• Follow Us on

Home ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် EXPOTECXNOSTRAZH-2022 သို့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် EXPOTECXNOSTRAZH-2022 သို့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

Share this post

နေပြည်တော်၊ မတ် ၂၂

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် ရဲအရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အထူးဖိတ်ကြားချက်အရ မတ် ၁၆ ရက်မှ ၁၈ ရက်အထိ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် လူ့အသိုက် အဝန်းနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့်မြင့်နည်းပညာပြပွဲ (EXPOTECXNOSTRAZH-2022) သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မြန်မာနိုင်ငံ ဆိုင်ရာ စစ်သံမှူး လိုက်ပါ၍ မတ် ၁၆ ရက်တွင် စိန့်ပီတာစဘတ်မြို့  EXPO-FORUM ဝင်းသို့ ရောက်ရှိခဲ့ရာ ROSOBORONEXPORT မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

 

နံနက်ပိုင်းတွင် အဆိုပါပြပွဲအစည်းအဝေးခန်းမ၌ ROSOBORONEXPORT ၏ အထူးကော်မရှင်တာဝန်ခံ မစ္စတာ ယိမ်းဂဲနီယာဆူဘော့ဗ်နှင့် အရာရှိကြီးများတွေ့ဆုံ၍ လူတစ်ဦးချင်း တစ်ယောက်ချင်းစီနှင့် လူ့အသိုက်အဝန်း၊ နိုင်ငံတော်အဆင့်အထိ လုံခြုံရေးဆိုင်ရာများကို နိုင်ငံတကာပြဌာန်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက် နိုင်သည့် နည်းပညာ အသုံးပြုမှုပုံစံများ၊ တီထွင်ထုတ်လုပ်ထားသည့်ပစ္စည်းများ၊ အကြမ်းဖက်မှု၊ မူးယစ်ဆေး ဝါးနှင့် အုပ်စုဖွဲ့မှုခင်းများတိုက်ဖျက်ရေး၊ ကြိုတင်သတင်းရယူရေးဆိုင်ရာ နည်းပညာ အသုံးပြုမှုများအပြင် မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

မတ် ၁၇ ရက်တွင် စိန့်ပီတာစဘတ်မြို့၊ EXPO-FORUM ဝင်း အဆောက်အဦးတွင် နိုင်ငံတကာအဆင့်မြင့် နည်းပညာပြပွဲ (EXPOTECXNOSTRAZH-2022) ဖွင့်ပွဲအခမ်းအနား ကျင်းပရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး အယ်လ်ကီး စတက်ပင်နိုဗစ်ချ် ဘဇူဘီကော့နှင့် တာဝန်ရှိသူတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

 

မတ် ၁၈ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ် မြို့တွင် ကျင်းပသည့် လူ့အသိုက်အဝန်းနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့် မြင့်နည်းပညာပြပွဲ (EXPOTECXNOSTRAZH-2022) သည် နိုင်ငံအသီးသီးတွင် ရင်ဆိုင်ဖြေရှင်းနေရသော အကြမ်းဖက်မှုတိုက် ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းများ တားဆီးနှိမ်နင်းရေးတို့အပါအဝင် လူမှုအသိုက်အဝန်းများ၏ ပဋိပက္ခများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့် နိုင်ငံအဆင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့နှင့်ပတ်သက်၍  ကြိုတင်ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂကွန်ဗင်းရှင်း များနှင့်အညီ ဖြေရှင်းနိုင်ရေးအတွက် ခေတ်နှင့်အညီ တီထွင်ထုတ်လုပ်ထားသည့် နည်းပညာပစ္စည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြသသည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………..

 


 


 


 


 


 


 

#PeopleMedia


Share this post