• Follow Us on
Latest News

Home ကက်ရှ်မီးယားတွင် ဟိန္ဒူများအသတ်ခံရပြီးနောက် အိန္ဒိယအစိုးရက ပြည်သူ့စစ်အဖွဲ့ကို ပြန်လည်အသက်သွင်း ကာ ဒေသခံများကို လက်နက်တပ်ဆင်ပေး

ကက်ရှ်မီးယားတွင် ဟိန္ဒူများအသတ်ခံရပြီးနောက် အိန္ဒိယအစိုးရက ပြည်သူ့စစ်အဖွဲ့ကို ပြန်လည်အသက်သွင်း ကာ ဒေသခံများကို လက်နက်တပ်ဆင်ပေး

Share this post

နိုင်ငံတကာ၊ မတ် ၁

 

အိန္ဒိယ-ပါကစ္စတန်နယ်စပ် အငြင်းပွားနယ်မြေတစ်ခုဖြစ်တဲ့ ကက်ရှ်မီးယားပြည်နယ် ဒန်းဂရီကျေးရွာမှာ ဇန်နဝါရီ လအစောပိုင်းက ဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ခိုက်မှုမှာ ဟိန္ဒူလူမျိုး ၇ ဦးသေဆုံးပြီးနောက် အိန္ဒိယအစိုးရက ဒေသ ခံတွေကို လက်နက်တွေ တပ်ဆင်ပေးနေကြောင်း သိရပါတယ်။

 

အဲဒီအကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် အိန္ဒိယစစ်သားဟောင်းတစ်ဦးဖြစ်သူ ဆာတစ်ကူးမားက အေးချမ်းလှ တဲ့၎င်းတို့ရဲ့တောင်ပေါ်ကျေးရွာလေးဟာ စိုးရိမ်ထိတ်လန့်ဖွယ်ရာနေရာတစ်ခုဖြစ်လာပြီလို့ ပြောပါတယ်။

 

ရာဂျိုရီခရိုင်ထဲက အဲဒီကျေးရွာမှာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ဒေသခံရာပေါင်းများစွာဟာ ဟိန္ဒူတွေ လွှမ်းမိုးကြီးစိုးထားတဲ့ ဂျမ်မူးဒေသတစ်ဝန်း ဆန္ဒပြခဲ့ကြပါတယ်။

 

အဲဒီနောက် အိန္ဒိယအစိုးရဟာ ဒေသခံပြည်သူ့စစ်အဖွဲ့ကို ပြန်လည်အသက်သွင်းခဲ့သလို ဆယ်ကျော်သက်တွေ အပါအဝင် ထောင်နဲ့ချီတဲ့ရွာသားတွေကို လက်နက်တွေ ပြန်လည်တပ်ဆင်ပေးပြီး စစ်ပညာတွေစတင် သင်ကြား ပေးခဲ့ပါတယ်။

 

ဆာတစ်ကူးမားဟာ အစီအစဉ်အသစ်အရ ဒေသခံပြည်သူ့စစ်အဖွဲ့ထဲကို ဝင်ရောက်လာတဲ့ ပထမဦးဆုံးအသုတ် ထဲက ပြည်သူ့စစ်တစ်ဦးဖြစ်ပြီး အာဏာပိုင်တွေက ၎င်းကို တစ်တောင့်ထိုးရိုင်ဖယ်တစ်လက်နဲ့ ကျည် ၁၀၀ ပေး အပ်ခဲ့ပါတယ်။

 

“ကျွန်တော်ကတော့ စစ်သားဘဝ နောက်တစ်ခေါက်ပြန်ရောက်သွားသလို ခံစားရတယ်ဗျ။” လို့ အသက် ၄၀ အရွယ်ရှိ ကူးမားက ပြောပါတယ်။

 

ကူးမားဟာ ၂၀၁၈ ခုနှစ်မှာ အိန္ဒိယတပ်မတော်ကနေ အငြိမ်းစားယူလာပြီးနောက် ကုန်စုံဆိုင်လေး တစ်ဆိုင်ဖွင့်လှစ် လုပ်ကိုင်နေခဲ့သူဖြစ်ပါတယ်။

 

