ရုရှားဦးဆောင်သောတပ်ဖွဲ့ဝင်များ ကာဇက်စတန်မှ စတင်ဆုတ်ခွာ

PUBLISHED - January 14, 2022
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၄ (People Media)
လောင်စာဆီဈေးနှုန်းတက်ခြင်းကို အကြောင်းပြု၍ ဆန္ဒပြမှုများမှတစ်ဆင့် ဖြစ်ပေါ်လာသော ဆူပူအုံကြွမှုများကို ကိုင်တွယ်ထိန်းချုပ်ရန် ရုရှားဦးဆောင်သည့်တပ်ဖွဲ့ဝင်များကို ကာဇက်စတန်နိုင်ငံသို့ စေလွှတ်ခဲ့ရာ ယခုအခါ တပ်ဖွဲ့ဝင်အင်အား ၂၀၀၀ ကျော် ကာဇက်စတန်နိုင်ငံမှ စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း ရုရှားအစိုးရက ဇန်နဝါရီ လ ၁၃ ရက်နေ့က ပြောကြားလိုက်သည်။
ကာဇက်စတန်နိုင်ငံသို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များစေလွှတ်ရန် ဆုံးဖြတ်ခြင်းသည် ရုရှားအစိုးရဦး ဆောင်သည့် စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) ဝင်နိုင်ငံများအတွက် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး နေတိုးအဖွဲ့ ဝင်နိုင်ငံများကဲ့သို့ ဆောင်ရွက်ရန် ရုရှားနိုင်ငံက ဦးဆောင်အားပေးခဲ့သော်လည်း ကနဦးက ကာဇက်စတန်နိုင်ငံ တွင်း ဆူပူအုံကြွမှုများကို ကြားဝင်ဆောင်ရွက်ရန် ချီတုံချတုံဖြစ်နေခဲ့သည်။
“စုပေါင်းငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေဟာ ရုရှားလေတပ်က စစ်လေယာဉ်တွေပေါ်ကို သူတို့စစ်လက် နက်ပစ္စည်းတွေတင်ဆောင်ဖို့ စတင်ဆောင်ရွက်နေပြီး သူတို့အမြဲတမ်းအခြေချတဲ့နေရာကို ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်နေပါပြီ။” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
နိုင်ငံတွင်းဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများသည် ဒေသတွင်းနှင့် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများ၏ အ ကူအညီဖြင့် အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း ကာဇက်စတန်သမ္မတကက်ဆန်ဂျိုးမတ်တိုကာ ယက်ဗ်က ပြောသည်။
အကြမ်းဖက်မှုများသည် ပြည်ပနိုင်ငံများဝင်ရောက်စွက်ဖက်သူများ၏ သွေးထိုးလှုံ့ဆော်သည့် “ရောင်စုံတော်လှန် ရေး” ၏ ပုံံစံတူလှုပ်ရှားမှုဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်ကပြောသည်။
ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့များ အဆင့်လိုက် ပြန်လည်ဆုတ်ခွာမှုသည် ၁၀ ရက်ထက် မပိုကြောင်း သမ္မတ တိုကာယက်ဗ်ကပြောသည်။
ကာဇက်စတန်နိုင်ငံတွင် ရုရှား၏သြဇာလွှမ်းမိုးမှုတည်ဆောက်ရန်အတွက် ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ကို ရုရှားနိုင်ငံက အသုံးချ အမြတ်ထုတ်သွားမည်ကို (အနောက်အုပ်စုများက) စိုးရိမ်ပူပန်နေကြသည်။
“ရုရှားတွေ ခင်ဗျားအိမ်ထဲရောက်လာပြီဆိုတာနဲ့ တစ်ခါတစ်လေ ပြန်မောင်းထုတ်ဖို့ အလွန်ခက်ခဲတတ်ပါတယ်။” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အစောပိုင်းက ပြောသည်။
Ref: Russia-Led Troops Begin Pullback From Kazakhstan
#PeopleMedia
(unicode)
………………………………………………………..
Ref: Russia-Led Troops Begin Pullback From Kazakhstan
#PeopleMedia