• Follow Us on

Home ကက္ရွမီးယားေဒသတြင္ ဆီးႏွင္းႏွင့္ ေျမၿပိဳမႈမ်ားေၾကာင့္ လူ ၆၂ ဦးေသဆုံး

ကက္ရွမီးယားေဒသတြင္ ဆီးႏွင္းႏွင့္ ေျမၿပိဳမႈမ်ားေၾကာင့္ လူ ၆၂ ဦးေသဆုံး

Share this post

ႏိုင္ငံတကာ၊ ဇန္နဝါရီ ၁၆

ပါကစၥတန္ထိန္းခ်ဳပ္ထားေသာ ကက္ရွမီးယားေဒသတြင္ လြန္ခဲ့သည့္သုံးရက္က ဆီးႏွင္းမ်ားၿပိဳက်ၿပီး ေျမၿပိဳမႈ မ်ား ျဖစ္ေပၚခဲ့ျခင္းေၾကာင့္ လူ ၆၂ ဦးထက္မနည္းေသဆုံးသြားၿပီး အမ်ားအျပားေပ်ာက္ဆုံးေနသည္။

အထူးသျဖင့္ ကက္ရွမီးယားေဒသရွိ နီးလမ္ေတာင္ၾကားေဒသမွာ ယင္းျဖစ္စဥ္ကို အျပင္းအထန္ခံစားခဲ့ရၿပီး လူအမ်ားအျပားမွာ အကူအညီမဲ့ေနၾကသည္။

အဆိုပါေဒသသည္ ရာသီဥတုေဘးအႏၲရာယ္ က်ေရာက္လြယ္သည္ေနရာျဖစ္ၿပီး လက္ရွိေသဆုံးမႈမ်ားသည္ မၾကာေသးမီႏွစ္မ်ားအတြင္း လူအေသအေပ်ာက္အမ်ားဆုံးျဖစ္သည္။ ဆိုးရြားသည့္ လက္ရွိရာသီဥတုေၾကာင့္ ပါကစၥတန္၊ အိႏၵိယႏွင့္ အာဖဂန္နစၥတန္ႏိုင္ငံတို႔တြင္ လူဒါဇင္ေပါင္းမ်ားစြာ ေသဆုံးခဲ့သည္။

ပါကစၥတန္ထိန္းခ်ဳပ္ထားသည့္ ကက္ရွမီးယားေဒသသည္ အဆိုးရြားဆုံးခံစားခဲ့ရၿပီး လူ ၆၂ ဦး ေသဆုံးကာ အမ်ားအျပား ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း ပါကစၥတန္ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္စီမံခန္႔ခြဲမႈ အာဏာ ပိုင္မ်ားက ေျပာသည္။

အိႏၵိယႏိုင္ငံက အုပ္ခ်ဳပ္ထားသည့္ ဂ်မူးႏွင့္ ကက္ရွမီးယားေဒသတြင္လည္း ရာသီဥတုဆိုးရြားျခင္းေၾကာင့္ လူ ရွစ္ဦးေသဆုံးခဲ့ၿပီး အာဖဂန္နစၥတန္ႏိုင္ငံတြင္မူ လြန္ခဲ့သည့္ သီတင္းႏွစ္ပတ္ၾကာကာလအတြင္း ေသဆုံးသူ ၂၄ ဦးႏွင့္ ဒါဏ္ရာရရွိသူ ၄၀ ဦးရွိေနကာ ေသဆုံးမႈအမ်ားစုမွာ လြန္ခဲ့သည့္သုံးရက္အတြင္းက ျဖစ္သည္။

#PeopleMedia #EPN

(Unicode)
ကက်ရှမီးယားဒေသတွင် ဆီးနှင်းနှင့် မြေပြိုမှုများကြောင့် လူ ၆၂ ဦးသေဆုံး
……………………………………………………………

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆

ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှမီးယားဒေသတွင် လွန်ခဲ့သည့်သုံးရက်က ဆီးနှင်းများပြိုကျပြီး မြေပြိုမှု များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လူ ၆၂ ဦးထက်မနည်းသေဆုံးသွားပြီး အများအပြားပျောက်ဆုံးနေသည်။

အထူးသဖြင့် ကက်ရှမီးယားဒေသရှိ နီးလမ်တောင်ကြားဒေသမှာ ယင်းဖြစ်စဉ်ကို အပြင်းအထန်ခံစားခဲ့ရပြီး လူအများအပြားမှာ အကူအညီမဲ့နေကြသည်။

အဆိုပါဒေသသည် ရာသီဥတုဘေးအန္တရာယ် ကျရောက်လွယ်သည်နေရာဖြစ်ပြီး လက်ရှိသေဆုံးမှုများသည် မကြာသေးမီနှစ်များအတွင်း လူအသေအပျောက်အများဆုံးဖြစ်သည်။ ဆိုးရွားသည့် လက်ရှိရာသီဥတုကြောင့် ပါကစ္စတန်၊ အိန္ဒိယနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သည်။

ပါကစ္စတန်ထိန်းချုပ်ထားသည့် ကက်ရှမီးယားဒေသသည် အဆိုးရွားဆုံးခံစားခဲ့ရပြီး လူ ၆၂ ဦး သေဆုံးကာ အများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပါကစ္စတန် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အာဏာ ပိုင်များက ပြောသည်။

အိန္ဒိယနိုင်ငံက အုပ်ချုပ်ထားသည့် ဂျမူးနှင့် ကက်ရှမီးယားဒေသတွင်လည်း ရာသီဥတုဆိုးရွားခြင်းကြောင့် လူ ရှစ်ဦးသေဆုံးခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံတွင်မူ လွန်ခဲ့သည့် သီတင်းနှစ်ပတ်ကြာကာလအတွင်း သေဆုံးသူ ၂၄ ဦးနှင့် ဒါဏ်ရာရရှိသူ ၄၀ ဦးရှိနေကာ သေဆုံးမှုအများစုမှာ လွန်ခဲ့သည့်သုံးရက်အတွင်းက ဖြစ်သည်။

#PeopleMedia #EPN


Share this post