အစိုးရတပ်တွေချက်ချင်းရောက်မလာနိုင်တဲ့ ဟိမလေယန်တောင်တန်းတစ်ဝိုက်မှာရှိတဲ့ နယ်စွန်နယ်ဖျားက ကျေးရွာတွေမှာ အိန္ဒိယအစိုးရကိုဆန့်ကျင်နေတဲ့သူကပုန်တွေကို ပထမဦးဆုံးလိုင်းအဖြစ်ကာကွယ်ဖို့အတွက် “ကျေးရွာကာကွယ်ရေးတပ်ဖွဲ့” လို့ ခေါ်ကြတဲ့ အဲဒီပြည်သူ့စစ်အဖွဲ့ကို ၁၉၉၀ ပြည့်လွန်နှစ်တွေက စတင်တည် ထောင်ခဲ့တာဖြစ်ပါတယ်။

 

ဒေသတွင်း သောင်းကျန်းမှုအရှိန် တဖြည်းဖြည်းလျော့ကျလာသလို ပြည်သူ့စစ်အဖွဲ့ဝင်တချို့ ရက်စက်ကြမ်း ကြုပ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ နာမည်ထွက်လာတာကို လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန် ထန်ဝေဖန်ထောက်ပြနေတာကြောင့် အဲဒီဒေသက ပြည်သူ့စစ်အဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။

 

ဒါပေမဲ့ ဇန်နဝါရီလအတွင်းကဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ဟာ ရာဂျိုရီခရိုင်ထဲက အတိတ်ကာလက အ ကြမ်းဖက်မှုတွေကို ပြန်လည်သတိရစေခဲ့ပါတယ်။

 

ရာဂျိုရီခရိုင်ဟာ အိန္ဒိယနဲ့ ပါကစ္စတန်ကြားထဲက ကက်ရှ်မီး ယားဒေသကို နှစ်ပိုင်းခွဲထားတဲ့ နယ်စပ်ဒေသဖြစ်ပြီး အိန္ဒိယစစ်သားတွေနဲ့ သူပုန်တွေ တိုက်ပွဲဖြစ်ပွားလေ့ရှိတာ မထူးဆန်းတဲ့ဒေသလည်းဖြစ်ပါတယ်။

 

စိုးရိမ်ပူပန်မှုတွေကို အနိုင်ယူဖို့နဲ့ ကိုယ့်မိသားစုကိုယ် ကာကွယ်နိုင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းဖြစ်လို့ ပြည်သူ့စစ်အဖွဲ့ထဲကို ဝင်ရောက်ခဲ့တာမှန်ကန်ကြောင်း စစ်သားဟောင်း ဆာတစ်ကူးမားက ၎င်းရဲ့တစ်ထပ်အိမ် ကလေးထဲကနေ သေနတ်ကိုမာန်ပါပါ ဝှေ့ယမ်းရင်း ပြောပါတယ်။

 

“ကျွန်တော်က စစ်ပညာလေ့ကျင့်သင်ကြားထားပြီး အကြမ်းဖက်သမားတွေနဲ့ တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူပါ။ ဒါပေမဲ့ ခင် ဗျားမှာ သေနတ်တစ်လက်မှမရှိဘဲနဲ့ စစ်ပညာသင်ကြားထားတာ ဘယ်နေရာမှာသွားသုံးရမှာတုန်း။ ကျွန်တော် တကယ်ပြောတာပါ… သေလုမျောပါးခံစားနေရလောက်အောင်ကို ကြောက်နေရတာပါဗျာ။” လို့ ကူးမားကပြော ပါတယ်။

 

ဇန်နဝါရီလ ၁ ရက်နေ့က သေနတ်သမားနှစ်ဦးလက်ချက်ကြောင့် သားအဖနှစ်ဦးအပါအဝင် ရွာသားလေးဦးသေ ဆုံးခဲ့ပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

 

နောက်နေ့မှာ ရွာထဲကအိမ်အပြင်ဘက်မှာ ဗုံးဖောက်ခွဲခဲ့တာ ကြောင့် ကလေးနှစ်ဦးသေဆုံးပြီး ဆယ်ဦးထက် မနည်း ဒဏ်ရာရခဲ့ပါတယ်။

 

ပေါက်ကွဲမှုနောက်ကွယ်က လက် သည်ကို တိတိကျကျမသိရသေးခင်မှာဲ တစ်ပတ်အကြာမှာ ဒဏ်ရာရသူ တွေထဲက တစ်ဦး ထပ်မံသေဆုံးသွားတဲ့ အတွက် စုစုပေါင်းသေဆုံးသူ ၇ ဦးရှိသွားပြီဖြစ်ပါတယ်။

 

Ref: India revives civil militia after Hindu killings in Kashmir

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: India revives civil militia after Hindu killings in Kashmir

 

#PeopleMedia


Share this post