October 21, 2020
နိုင္ငံတကာ၊ ေအာက္တိုဘာ ၂၁ (PeopleMedia)
ေဘးအႏၲရာယ္ကင္းမႈႏွင့္ပတ္သက္၍ ကၽြမ္းက်င္သူအခ်ိဳ႕၏ စိုးရိမ္မႈမ်ား ရွိေနလင့္ကစား ႐ုရွားနိုင္ငံက နို ဝင္ဘာလအတြင္း ျပည္တြင္းထုတ္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးတစ္မ်ိဳး စတင္ထိုးေပးမည္ဟု က်န္းမာ ေရးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
႐ုရွားနိုင္ငံ ဂါမာလီယာ ကူးစက္ေရာဂါႏွင့္ အဏုဇီဝေဗဒ သုေတသနဗဟိုဌာနက ယခုဗိုင္းရပ္စ္ကာကြယ္ ေဆး ထုတ္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သုေတသနဗဟိုဌာန အႀကီးအကဲ အလက္ဇႏၵားဂင့္စ္ဘတ္ဂ္က သတင္း ေထာက္မ်ားသို႔ ေျပာၾကားခဲ့သည္။
နိုဝင္ဘာလအတြင္း ဆရာဝန္မ်ား၊ ပညာေရးဝန္ထမ္းမ်ားကို ဗိုင္းရပ္စ္ကာကြယ္ေဆးသစ္ ထိုးေပးမည္ဟု အလက္ဇႏၵားက ေျပာသည္။
႐ုရွားအစိုးရက ၾသဂုတ္လအတြင္း စပြတ္ညစ္ခ္-ဗြီ ဟုေခၚဆိုသည့္ ဗိုင္းရပ္စ္ကာကြယ္ေဆးကို အတည္ျပဳ ခဲ့သည္။ စပြတ္ညစ္ခ္-ဗြီ ဆိုသည္မွာ ၁၉၅၇ ခုႏွစ္တြင္ ဆိုဗီယက္ျပည္ေထာင္စုေဟာင္းက လႊတ္တင္ခဲ့သည့္ ကမၻာ့ ပထမဆုံး ၿဂိဳဟ္တုအမည္ျဖစ္သည္။
အဆိုပါ ဗိုင္းရပ္စ္ကာကြယ္ေဆး၏ အၿပီးသတ္အဆင့္ လက္ေတြ႕စမ္းသပ္မႈမ်ားတြင္ လူေပါင္း ၄၀၀၀၀ ခန္႔ ပါဝင္လ်က္ရွိသည္။ သို႔ေသာ္လည္း ႐ုရွားေဆးဝါးကုမၸဏီတစ္ခုက ဗိုင္းရပ္စ္ကာကြယ္ေဆး ထုတ္လုပ္မႈ တိုးခ်ဲ႕ လုပ္ေဆာင္လ်က္ရွိသည္။
ကမၻာ့ပထမဆုံး ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို ႐ုရွားနိုင္ငံ၌ ထုတ္လုပ္နိုင္သည့္အတြက္ ဂုဏ္ယူမိ ေၾကာင္း ႐ုရွားဝန္ႀကီးခ်ဳပ္ မီးေခးလ္မီရႉစတင္က ေအာက္တိုဘာလ ၂၀ ရက္တြင္ ေျပာၾကားခဲ့သည္။
႐ုရွားနိုင္ငံက အျခားနိုင္ငံမ်ားသို႔ ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား ျမန္ျမန္ဆန္ဆန္ ေထာက္ပံ့သြားမည္ဟု ၄င္းက ဆိုသည္။
အၿပီးသတ္အဆင့္ လက္ေတြ႕စမ္းသပ္မႈမ်ား မၿပီးစီးေသးခင္ ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးေပးမႈႏွင့္ပတ္ သက္၍ စိုးရိမ္မိေၾကာင္း၊ ဗိုင္းရပ္စ္ကာကြယ္ေဆး စမ္းသပ္မႈလုပ္ငန္းစဥ္ကို အလ်င္လိုစရာမလိုေၾကာင္း ႐ုရွားနိုင္ငံရွိ ပညာရွင္အခ်ိဳ႕က ေျပာသည္။
ကိုးကား – အင္န္အိတ္ခ်္ေက
Ref; Russia to start offering COVID-19 vaccine
#PeopleMedia #International
(unicode)
ရုရှားနိုင်ငံက ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှု စတင်တော့မည်
…………………………………..
