႐ူပီးသန္း ၄၂၀၀၀ ေက်ာ္အသံုးျပဳမည့္ ျပည္တြင္းထုတ္ကိုယ္ေပ်ာက္ေရငုပ္သေဘၤာ ၆ စင္းထုတ္လုပ္ရန္ အိႏၵိယ တင္ဒါေခၚ

PUBLISHED - August 13, 2020
နယူးေဒလီ၊ ၾသဂုတ္ ၁၂
ျပည္တြင္းတြင္ႏိုင္ငံျခားႏွင့္ ပူးေပါင္းထုတ္လုပ္မည့္ မ်ိဳးဆက္သစ္ကိုယ္ေပ်ာက္ေရငုပ္သေဘၤာ ၆ စင္းအတြက္ အိႏၵိယႏိုင္ငံက တရား၀င္တင္ဒါေခၚယူလိုက္သည္။
ကာကြယ္ေရးသေဘၤာက်င္း မာဇာဂြန္ဆိပ္ကမ္း MDL ႏွင့္ ပုဂၢလိကပိုင္သေဘၤာတည္ေဆာက္ေရးကုမၸဏီ L&T တို႔အတြက္ Project-75 India (P-75I) စီမံကိန္း-၇၅ အိႏၵိယ ေရငုပ္သေဘၤာအစီအစဥ္အတြက္ တင္ဒါ သို႔မဟုတ္ အဆိုျပဳလႊာေခၚယူစာကို လာမည့္လတြင္ ေခၚယူရန္႐ွိေနသည္ဟု တနလၤာေန႔တြင္ အိႏိၵယကာ ကြယ္ေရး၀န္ႀကီးဌာနသတင္းရင္းျမစ္မ်ားကေျပာသည္။
“အိႏၵိယတြင္ထုတ္လုပ္သည္”ဆိုသည့္လမ္းေၾကာင္းျဖင့္ ျပည္တြင္းထုတ္လုပ္မႈႁမွင့္တင္ရန္ ၂၀၁၇ ခုႏွစ္၊ ေမတြင္ အိႏၵိယအစိုးရ၏ထိပ္တန္းလွ်ိဳ႕၀ွက္သေဘာတူညီခ်က္အရ မဟာဗ်ဴဟာေျမာက္ပူးေပါင္းေဆာင္႐ြက္မႈမူဝါဒေ အာက္တြင္ ပထမဆံုးထုတ္ေဖာ္မိတ္ဆက္မည့္စီမံကိန္းျဖ
စ္သည္။ ေရငုပ္သေဘၤာ သို႔မဟုတ္ အျခားမဟာ ဗ်ဴဟာေျမာက္စီမံကိန္းမ်ားကို တနဂၤေႏြေန႔တြင္ ကာကြယ္ေရး ၀န္ႀကီးဌာနကထုတ္ျပန္သည့္ အႏႈတ္သေဘာ ေဆာင္သည့္လက္နက္တင္သြင္းမႈစာရင္းက ဆိုးက်ိဳးသက္ ေရာက္မႈ႐ွိမည္မဟုတ္ဟုလည္း သိရသည္။
အိႏၵိယကာကြယ္ေရး၀န္ႀကီးဌာနကအေစာပိုင္းတြင္အက်ဥ္းခ်ဳပ္ျပဳစုေပးထားသည့္ မူလပစၥည္းထုတ္လုပ္သူမ်ား (OEM)စာရင္းထဲမွ သူတို႔ပိုႏွစ္သက္သည့္အဖြဲ႔အစည္းမ်ားႏွင့္ခ်ိတ္ဆက္ၿပီးေနာက္ အဆိုျပဳလႊာေခၚယူစာ ကိုတံု႔ျပန္သည့္အေနျဖင့္ သူတို႔၏နည္းပညာႏွင့္စီးပြားေရးဆိုင္ရာေလလံေစ်းကို အိႏၵိယသေဘၤာက်င္း ၂ ခုကတင္သြင္းရမည္ျဖစ္သည္။
အိႏၵိယအစိုးရျပဳစုေပးထားသည့္ OEM မ်ားမွာ ႐ု႐ွားႏိုင္ငံမွ႐ူဘင္ဒီဇိုင္းဗ်ဴ႐ို၊ ျပင္သစ္မွ ေရေၾကာင္းအုပ္စု DCNS၊ ဂ်ာမနီမွသီဆန္ခရပ္ပ္ေရေၾကာင္းစနစ္၊ စပိန္မွ နာဗန္နီယာႏွင့္ ေတာင္ကိုရီးယားမွေဒဝူးတို႔ျဖစ္သည္။
သက္တမ္းရင့္ေနၿပီး ျမန္ျမန္ဆန္ဆန္ပ်က္စီးေနသည့္ေရေအာက္တိုက္ခိုက္ေရးလက္နက္မ်ားႏွင့္ ႐ုန္းကန္ေ နရသည့္အိႏိၵယေရတပ္သည္ P-75I စာခ်ဳပ္ကို ၂၀၂၁-၂၀၂၂ ခုႏွစ္တြင္ အဆံုသတ္လက္မွတ္ေရးထိုးၿပီးပါက ၇ ႏွစ္အတြင္း ပထမဆံုးေရငုပ္သေဘၤာရႏိုင္မည္ဟု ခန္႔မွန္းထားသည္။
လက္႐ွိအိႏၵိယေရတပ္တြင္ Scorpene ေရငုပ္သေဘၤာသစ္ ၂ စင္းသာ႐ွိေနၿပီး ၿပီးခဲ့သည့္ႏွစ္ ၂၀ ေက်ာ္ကတ ပ္ေတာ္၀င္ခဲ့သည့္ ဒီဇယ္လွ်ပ္စစ္သမား႐ိုးက်ေရငုပ္သေဘၤာ ၁၃ စင္း႐ွိေနသည္။
Ref : Rs 42k crore stealth submarine plan to finally kick off
#PeopleMedia
(unicode)
ရူပီးသန်း ၄၂၀၀၀ ကျော်အသုံးပြုမည့် ပြည်တွင်းထုတ်ကိုယ်ပျောက်ရေငုပ်သင်္ဘော ၆ စင်းထုတ်လုပ်ရန် အိန္ဒိယ တင်ဒါခေါ်
