႐ု႐ွားစစ္သတင္းေထာက္ေဟာင္းကို ႏိုင္ငံေတာ္သစၥာေဖာက္မႈႏွင့္ စြဲခ်က္ တင္

PUBLISHED - July 14, 2020
ေမာ္စကို၊ ဇူလိုင္ ၁၄
႐ု႐ွားႏိုင္ငံမွ စစ္သတင္းေထာက္ေဟာင္းအိုင္ဗန္ ဆာဖ႐ိုေနာ့ဗ္ကို ႏိုင္ငံေတာ္သစၥာေဖာက္မႈျဖင့္ ႐ု႐ွားအစိုးရက စြဲခ်က္တင္လိုက္သည္။
ေမလတြင္ သတင္းစာေလာကကိုစြန္႔ခြာၿပီး ႐ု႐ွားအာကာသေအဂ်င္စီတြင္ အၾကံေပးအျဖစ္တာ၀န္ထမ္းေဆာင္ ေနသည့္ဆာဖ႐ိုေနာ့ဗ္ကို ခ်က္သမၼတႏိုင္သို႔ စစ္ဘက္ဆိုင္ရာလွ်ိဳ႕၀ွက္ခ်က္မ်ား လႊဲေျပာင္းေပးသည္ဟုဆိုကာ ၿပီးခဲ့သည့္တစ္ပတ္တြင္ ဖမ္းဆီးၿပီး တနလၤာေန႔တြင္ စြဲခ်က္တင္ျခင္းျဖစ္သည္။
ထိုစြဲခ်က္အတြက္ သူ႔တြင္အျပစ္မ႐ွိဟု ဆာဖ႐ိုေနာ့ဗ္က ျငင္းဆိုထားသည္။ အျပစ္႐ွိေၾကာင္းေတြ႕႐ွိပါက ေထာင္ ဒဏ္အႏွစ္ ၂၀ က်ခံရႏိုင္ေခ်႐ွိသည္။
လက္မခံႏိုင္သည့္စြဲခ်က္ျဖင့္တရားစြဲဆိုေသာေၾကာင့္ ဆာဖ႐ိုေနာ့ဗ္ကိုထိန္းသိမ္းထားသည့္ေနရာနားတြင္ ေထာက္ခံဆႏၵထုတ္ေဖာ္ခဲ့သည့္သတင္းစာဆရာဒါဇင္ခ်ီကိုလည္း ရဲမ်ားက တနလၤာေန႔တြင္ ဖမ္းဆီးခဲ့သည္။
အထိအခိုက္မခံသည့္ျဖစ္ရပ္ေၾကာင့္ အေသးစိတ္အခ်က္အလက္မ်ားတိတိက်က်မ႐ွိဘဲ ျပန္႔ေနၿပီး သူ႔တရား ခြင္မွာလည္း တံခါးပိတ္စစ္ေဆးႏိုင္ေခ်႐ွိသည္။
သူလႊဲေျပာင္းေပးခဲ့သည္ဟုစြပ္စြဲခံရသည့္အခ်က္အလက္မ်ားသည္ အေ႐ွ႕အလယ္ပိုင္းႏွင့္အာဖရိကသို႔ ႐ု႐ွား လက္နက္ပို႔ေဆာင္မႈမ်ားႏွင့္ ပတ္သက္သည္ဟု ဆာဖ႐ိုေနာ့ဗ္၏ေ႐ွ႕ေန အိုင္ဗန္ပတ္ဗ္ေလာ့ဗ္က ၿပီးခဲ့သည့္ တစ္ပတ္တြင္ေျပာသည္။
ေနာက္ပိုင္းတြင္ ထိုအခ်က္အလက္မ်ားကို အေမရိကန္ျပည္ေထာင္စုဆီေ၀မွ်ခဲ့သည္ဟု စံုစမ္းစစ္ေဆးေရးအရာ ႐ွိမ်ားကေျပာသည္ဟု ပတ္ဗ္ေလာ့ဗ္ကေျပာသည္။
Ref : Russia charges ex-journalist Ivan Safronov with treason
(unicode)
ရုရှားစစ်သတင်းထောက်ဟောင်းကို နိုင်ငံတော်သစ္စာဖောက်မှုနှင့် စွဲချက် တင်
………………………………………………
မော်စကို၊ ဇူလိုင် ၁၄
ရုရှားနိုင်ငံမှ စစ်သတင်းထောက်ဟောင်းအိုင်ဗန် ဆာဖရိုနော့ဗ်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ရုရှားအစိုးရက စွဲချက်တင်လိုက်သည်။
မေလတွင် သတင်းစာလောကကိုစွန့်ခွာပြီး ရုရှားအာကာသအေဂျင်စီတွင် အကြံပေးအဖြစ်တာဝန်ထမ်းဆောင် နေသည့်ဆာဖရိုနော့ဗ်ကို ချက်သမ္မတနိုင်သို့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ လွှဲပြောင်းပေးသည်ဟုဆိုကာ ပြီးခဲ့သည့်တစ်ပတ်တွင် ဖမ်းဆီးပြီး တနင်္လာနေ့တွင် စွဲချက်တင်ခြင်းဖြစ်သည်။
ထိုစွဲချက်အတွက် သူ့တွင်အပြစ်မရှိဟု ဆာဖရိုနော့ဗ်က ငြင်းဆိုထားသည်။ အပြစ်ရှိကြောင်းတွေ့ရှိပါက ထောင် ဒဏ်အနှစ် ၂၀ ကျခံရနိုင်ချေရှိသည်။
လက်မခံနိုင်သည့်စွဲချက်ဖြင့်တရားစွဲဆိုသောကြောင့် ဆာဖရိုနော့ဗ်ကိုထိန်းသိမ်းထားသည့်နေရာနားတွင် ထောက်ခံဆန္ဒထုတ်ဖော်ခဲ့သည့်သတင်းစာဆရာဒါဇင်ချီကိုလည်း ရဲများက တနင်္လာနေ့တွင် ဖမ်းဆီးခဲ့သည်။
အထိအခိုက်မခံသည့်ဖြစ်ရပ်ကြောင့် အသေးစိတ်အချက်အလက်များတိတိကျကျမရှိဘဲ ပြန့်နေပြီး သူ့တရား ခွင်မှာလည်း တံခါးပိတ်စစ်ဆေးနိုင်ချေရှိသည်။
သူလွှဲပြောင်းပေးခဲ့သည်ဟုစွပ်စွဲခံရသည့်အချက်အလက်များသည် အရှေ့အလယ်ပိုင်းနှင့်အာဖရိကသို့ ရုရှား လက်နက်ပို့ဆောင်မှုများနှင့် ပတ်သက်သည်ဟု ဆာဖရိုနော့ဗ်၏ရှေ့နေ အိုင်ဗန်ပတ်ဗ်လော့ဗ်က ပြီးခဲ့သည့် တစ်ပတ်တွင်ပြောသည်။
နောက်ပိုင်းတွင် ထိုအချက်အလက်များကို အမေရိကန်ပြည်ထောင်စုဆီဝေမျှခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးအရာ ရှိများကပြောသည်ဟု ပတ်ဗ်လော့ဗ်ကပြောသည်။
Ref : Russia charges ex-journalist Ivan Safronov with treason