• Follow Us on

Home ရုရှား/ ယူကရိန်း အပစ်အခတ်ရပ်စဲပြီး လာမည့်လတွင် ဒုတိယအကြိမ်ဆွေးနွေးပွဲ ကျင်းပမည်

ရုရှား/ ယူကရိန်း အပစ်အခတ်ရပ်စဲပြီး လာမည့်လတွင် ဒုတိယအကြိမ်ဆွေးနွေးပွဲ ကျင်းပမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၈ (People Media)

 

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံမှ သံတမန်များ ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ဆွေးနွေးနေစဉ်အတွင်း ယူကရိန်းနိုင်ငံ အ ရှေ့ဘက်တွင် အပစ်အခတ်ရပ်စဲရေးပြုလုပ်သွားကြရန် ဇန်နဝါရီလ ၂၆ ရက်နေ့က  နှစ်ဖက်သဘောတူညီမှုရရှိ ခဲ့ကြပြီး ရုရှားနိုင်ငံက ယူက ရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်းမပြုရေးအတွက် ဆက်လက်ဆွေးနွေးသွား  မည်ဖြစ်ကြောင်း သိရသည်။

 

အရှေ့ဥရောပဒေသတွင် နေတိုးမဟာမိတ်အဖွဲ့များ၏ နယ်မြေတိုးချဲ့နေမှုကို ဟန့်တားရန် ရုရှားနိုင်ငံက ယူက ရိန်းအရှေ့ဘက်နယ်စပ်တစ်လျှောက် ရုရှားတပ်များကို အင်အားအလုံးအရင်းစုဖွဲ့တပ်ဖြန့်ချထားရာ ရုရှားနိုင်ငံ အနေဖြင့် ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်လာမည့်အရေးအား စိုးရိမ်ပူပန်လျက်ရှိသည်။

 

ပြင်သစ်နိုင်ငံနှင့် ဂျာမနီနိုင်ငံက စီစဉ်ပေးခဲ့သည့် ရှစ်နာရီကျော်ကြာဆွေးနွေးပွဲမှာ ရလဒ်ကောင်းရရှိခဲ့ကြောင်း ပြင်သစ်သံတမန်တစ်ဦးကပြောသည်။

 

လာမည့် ဒုတိယအကြိမ်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ကျင်းပသွား မည်ဖြစ်ကြောင်း ဂျာမန်အစိုးရက အတည်ပြုပြောကြားခဲ့သည်။

 

ဆွေးနွေးပွဲတွင် ၂၀၁၄ ခုနှစ်မှစ၍ ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ခွဲထွက်ရေးဝါဒီများနှင့်ဖြစ်ပွားနေသော တိုက်ပွဲ များအကြောင်းကို ကိုင်တွယ်ဖြေရှင်းရန်ဆွေးနွေးနေခြင်းဖြစ်ပြီး ရုရှားနိုင်ငံ၏ ကျူးကျော်မှုအကြောင်းကို ဆွေး နွေးနေခြင်းမဟုတ်ကြောင်း ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကို ထောက်ခံသည့် အမည်မဖော်လိုသူနိုင်ငံ ရေးသမားတစ်ဦးက အလေးထားပြောကြားသွားခဲ့သည်။

 

ရုရှားနိုင်ငံက ဆက်ဆံရေးပျော့ပျောင်းစေလိုသည့်ဆန္ဒရှိမရှိမေးမြန်းရာတွင် “ခက်ခဲတဲ့ဆွေးနွေးမှုတွေမှာ နောက် ဆုံးအပြုသဘောဆောင်တဲ့ရလဒ်ရလာပါတယ်။ လက်ရှိအခြေအနေတွေအရတော့ ကျွန်တော်တို့ ရလဒ်ကောင်း ရရှိခဲ့ပါတယ်။” ဟု ၎င်းကပြောသည်။

 

၂၀၁၉ ခုနှစ်ကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံအရှေှှှှှ့ပိုင်းတွင်ဖြစ်ပွားနေသော ယူကရိန်းတပ်   ဖွဲ့ဝင်များနှင့် ခွဲထွက်ရေးဝါဒီများကြားမှ တိုက်ပွဲများနှင့်ပတ်သက်၍ ပြင်သစ် နိုင်ငံ/ ဂျာမနီနိုင်ငံတို့နှင့်အတူ ယူက ရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံတို့ ပူးတွဲကြေညာချက်တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

 

အဆိုပါလေးနိုင်ငံသည် ၂၀၁၄ ခုနှစ်ကတည်းက ယူကရိန်းနိုင်ငံအရှေ့ဘက်တွင် ငြိမ်းချမ်းရေးရရှိရေးအတွက် အတူလက်တွဲဆောင်ရွက်နေသောနိုင်ငံများဖြစ်ပြီး ယင်းအဖွဲ့အား နော်မန်ဒီအုပ်စု Normandy Group အဖြစ် သိထားကြသည်။

 

“၂၀၁၉ ခုနှစ်ကတည်းက စတင်ဆွေးနွေးလာတဲ့ ဒီဆွေးနွေးမှုတွေ ဘယ်လောက်ပဲ ခက်ခဲနေပါစေ နော်မန်ဒီအုပ် စုအနေနဲ့ အဓိကပြဿနာတချို့နဲ့ပတ်သက်ပြီး သဘောတူညီမှုတွေရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။” ဟု ပြင်သစ်နိုင်ငံရေးသမားကပြောသည်။

 

Ref: Russia, Ukraine keep ceasefire, new talks next month

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Russia, Ukraine keep ceasefire, new talks next month

 

#PeopleMedia


Share this post