နိုင်ငံတကာ၊ အောက်တိုဘာ ၂၁ (PeopleMedia)
ဘေးအန္တရာယ်ကင်းမှုနှင့်ပတ်သက်၍ ကျွမ်းကျင်သူအချို့၏ စိုးရိမ်မှုများ ရှိနေလင့်ကစား ရုရှားနိုင်ငံက နို ဝင်ဘာလအတွင်း ပြည်တွင်းထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုး စတင်ထိုးပေးမည်ဟု ကျန်းမာ ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရုရှားနိုင်ငံ ဂါမာလီယာ ကူးစက်ရောဂါနှင့် အဏုဇီဝဗေဒ သုတေသနဗဟိုဌာနက ယခုဗိုင်းရပ်စ်ကာကွယ် ဆေး ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သုတေသနဗဟိုဌာန အကြီးအကဲ အလက်ဇန္ဒားဂင့်စ်ဘတ်ဂ်က သတင်း ထောက်များသို့ ပြောကြားခဲ့သည်။
နိုဝင်ဘာလအတွင်း ဆရာဝန်များ၊ ပညာရေးဝန်ထမ်းများကို ဗိုင်းရပ်စ်ကာကွယ်ဆေးသစ် ထိုးပေးမည်ဟု အလက်ဇန္ဒားက ပြောသည်။
ရုရှားအစိုးရက သြဂုတ်လအတွင်း စပွတ်ညစ်ခ်-ဗွီ ဟုခေါ်ဆိုသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးကို အတည်ပြု ခဲ့သည်။ စပွတ်ညစ်ခ်-ဗွီ ဆိုသည်မှာ ၁၉၅၇ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုဟောင်းက လွှတ်တင်ခဲ့သည့် ကမ္ဘာ့ ပထမဆုံး ဂြိုဟ်တုအမည်ဖြစ်သည်။
အဆိုပါ ဗိုင်းရပ်စ်ကာကွယ်ဆေး၏ အပြီးသတ်အဆင့် လက်တွေ့စမ်းသပ်မှုများတွင် လူပေါင်း ၄၀၀၀၀ ခန့် ပါဝင်လျက်ရှိသည်။ သို့သော်လည်း ရုရှားဆေးဝါးကုမ္ပဏီတစ်ခုက ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်မှု တိုးချဲ့ လုပ်ဆောင်လျက်ရှိသည်။
ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ရုရှားနိုင်ငံ၌ ထုတ်လုပ်နိုင်သည့်အတွက် ဂုဏ်ယူမိ ကြောင်း ရုရှားဝန်ကြီးချုပ် မီးခေးလ်မီရှူစတင်က အောက်တိုဘာလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံက အခြားနိုင်ငံများသို့ ဗိုင်းရပ်စ်ကာကွယ်ဆေးများ မြန်မြန်ဆန်ဆန် ထောက်ပံ့သွားမည်ဟု ၄င်းက ဆိုသည်။
အပြီးသတ်အဆင့် လက်တွေ့စမ်းသပ်မှုများ မပြီးစီးသေးခင် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးမှုနှင့်ပတ် သက်၍ စိုးရိမ်မိကြောင်း၊ ဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မှုလုပ်ငန်းစဉ်ကို အလျင်လိုစရာမလိုကြောင်း ရုရှားနိုင်ငံရှိ ပညာရှင်အချို့က ပြောသည်။
ကိုးကား – အင်န်အိတ်ချ်ကေ
Ref; Russia to start offering COVID-19 vaccine
#PeopleMedia #International