ရုရှားရဲ့ တည်ရှိမှုကို ခြိမ်းခြောက်လာပါက နျူကလီးယားလက်နက်ကို အသုံးပြုမယ်လို့ ရုရှားပြော

PUBLISHED - March 23, 2022
နိုင်ငံတကာ၊ မတ် ၂၃
ရုရှားရဲ့ တည်ရှိမှုကို ခြိမ်းခြောက်လာပါက နျူကလီးယားလက်နက်ကို အသုံးပြုနိုင်တယ်လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပတ်စ်ကော့က အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
“ကျွန်တော်တို့မှာ ပြည်တွင်းလုံခြုံရေး အယူအဆကို တရားဝင်ကြေညာထားပြီးဖြစ်ပါတယ်၊ နျူးကလီးယား လက်နက်အသုံးပြုရတဲ့အကြောင်းရင်းအားလုံးကိုလဲ တရားဝင်ကြည့်ရှုနိုင်ပါတယ်” လို့ ပတ်စ်ကော့က cnn သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ယမန်နေ့က ပြောဆိုခဲ့ပါတယ်။
“ဒါကြောင့် ကျွန်တော်တို့ နိုင်ငံအတွက် ဖြစ်တည်မှု ခြိမ်းခြောက်မှုဖြစ်လာရင် ကျွန်တော်တို့ အယူအဆနဲ့ အညီ အသုံးချလို့ ရပါတယ်။” လို့ ပတ်စ်ကော့က ထပ်လောင်းပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့လအတွင်းက ရုရှားရဲ့ နျူကလီးယားတပ်ဖွဲ့များအား ပြင်းထန်စွာသတိထားဖို့ သမ္မတ ပူတင်က အမိန့် ပေးခဲ့ပြီးနောက် နျူကလီးယားဒုံးကျည်တပ်ဖွဲ့များနဲ့ မြောက်ပိုင်း ပစိဖိတ်စစ်ရေယာဉ်များကို တိုက်ခိုက်ရေး တာဝန်များတိုးမြှင့်ချထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပြောကြား ခဲ့ပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “တစ်ချိန်က မတွေးဝံ့စရာ နျူကလီးယား ပဋိပက္ခဖြစ်မယ့် အလားအလာဟာ အခုဖြစ်နိုင်ချေရှိတဲ့ နယ်ပယ်ထဲကို ပြန်ရောက်သွားပါပြီ” လို့ မတ် ၁၄ ရက် မှာ ပြောကြားခဲ့ပါတယ်။
ရုရှားသမ္မတ ပူတင်အနေနဲ့ ယူကရိန်းမှာ ဓာတုနဲ့ ဇီဝလက်နက်တွေ အသုံးပြုဖို့ စဉ်းစားနေတယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးပြီးနောက် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ခြေရာခံရန်၊ ကြားဖြတ်ရန် ခက်ခဲတဲ့ အမြန်နှုန်း၊ တိမ်းရှောင်နိုင်မှုနဲ့ အသံထက်မြန်သော ဒုံးကျည် ပိုင်ဆိုင်မှုဟာ ရုရှားကို ယှဉ်နိုင်တဲ့သူမရှိဘူးလို့ ရုရှားသမ္မတ ပူတင်က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပြောဆိုခဲ့ပါတယ်။
Source – Aljazeera
#PeopleMedia
(unicode)
……………………………………..
Source – Aljazeera
#PeopleMedia