ရုရှား၏ Su-34 ဗုံးကြဲလေယာဉ်တွင် Kh-35U သင်္ဘောဖျက်ဒုံးကျည်တပ်ဆင်
PUBLISHED - August 20, 2021
နိုင်ငံတကာ၊ သြဂုတ် ၂၀ (People Media)
ရုရှားနိုင်ငံက ၎င်း၏ခေတ်အမီဆုံး Kh-35U သင်္ဘောဖျက်ဒုံးကျည်ဖြစ်သော ဝေဟင်-မြေပြင်ပစ်ဒုံးကျည်များကို Su-34 ဗုံးကြဲလေယာဉ်တွင် တပ်ဆင်လိုက်ကြောင်းသိရသည်။
၂၀၁၈ ခုနှစ်ကတည်းက အကြိမ်ပေါင်းများစွာစမ်းသပ်လာသော လက်နက်စနစ်တပ်ဆင်မှုမှာ ယခုနှစ်နွေရာသီ တွင် နိုင်ငံ၏အရှေ့ပိုင်း၌ စမ်းသပ်ပစ်ခတ်ခဲ့ပြီးနောက် အောင်မြင်စွာတပ်ဆင်နိုင်ပြီဖြစ်ကြောင်း မော်စကိုအခြေ စိုက်သတင်းဌာနများကရေးသားခဲ့ကြသည်။ ဧပြီလအတွင်းကပြုလုပ်ခဲ့သော စမ်းသပ်ပစ်ခတ်မှုများတွင် အမြင့် ပေအမျိုးမျိုးနှင့် ရာသီဥတုအခြေအနေမျိုးမျိုးကြားတွင် ပျံသန်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ဒီလိုဒုံးကျည်မျိုးတွေတပ်ဆင်ထားတဲ့အတွက် ဗုံးကြဲလေယာဉ်တွေဟာ ရေတပ်ပစ်မှတ်တွေကိုတိုက်ခိုက်ဖို့ အ တွက် မတူကွဲပြားတဲ့စွမ်းရည်အမျိုးမျိုးကို အသုံးပြုတိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုလက်နက်မျိုးကို တပြိုင် တည်း အပြင်းအထန်ပစ်ခတ်မယ်ဆိုရင် ကာကွယ်နိုင်စွမ်းမရှိပါဘူး။ ကျွန်တော်တို့ရဲ့ ခေတ်မီအမြန်ရေယာဉ်နဲ့ ကမ်းရိုးတန်းတပ်ဖွဲ့တွေမှာ ဒီလိုလက်နက်မျိုးတွေတပ်ဆင်ထားတာ အလကားတပ်ဆင်ထားတာမဟုတ်ပါဘူး” ဟု စစ်ဘက်ရေးရာကျွမ်းကျင်သူ ဒီမီထရီဘိုလ်တန်ကော့ဗ်က ရှင်းပြသည်။
ရုရှားနိုင်ငံအား ရေပြင်မှတိုက်ခိုက်လာမှုကိုကာကွယ်ရန် ရုရှားကမ်းရိုးတန်းဒေသများတွင် ယင်းကဲ့သို့ ဗုံးကြဲလေ ယာဉ်မျိုး အစင်း ၁၀၀ ကျော်ရှိကြောင်း ၎င်းကပြောသည်။ ကီလိုဂရမ် ၅၅၀ (ပေါင် ၁,၂၁၃) ရှိ ဒုံးကျည်မှာ တာ ဝေး ကီလို ၂၅၀ (၁၅၅ မိုင်) အထိ ရောက်ရှိပြီး ၁၄၅ ကီလိုဂရမ် (၃၂၀ ပေါင်) ရှိ ထိပ်ဖူးကိုသယ်ဆောင်နိုင် ကြောင်း အလယ်အလတ်အရွယ်အစားရှိ သင်္ဘောတစ်စင်းကို ကောင်းစွာပစ်ခတ်နှစ်မြှုပ်နိုင်ကြောင်းသိရသည်။
ပေါင်းစပ်လမ်းညွှန်စနစ်ဖြင့် ဖွဲ့စည်းထားသည့် ယင်းဒုံးကျည်ကို ပစ်လွှတ်ပျံသန်းရာတွင် ဒုံးကျည်သည် အီနာရှား လမ်းညွှန်စနစ်နှင့် ရေဒီယိုအယ်လ်တီမီတာတို့ကိုအသုံးပြုပျံသန်းခြင်းဖြစ်ပြီး သတ်မှတ်နယ်မြေအတွင်း ဝင် ရောက်သွားသောအခါ active radar homing head ကို အသုံးပြုသွားကြောင်း Izvestia သတင်းဌာနကပြော သည်။ ဒုံးကျည်သည် ပစ်မှတ်ရှိရာသို့ ၁၀-၁၅ မီတာထက်မကျော်သောအမြင့်ကသာချဉ်းကပ်လာသဖြင့် ရန်သူ့ ရေဒါများက အချိန်မီဖမ်းယူခြင်းမပြုနိုင်ကြောင်းသိရသည်။
ဆူခွိုင်းကုမ္ပဏီမှထုတ်လုပ်သည့် Su-34 ဗုံးကြဲလေယာဉ်တွင် ပေါက်ကွဲစွမ်းအားမြှင့်ကိရိယာများနှင့်အတူ AL-31F တာဘိုဂျက်အင်ဂျင်များနှင့် မြေပြင်/ဝေဟင်ပစ်မှတ်များကိုထောက်လှမ်းနိုင်ရန် Sh-141 ရေဒါကိုတပ်ဆင် ထားသည်။ အင်ဂျင်နှစ်လုံးတပ်၊ နှစ်ယောက်စီး Su-34 ဗုံးကြဲလေယာဉ်ကို Su-27 တိုက်လေယာဉ်ကိုအခြေခံ၍ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ၎င်း၏ပင်မတာဝန်ဖြစ်သော မြေပြင်/ရေပြင်ပစ်မှတ်များကိုတိုက်ခိုက်နိုင်ရုံသာမက လေကြောင်းတိုက်ပွဲပါ ဆင်နွှဲနိုင်ကြောင်းသိရသည်။
Ref: Russia Integrates Kh-35U Anti-Ship Missiles Into Su-34 Bomber
#PeopleMedia
(unicode)
……………………………………………………………
Ref: Russia Integrates Kh-35U Anti-Ship Missiles Into Su-34 Bomber
#PeopleMedia