ရုရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့ တွေ့ဆုံ
PUBLISHED - February 5, 2022
နေပြည်တော်၊ ဖေဖော်ဝါရီ ၅ (People Media)
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် ဥရောပအာရှစီးပွားရေးကော်မရှင် (Eurasian Economic Commission) ၏ Member of Board (Minister) for Integration and Macro economics H.E. Mr. Sergey Glazyev တို့သည် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် မော်စကိုစံတော်ချိန် ၁၁ နာရီ တွင် မော်စကိုမြို့ရှိ ဥရောပအာရှစီးပွားရေးကော်မရှင်ရုံးချုပ်၌ တွေ့ဆုံခဲ့သည်။
အဆိုပါအစည်းအဝေး၌ မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ (Eurasian Economic Union – EAEU) တို့အကြား ပူးပေါင်းဆောင်ရွက်ရေးအလားအလာများကို ဆွေးနွေးခဲ့ကြသည်။
#PeopleMedia #ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး
(unicode)
……………………………………………………………