ရုရှားအစိုးရက တင်းမာမှုများလျှော့ချရန်ကြိုးစားလျှင် နေတိုးအဖွဲ့အနေဖြင့် ရုရှားနှင့် ဆွေးနွေးရန် အသင့်ရှိ ကြောင်းပြော

PUBLISHED - December 17, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၇ (People Media)
မြောက်အတ္တလန်တိတ်ကောင်စီအနေဖြင့် ဥရောပလုံခြုံရေးနှင့်ပတ်သက်သည့် ရုရှားနိုင်ငံ၏ အဆိုပြုချက်ကို လက်ခံရရှိကြောင်း၊ ရုရှားအစိုးရက တင်းမာမှုများလျှော့ချရေးဆောင်ရွက်လာမည်ဆိုပါက ယုံကြည်မှုတည် ဆောက်ရေးဆွေးနွေးရန် နေတိုးအဖွဲ့က အသင့်ရှိနေကြောင်း နေတိုးကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။
“မကြာသေးခင်က ရုရှားကအဆိုပြုလာတဲ့ ဥရောပလုံခြုံရးအကြောင်းကို ကျွန်တော်တို့ သေဘာပေါက်ပါတယ်။ ရုရှားနိုင်ငံနဲ့ ဆွေးနွေးဖို့ဆိုတာ အပြန်အလှန်အပေးအယူသဘောမှာ အခြေခံပြီး ဆက်လုပ်လုပ်ဆောင်သွားရမှာ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ တင်းမာမှုတွေလျှော့ချဖို့အတွက် ရုရှားဘက် က ခိုင်မာတဲ့ခြေလှမ်းတွေနဲ့ ဆောင်ရွက်လာပြီဆိုရင် ကျွန်တော်တို့ဘက်ကလည်း ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးသွားဖို့ အဆင်သင့်ရှိနေပါတယ်” ဟု ကြေညာချက်တွင်ဖော်ပြသည်။
အနာဂတ်ကာလတွင် နေတိုး-ရုရှားကောင်စီအစည်းအဝေးကျင်းပရန်အတွက် ရုရှားနိုင်ငံကို ဖိတ်ခေါ်ရေး ကာလ ကြာရှည် ခိုင်မာစွာရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ထပ်မံဖော်ပြထားသည်။
မဟာမိတ်နိုင်ငံများက ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်စ်ဆဲလ်စ်မြို့မှ ကျန်ရှိနေသော ရုရှားသံတမန်များကို မောင်း ထုတ်လိုက်ချိန်တွင် အဆိုပါကြေညာချက်ကို အောက်တိုဘာလတွင် နေတိုးဘက်က တရားမဝင် ဖျက်သိမ်းခဲ့ သည်။ ယင်းအဖြစ်အပျက်က ရုရှားနိုင်ငံကို သံရုံးများပိတ်ပစ်ရန် ဖိအားပေးခဲ့သလို မော်စကိုတွင်ထားရှိမည့် နေတိုးအဖွဲ့ရုံးခန်းကိုလည်း ဆိုင်းငံ့ထားခဲ့သည်။
နေတိုးမဟာမိတ်နိုင်ငံများက ယူကရိန်းနိုင်ငံအခြေအနေများကို စိုးရိမ်ပူပန်မိကြောင်း၊ ရုရှားတပ်ဖွဲ့ဝင်များ အင် အားအလုံးအရင်း ယူကရိန်းနယ်စပ်တွင် စုဖွဲ့နေကြောင်း ထပ်မံပြောဆိုခဲ့သည်။
