ရုရှားနိုင်ငံသား ရဟန်းတော်မှ ဆရာသီတဂူဆရာတော်ကြီးထံ လာရောက်ဖူးမျှော်

PUBLISHED - September 6, 2021
နေပြည်တော်၊ စက်တင်ဘာ ၆ (People Media)
သီတဂူဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရုထံ ရုရှားနိုင်ငံသားဖြစ်သူ ဆရာတော်မှ လာရောက်ဖူးမျှော်ခဲ့ တယ်လို့ သီတဂူသတင်းပြန်ကြားရေးမှ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဆရာတော်သည် သီတဂူဆရာတော်ဘုရားကြီးရှိရာ မော်စကို ထေရဝါဒဗုဒ္ဓစင်တာသို့ လာရောက်၍ ဂါရဝ ပြုခဲ့သလို လှူဒါန်းမှုများလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံသားတစ်ယောက်ဖြစ်သူ Кондратьев Алексей Владимирович သည် လွန်ခဲ့သော ငါးနှစ်က ထိုင်းနိုင်ငံတွင် ရဟန်းဘဝကို ခံယူခဲ့တာဖြစ်ပြီး၊ ရုရှားနိုင်ငံ၌ သာသနာပြုနေထိုင်လျက်ရှိပါတယ်။
ဆရာတော်၏ ဘွဲ့အမည်မှာ Брахмачако(Brahmachako) ဖြစ်ပြီး၊ ယခုအခါ သက်တော် ၄၄ နှစ်ရှိပြီး ဝါတော် ၅ ဝါ ရှိနေပြီဖြစ်ပါတယ်။
#PeopleMedia #ဘာသာရေး
(unicode)
…………………………………………………………………