ရုရှားအစိုးရ စီးပွားရေးပိတ်ဆို့မှုဒဏ် ရှောင်ရှားနိုင်ဖို့ ကူညီမယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်ပြော

PUBLISHED - March 14, 2022
နိုင်ငံတကာ၊ မတ် ၁၄
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး စီးပွားရေးအရေးယူပိတ်ဆို့မှုတွေကို ရုရှားအစိုးရ ရှောင်ရှားနိုင်အောင်ကူညီမယ်ဆို ရင် တရုတ်နိုင်ငံအနေနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ အမေရိကန်အမျိုးသားလုံ ခြုံရေးအကြံပေးအရာရှိ ဂျိတ်ဆူလီဗန်ကက တရုတ်အစိုးရကို သတိပေးလိုက်ပါတယ်။
ဂျိတ်ဆူလီဗန်ဟာ တရုတ်ထိပ်တန်းသံတမန် ယောင်ကျယ်ချေးလ်နဲ့ ရောမမြို့မှာ တနင်္လာနေ့မှာ သွားရောက် တွေ့ဆုံမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားနိုင်ငံက တရုတ်နိုင်ငံ ကို စစ်ရေးအရ အကူအညီတောင်းခံခဲ့ပါတယ်။
အဲဒီလို အကူအညီတောင်းခံခဲ့မှုကြောင့် ယူကရိန်းနိုင်ငံ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်နိုင်ရေးအတွက် အ နောက်နိုငငံတွေရဲ့ ကူညီမှုကို မှေးမှိန်သေးသိမ်သွားမှာကို အမေရိကန်အစိုးရက စိုးရိမ်ပူပန်နေတယ်လို့ အမေ ရိကန်အရာရှိတွေက ပြောပါတယ်။
တရုတ်သံတမန် ယောင်ကျယ်ချေးလ်နဲ့ သွားရောက်တွေ့ဆုံမယ့် ဂျိတ်ဆူလီဗန်ရဲ့အစီစဉ်ထဲမှာ အမေရိကန် အ စိုးရရဲ့ စိုးရိမ်ပူပန်မှုတွေကို ရှင်းရှင်းလင်းလင်းအသိပေးဖို့ဖြစ်တယ်လို့ဆိုပါတယ်။
တကယ်လို့ တရုတ်နိုင်ငံက ရုရှားအစိုးရကို ဒီထက်ပိုပြီး ကူညီလာမယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ နောက်ဆက် တွဲဆိုးကျိုးတွေကို ရင်ဆိုင်ရမှာဖြစ်သလို ကမ္ဘာကဝိုင်းဝန်းပစ်ပယ်ထားတာကိုလည်း ရင်ဆိုင်ရမှာဖြစ်ကြောင်း၊ အဲဒီလိုဖြစ်လာအောင်လုပ်ဖို့ကိုလည်း အမေရိကန်အစိုးရက စီစဉ်ထားကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
Financial Times မှာ ပထမဦးဆုံးပါလာတဲ့ ရုရှားနိုင်ငံက တရုတ်ကို စစ်ရေးအကူအညီတောင်းတဲ့သတင်းနဲ့ပတ် သက်ပြီး ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးက ပြောခွင့်ရပုဂ္ဂိုလ် လုံဖုန်းရွီကို မေးမြန်းရာမှာ လုံဖုန်းရွီက သူ့အနေနဲ့ ဒီ သတင်းမျိုးတစ်ခါမှမကြားဖူးကြောင်းပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ အနေရခက်ကြောင်း လုံဖုန်းရွီက ပြော ပြီး “အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်နိုင်မယ့် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို ကျွန်တော်တို့ ထောက်ခံအားပေး တိုက်တွန်းပါတယ်။” လို့ ပြောပါတယ်။
“ငြိမ်းချမ်းတဲ့ရလဒ်ထွက်ပေါ်လာဖို့ ခက်ခဲနေတဲ့အခြေအနေတွေရှိနေပေမဲ့လည်း စေ့စပ်ညှိနှိုင်းဖို့ဆောင်ရွက်နေ တာနဲ့ ပတ်သက်ပြီး ရုရှားနဲ့ ယူကရိန်းကို ထောက်ပံ့နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်သင့်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: China faces consequences if it helps Russia evade sanctions, says US
(unicode)
………………………………………..
Ref: China faces consequences if it helps Russia evade sanctions, says US