ရုရှား Ka-52 “Alligator” တိုက်ခိုက်ရေးရဟတ်ယာဉ်များတွင် တင့်ဖျက်ဒုံးကျည်များ တပ်ဆင်သွားမည်

PUBLISHED - August 31, 2021
နိုင်ငံတကာ၊ သြဂုတ် ၃၁ (People Media)
ရုရှားနိုင်ငံသည် ၎င်း၏ Ka-52 “Alligator” တိုက်ခိုက်ရေးရဟတ်ယာဉ်များတွင် Vikhr-M တင့်ဖျက်ဒုံးကျည်များ တပ်ဆင်သွားရန် စီစဉ်လျက်ရှိသည်။
အဆိုပါကြေညာချက်မှာ Army-2021 military forum တွင် ဗုဒ္ဓဟူးနေ့က ရုရှားလေကြောင်းတပ်ဖွဲ့အကြီးအကဲ ဆာဂေဆူရိုဘီးကင်က ထုတ်ပြန်ခဲ့သည့်ကြေညာချက်ဖြစ်သည်။ ယင်းစီမံချက်မှာ လာမည့်နှစ်တွင်စတင်မည်ဖြစ် ကြောင်း ဆာဂေဆူရိုဘီးကင်က ပြောသည်။
Ka-52 “Alligator” တိုက်ခိုက်ရေးရဟတ်ယာဉ်များတွင် ဒုံးကျည်များတပ်ဆင်မည့်ကြေညာချက်နှင့်အတူ ရုရှား ကာကွယ်ရေးဝန်ကြီးဆာဂျီရှိုင်ဂူသည် ဖိုရမ်တွင်ပြသထားသည့် ရုရှားလေကြောင်းတပ်ဖွဲ့၏ လေယာဉ်များနှင့် လက်နက်စနစ်များကို စစ်ဆေးခဲ့သည်။
Ka-52 တိုက်ခိုက်ရေးရဟတ်ယာဉ်သည် ၎င်းအရင် ထွက်ခဲ့သည့် Ka-50 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို အဆင့် မြှင့်တင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်အမှုထမ်းနှစ်ဦးကိုသယ်ဆောင်နိုင်သော အဆိုပါရဟတ်ယာဉ်နှစ်မျိုး စလုံးကို Progress Arsenyev Aviation က ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
ရန်သူ့တင့်ကားနှင့် သံချပ်ကာကားများကို ကန့်သတ်ထိန်းချုပ်ရန် အသုံးပြုခဲ့သည့် တိုက်ခိုက်ရေးရဟတ်ယာဉ် များ၏ ပထမဦးဆုံးအသုတ်ကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဖော်ပြသခဲ့ပြီး ၁၉၉၇ ခုနှစ် ဇွန်လတွင် ပထမ ဦးဆုံးအကြိမ် ပျံသန်းအသုံးပြုခဲ့သည်။
Ref: Russia’s Ka-52 ‘Alligator’ Attack Helicopters to Get Anti-Tank Missiles
#PeopleMedia
(unicode)
………………………………………………………………….
Ref: Russia’s Ka-52 ‘Alligator’ Attack Helicopters to Get Anti-Tank Missiles
#PeopleMedia