……………………………………………………
နယူးဒေလီ၊ ဩဂုတ် ၁၂
ပြည်တွင်းတွင်နိုင်ငံခြားနှင့် ပူးပေါင်းထုတ်လုပ်မည့် မျိုးဆက်သစ်ကိုယ်ပျောက်ရေငုပ်သင်္ဘော ၆ စင်းအတွက် အိန္ဒိယနိုင်ငံက တရားဝင်တင်ဒါခေါ်ယူလိုက်သည်။
ကာကွယ်ရေးသင်္ဘောကျင်း မာဇာဂွန်ဆိပ်ကမ်း MDL နှင့် ပုဂ္ဂလိကပိုင်သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ L&T တို့အတွက် Project-75 India (P-75I) စီမံကိန်း-၇၅ အိန္ဒိယ ရေငုပ်သင်္ဘောအစီအစဉ်အတွက် တင်ဒါ သို့မဟုတ် အဆိုပြုလွှာခေါ်ယူစာကို လာမည့်လတွင် ခေါ်ယူရန်ရှိနေသည်ဟု တနင်္လာနေ့တွင် အိန္ဒိယကာ ကွယ်ရေးဝန်ကြီးဌာနသတင်းရင်းမြစ်များကပြောသည်။
“အိန္ဒိယတွင်ထုတ်လုပ်သည်”ဆိုသည့်လမ်းကြောင်းဖြင့် ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ရန် ၂၀၁၇ ခုနှစ်၊ မေတွင် အိန္ဒိယအစိုးရ၏ထိပ်တန်းလျှို့ဝှက်သဘောတူညီချက်အရ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမူဝါဒ ေအာက်တွင် ပထမဆုံးထုတ်ဖော်မိတ်ဆက်မည့်စီမံကိန်းဖြ
စ်သည်။ ရေငုပ်သင်္ဘော သို့မဟုတ် အခြားမဟာ ဗျူဟာမြောက်စီမံကိန်းများကို တနင်္ဂနွေနေ့တွင် ကာကွယ်ရေး ဝန်ကြီးဌာနကထုတ်ပြန်သည့် အနှုတ်သဘော ဆောင်သည့်လက်နက်တင်သွင်းမှုစာရင်းက ဆိုးကျိုးသက် ရောက်မှုရှိမည်မဟုတ်ဟုလည်း သိရသည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကအစောပိုင်းတွင်အကျဉ်းချုပ်ပြုစုပေးထားသည့် မူလပစ္စည်းထုတ်လုပ်သူများ (OEM)စာရင်းထဲမှ သူတို့ပိုနှစ်သက်သည့်အဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီးနောက် အဆိုပြုလွှာခေါ်ယူစာ ကိုတုံ့ပြန်သည့်အနေဖြင့် သူတို့၏နည်းပညာနှင့်စီးပွားရေးဆိုင်ရာလေလံဈေးကို အိန္ဒိယသင်္ဘောကျင်း ၂ ခုကတင်သွင်းရမည်ဖြစ်သည်။
အိန္ဒိယအစိုးရပြုစုပေးထားသည့် OEM များမှာ ရုရှားနိုင်ငံမှရူဘင်ဒီဇိုင်းဗျူရို၊ ပြင်သစ်မှ ရေကြောင်းအုပ်စု DCNS၊ ဂျာမနီမှသီဆန်ခရပ်ပ်ရေကြောင်းစနစ်၊ စပိန်မှ နာဗန်နီယာနှင့် တောင်ကိုရီးယားမှဒေဝူးတို့ဖြစ်သည်။
သက်တမ်းရင့်နေပြီး မြန်မြန်ဆန်ဆန်ပျက်စီးနေသည့်ရေအောက်တိုက်ခိုက်ရေးလက်နက်များနှင့် ရုန်းကန် ေနရသည့်အိန္ဒိယရေတပ်သည် P-75I စာချုပ်ကို ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အဆုံသတ်လက်မှတ်ရေးထိုးပြီးပါက ၇ နှစ်အတွင်း ပထမဆုံးရေငုပ်သင်္ဘောရနိုင်မည်ဟု ခန့်မှန်းထားသည်။
လက်ရှိအိန္ဒိယရေတပ်တွင် Scorpene ရေငုပ်သင်္ဘောသစ် ၂ စင်းသာရှိနေပြီး ပြီးခဲ့သည့်နှစ် ၂၀ ကျော်ကတ ပ်တော်ဝင်ခဲ့သည့် ဒီဇယ်လျှပ်စစ်သမားရိုးကျရေငုပ်သင်္ဘော ၁၃ စင်းရှိနေသည်။
Ref : Rs 42k crore stealth submarine plan to finally kick off
#PeopleMedia