ရုရှား-ယူကရိန်းအရေး မြန်မာသတင်းမီဒီယာများကို ရုရှားသံရုံး သတိပေး

PUBLISHED - March 3, 2022
မြစ်ကြီးနား၊ မတ် ၃
ရုရှား-ယူကရိန်းအရေးနှင့် ပတ်သက်ပြီး တိကျခိုင်မာမှုမရှိသော အချက်အလက်များကို ကိုးကား၍ မြန်မာနိုင်ငံရှိ သတင်းမီဒီယာများက ရေးသားဖော်ပြနေကြကြောင်း ရုရှားသံရုံးက ယမန်နေ့ ညနေပိုင်းတွင်ထုတ်ပြန်ခဲ့သည်။
ယင်းသို့ရေးသားဖော်ပြနေမှုများကို ရုရှားသံရုံးက သတိပြုမိသဖြင့် ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အချက်အ လက်များကို မျှဝေလိုကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရုရှားက ယူကရိန်းကိုကျူးကျော်ခြင်းမဟုတ်ဘဲ ဒွန်ဘတ်စ်တွင် ဖြစ်ပွားနေသည့် ရှစ်နှစ်ကြာစစ်ပွဲကိုအဆုံးသတ် ရန် ရည်ရွယ်ပြီး ရုရှားက အထူးစစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်ရေးအရ တိုက်ခိုက်နေသော်လည်း အရပ်သားများ၊ အရပ်သားဆိုင်ရာအ ဆောက်အအုံများကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ စစ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။
ယူကရိန်းဘက်ကလို ရုရှားစစ်တပ်က တားမြစ်ထားတဲ့ လက်နက်များကို အသုံးမပြုသည့်အပြင် အရပ်သား များကို လူသားဒိုင်းအဖြစ် ဆက်ဆံခြင်းမရှိကြောင်းနှင့် ဖမ်းဆီးရမိသည့် အကျဉ်းသားများကိုလည်း လေးစား မှုဖြင့် ဆက်ဆံနေကြောင်း ဖော်ပြထားသည်။
ရုရှားသည် ဆွေးနွေးပွဲများနှင့် စေ့စပ်ညှိနှိုင်းမှုများအတွက် အဆင်သင့်ဖြစ်နေပြီး ယူကရိန်းရှိ နျူကလီးယား ဆိုက်များသည်လည်း IAEA အတည်ပြုထားသကဲ့သို့ လုံခြုံစိတ်ချရကြောင်း နှင့် Chernobyl nuclear power plant နှင့် Zaporizhzhia nucleear power plant တို့၏ လုံခြုံရေးကိုလည်း အာမခံကြောင်း ပြောဆိုထားသည်။
အခြားသော သတင်းအချက်အလက်များသည် လည့်စားခြင်းသာ ဖြစ်ကြောင်းနှင့် သံရုံးအနေဖြင့် အရေးကြီး သည့် နောက်ဆုံးအခြေအနေ သတင်းအချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။
ဝလုံး
#PeopleMedia #EPN
(unicode)
……………………………….
#PeopleMedia #EPN