႐ုရွားေရတပ္က ေနတိုးအဖြဲ႕ဝင္နိုင္ငံမ်ားႏွင့္ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္မည္

PUBLISHED - December 11, 2020
နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၀ (People Media)
႐ုရွားေရတပ္မွ စစ္သေဘၤာမ်ားက အေမရိကန္၊ ၿဗိတိန္နိုင္ငံတို႔ အပါအဝင္ ေနတိုးအဖြဲ႕ဝင္နိုင္ငံမ်ားႏွင့္ ဆယ္ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္မည္ျဖစ္သည္။
“The AMAN-2021” ေခၚ ေရတပ္ဆိုင္ရာေလ့က်င့္မႈတြင္ ပါကစၥတန္၊ ႐ုရွား၊ အေမရိကန္၊ ၿဗိတိန္၊ တ႐ုတ္၊ ဂ်ပန္၊ တူရကီ၊ ဖိလစ္ပိုင္။ မေလးရွား၊ သီရိလကၤာႏွင့္ အင္ဒိုနီးရွားေရတပ္တို႔ ပါဝင္မည္ဟု ပင္လယ္နက္ေရယာဥ္စု က သတင္းေထာက္မ်ားသို႔ ေျပာၾကားခဲ့သည္။
၂၀၁၁ ခုႏွစ္က စပိန္နိုင္ငံေတာင္ပိုင္း ကမ္းရိုးတန္းအလြန္၌ျပဳလုပ္သည့္ Bold Monarch စစ္ေရးေလ့က်င့္ မႈတြင္ ႐ုရွားေရတပ္က ေနတိုးအဖြဲ႕ဝင္နိုင္ငံမ်ားႏွင့္ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား ေနာက္ဆုံးအႀကိမ္ ပါဝင္ခဲ့ျခင္းျဖစ္ သည္။
“The AMAN-2021” ေခၚ ေရတပ္ဆိုင္ရာေလ့က်င့္မႈကို ပါကစၥတန္နိုင္ငံ ကရာခ်ိေရပိုင္နက္အတြင္း ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ျပဳလုပ္မည္ျဖစ္သည္။
႐ုရွားနိုင္ငံက အဆိုပါစစ္ေရးေလ့က်င့္မႈတြင္ ဖရီးဂိတ္စစ္သေဘၤာတစ္စင္း၊ ကင္းလွည့္ေရယာဥ္တစ္စင္း၊ ကယ္ဆယ္ေရးေရယာဥ္တစ္စင္း၊ ကမ္းတက္တပ္ဖြဲ႕တစ္ဖြဲ႕၊ မိုင္းရွင္းတပ္ဖြဲ႕တစ္ဖြဲ႕ႏွင့္ ရဟတ္ယာဥ္တစ္စင္းတို႔ ေစလႊတ္မည္ျဖစ္သည္။
ကိုးကား – စပြတ္ညစ္
Ref; Russian Navy to Take Part in 1st Drills With NATO Ships in a Decade
(unicode)
ရုရှားရေတပ်က နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်
…………………………………………….
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၀ (People Media)
ရုရှားရေတပ်မှ စစ်သင်္ဘောများက အမေရိကန်၊ ဗြိတိန်နိုင်ငံတို့ အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သည်။
“The AMAN-2021” ခေါ် ရေတပ်ဆိုင်ရာလေ့ကျင့်မှုတွင် ပါကစ္စတန်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ဂျပန်၊ တူရကီ၊ ဖိလစ်ပိုင်။ မလေးရှား၊ သီရိလင်္ကာနှင့် အင်ဒိုနီးရှားရေတပ်တို့ ပါဝင်မည်ဟု ပင်လယ်နက်ရေယာဉ်စု က သတင်းထောက်များသို့ ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်က စပိန်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအလွန်၌ပြုလုပ်သည့် Bold Monarch စစ်ရေးလေ့ကျင့် မှုတွင် ရုရှားရေတပ်က နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ နောက်ဆုံးအကြိမ် ပါဝင်ခဲ့ခြင်းဖြစ် သည်။
“The AMAN-2021” ခေါ် ရေတပ်ဆိုင်ရာလေ့ကျင့်မှုကို ပါကစ္စတန်နိုင်ငံ ကရာချိရေပိုင်နက်အတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်မည်ဖြစ်သည်။
ရုရှားနိုင်ငံက အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ဖရီးဂိတ်စစ်သင်္ဘောတစ်စင်း၊ ကင်းလှည့်ရေယာဉ်တစ်စင်း၊ ကယ်ဆယ်ရေးရေယာဉ်တစ်စင်း၊ ကမ်းတက်တပ်ဖွဲ့တစ်ဖွဲ့၊ မိုင်းရှင်းတပ်ဖွဲ့တစ်ဖွဲ့နှင့် ရဟတ်ယာဉ်တစ်စင်းတို့ စေလွှတ်မည်ဖြစ်သည်။
ကိုးကား – စပွတ်ညစ်
Ref; Russian Navy to Take Part in 1st Drills With NATO Ships in a Decade