ရုရှားနိုင်ငံ တာတာစတန်ဒေသ၌ လေယာဉ်ပျက်ကျမှုတွင် ၁၆ ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိ

PUBLISHED - October 12, 2021
နိုင်ငံတကာ၊ အောက်တိုဘာ ၁၂ (People Media)
ရုရှားနိုင်ငံ၊ တာတာစတန်ဒေသတွင် အောက်တိုဘာ နံနက် ၉ နာရီ ၂၃ မိနစ်က လေယာဉ်တစ်စင်း ပျက်ကျခဲ့ ရာ လူ ၁၆ ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မန်ဇီလင့်ဇ်မြို့အနီး ပျက်ကျခဲ့သည့် အဆိုပါလေယာဉ်တွင် လေထီးခုန်သူ ၂၀ ဦးနှင့် အမှုထမ်းနှစ်ဦး တင် ဆောင်ခဲ့သည်။
ဒဏ်ရာရရှိသူခြောက်ဦးက အရေးပေါ်အခြေအနေဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
“လေယာဉ်ပျက်ကျမှုမှာ လူခြောက်ဦးကို ကယ်ဆယ်ခဲ့ပြီး ၁၆ ဦးကတော့ သေဆုံးသွားခဲ့ပါတယ်” ဟု ရုရှား အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
လေယာဉ်မှူးက အင်ဂျင်စက်ချို့ယွင်းမှုကြောင့် လေဆိပ်မှ ပျံတက်ပြီးပြီးချင်း အရေးပေါ်ဆင်းသက်ရန် တောင်း ဆိုခဲ့ကြောင်း အခင်းဖြစ်ရာနေရာသို့ သွားရောက်ခဲ့သည့် တာတာစတန် ပြည်နယ်အုပ်ချုပ်ရေးမှူး ရူစတမ် မင်နီ ခါနော့ဗ်က ပြောကြားသည်။
လေယာဉ်က မြေပြင်သို့ဆင်းသက်စဉ် အနီးအနားရှိ လူနေအိမ်ယာတစ်ခုကို ရှောင်ရှားရန်ကြိုးပမ်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လေယာဉ်က ရပ်ထားသောဗင်ကားတစ်စီးကို တောင်ပံနှင့် တိုက်မိကာ မှောက်သွားခဲ့သည်။ လေယာဉ်ပျက်ကျ မှုနှင့်ပတ်သက်၍ ရုရှားစုံစမ်းစစ်ဆေးရေးမှူးများက စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ခဲ့သည်။
အဆိုပါလေယာဉ်က Let L-410 Turbolet အမျိုးအစား အင်ဂျင်နှစ်လုံးတပ် တာတိုသယ်ယူပို့ဆောင်ရေး လေ ယာဉ်ဖြစ်ပြီး မန်ဇီလင့်ဇ်မြို့ရှိ လေကြောင်းကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့်လအတွင်း ရုရှားအရှေ့ဖျားဒေသ၌ အန်တိုနော့ဗ်အန်း-၂၆ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူခြောက်ဦး သေဆုံးခဲ့သည်။
ဇူလိုင်လအတွင်း အင်ဂျင်နှစ်လုံးတပ် အဆိုပါလေယာဉ် ကမ်ချတ်ကာဒေသ၌ ပျက်ကျခဲ့ရာ လူ ၂၈ ဦး သေ ဆုံးခဲ့သည်။
ရာသီဥတု အလွန်အမင်းဆိုးရွားသည့် အာတိတ်ဒေသနှင့် အရှေ့ဖျားဒေသကဲ့သို့သော ရုရှားနိုင်ငံ၏ ထီး တည်းဖြစ်နေသောဒေသများ၌ လေယာဉ်များမောင်းနှင်ခြင်းက အလွန်အန္တရာယ်များလှသည်။
ကိုးကား – အယ်လ်ဂျာဇီးယား
Ref; 16 killed after plane crash in Russia’s Tatarstan region
#PeopleMedia #EPN
(unicode)
…………………………………………………………………….
Ref; 16 killed after plane crash in Russia’s Tatarstan region
#PeopleMedia #EPN