“လတ်တလောကာလအတွင်း ယူကရိန်းနယ်စပ်မှာ ရုရှားတပ်ဖွဲ့တွေ အလုံးအရင်း စုစည်းနေတာကို ကျွန်တော် တို့ အလွန်အမင်းစိုးရိမ်မိပါတယ်။ ယူကရိန်းနိုင်ငံကို သူတို့ပိုင်ဆိုင်ကြောင်းနဲ့ နေတိုးအဖွဲ့က ရန်စနေကြောင်း ရုရှားတွေရဲ့ ပြောဆိုချက်တွေကိုလည်း ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ တင်းမာမှုတွေ ချက်ချင်းလျှော့ချဖို့နဲ့ သံတမန်ဆက်ဆံရေးလမ်းကြောင်းကသာ ဖြေရှင်းဖို့ ရုရှားနိုင်ငံကို ကျွန်တော်တို့တောင်းဆိုပါတယ်။ နောက်ပြီး စစ်ရေးလှုပ်ရှားမှုတွေမှာ ပွင့်လင်းမြင်သာစွာရှိရမယ်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာကတိကဝတ်တွေကို လိုက်နာ စောင့်ထိန်းဖို့ကိုလည်း ရုရှားနိုင်ငံကို တိုက်တွန်းပါတယ်” ဟု ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။
“ယူကရိန်းနိုင်ငံကို ကျူးကျော်ရန်စပြီး ဝင်ရောက်တိုက်ခိုက်လာမယ်ဆိုရင် နောက်ဆက်တွဲအကျိုးရလဒ် ကြီးကြီး မားမားကြုံတွေ့ရပြီး တန်ဖိုးကြီးကြီးပေးဆပ်ရပါလိမ့်မယ်။ နေတိုးအဖွဲ့ကတော့ သက်ဆိုင်ရာပါဝင်ပတ်သက်တဲ့ နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်ပြီးတော့ ရင်းရင်းနှီးနှီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြသည်။
ရုရှားနိုင်ငံအတွက် အားကိုးအားထားပြုလောက်ပြီး ရေရှည်ခိုင်မြဲသော လုံခြုံရေးအာမခံချက်ပေးရန်ကိစ္စနှင့်ပတ် သက်၍ နေတိုးအဖွဲ့အနေဖြင့် အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ရုရှားနိုင်ငံက နေတိုးအဖွဲ့ ကို အစောပိုင်းကာလက တောင်းဆိုခဲ့သည်။
“ရုရှားနယ်မြေအနီးမှာ ရုရှားနိုင်ငံကို ခြိမ်းခြောက်နေတဲ့လက်နက်စနစ်တွေကို တိုးချဲ့တာမျိုး ဒါမှမဟုတ် တပ်ဖြန့် ချထားတာမျိုး နေတိုးအဖွဲ့က ထပ်မံမလုပ်ဆောင်ဖို့ ခိုင်မာတဲ့သဘောတူညီချက်တွေရရှိဖို့အတွက် အမေရိကန် နိုင်ငံ၊ မဟာမိတ်နိုင်ငံတွေနဲ့ ဆွေနွေးညှိနှိုင်းဖို့ ရုရှားအစိုးရက ထပ်ဖန်တလဲလဲတောင်းဆိုနေတာကြာပါပြီ” ဟု ပူတင်ကပြောသည်။
အနောက်နိုင်ငံခေါင်းဆောင်များသည် ၎င်းတို့၏ ယခင်က နှုတ်ကတိများကို ချိုးဖောက်ခဲ့ကြသဖြင့် ရုရှားနိုင်ငံ အနေဖြင့် တရားဝင်အာမခံချက်များရယူလိုကြောင်း ပူတင်က အလေးထားပြောကြားလိုက်သည်။
ပူတင်နှင့် ဂျိုးဘိုင်ဒန်တို့သည် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဗီဒီယိုကောဖြင့် နှစ်နာရီကြာ ဆွေးနွေးခဲ့ကြသည်။ သမ္မတနှစ်ဦးသည် အကဲဆတ်သည့်ပြဿနာများနှင့်ပတ်သက်၍ စတင်ဆွေးနွေးရေးအတွက် ပြင်ဆင်မှုများပြု လုပ်ရန် ၎င်းတို့အဖွဲ့များကို တာဝန်ပေးရေး သဘောတူညီခဲ့ကြသည်။
Ref: NATO ready for dialogue with Russia if Moscow takes de-escalation measures
#PeopleMedia
(unicode)
………………………………………………………………..
Ref: NATO ready for dialogue with Russia if Moscow takes de-escalation measures
#PeopleMedia