• Follow Us on
Latest News

Home ကခ်င္တိုက္ပြဲေရွာင္စခန္းမ်ား၌ အစိုးႏွင့္ လူမႈအဖြဲ႕အစည္းမ်ား၏ ေထာက္ပံ့မႈ ေလ်ာ့နည္းလာျခင္းေၾကာင့္ စားဝတ္ေနေရးအခက္ေတြ႕

ကခ်င္တိုက္ပြဲေရွာင္စခန္းမ်ား၌ အစိုးႏွင့္ လူမႈအဖြဲ႕အစည္းမ်ား၏ ေထာက္ပံ့မႈ ေလ်ာ့နည္းလာျခင္းေၾကာင့္ စားဝတ္ေနေရးအခက္ေတြ႕

Share this post

ျမစ္ႀကီးနား၊ နိုဝင္ဘာ ၃၀

ကခ်င္ျပည္နယ္အတြင္း ရွိတိုက္ပြဲေရွာင္စခန္းမ်ားတြင္ အစိုးရႏွင့္ ျပည္တြင္းျပည္ပလူမႈအဖြဲ႕အစည္းမ်ား ၏ကူညီေထာက္ပံ့မႈမ်ား သိသိသာသာေလ်ာ့နည္းလာသည့္ ေနာက္ပိုင္း စားဝတ္ေနေရးျပ သာနာကို အဓိကရင္ဆိုင္ႀကဳံေတြ႕လာရေၾကာင္း တိုက္ပြဲေရွာင္ျပည္သူမ်ားထံမွ သိရသည္။

အစိုးရ၊ ျပည္တြင္းလူမႈအဖြဲ႕အစည္မ်ား၊ ဘာသာေရးအဖြဲ႕အစည္းမ်ားႏွင့္ ျပည္ပလူမႈအဖြဲ႕အစည္းအသီးသီး အေနျဖင့္ တိုက္ပြဲေရွာင္ျပည္သူမ်ားကို လြန္ခဲ့သည့္ ၂၀၁၇ခုႏွစ္ ႏွစ္ကုန္ပိုင္းအထိ ကူညီေထာက္ပံ့မႈအား ေကာင္းခဲ့ေသာ္ ယခုေနာက္ပိုင္း သိသိသာသာေလ်ာ့နည္းက်ဆင္းလာၿပီး တိုက္ပြဲေရွာင္ ျပည္သူမ်ား အေနျဖင့္ စားဝတ္ေနေရးျပသာနာကို အဓိကရင္ဆိုင္ႀကဳံေတြ႕ေနရေၾကာင္း လူဦးေရ ငါးေထာင္ေက်ာ္ ရွိသည့္ ပလနစိန္ဂ်ိဳးတိုက္ပြဲေရွာင္စခန္း တာဝန္ခံ ဦးရွိန္ဂေရာင္းက ဆိုသည္။

“အစပိုင္းကေတာ့ စစ္ေရွာင္ေတြေရာက္လာၿပီဆိုရင္ စစ္ေရွာင္ေတြ ေရာက္လာတယ္ဆိုၿပီး လူမႈအဖြဲ႕ အစည္းေတြေကာ ဟိုအသင္းေတာ္က မိခင္အသင္း၊ ဒီဘက္အသင္းေတာ္က ဖခင္အသင္းေတာ္ေတြ က ဝင္လာၿပီးမွ ကူညီၾကတယ္။
ေနာက္ပိုင္းၾကေတာ့ စစ္ေရွာင္ေတြလည္း သူတို႔မွာ ပါလာတဲ့ေ႐ႊ၊ ေငြေတြ လည္းကုန္၊ေထာက္ပံ့တဲ့သူေတြလည္းမရွိဆိုေတာ့ ၾကာလာေလေလဒုကၡေရာက္ လာေလ ျဖစ္ေန တယ္။”ဟု ဦးရွိန္ဂေရာင္းကေျပာသည္။

ဤသို႔ေထာက္ပံ့ရာတြင္ အဓိကအားျဖင့္ NGO ၊ INGO စသည့္ျပည္ပအဖြဲ႕အစည္းမ်ား၊KBC ၊RC စသည့္ ဘာသာေရးအဖြဲ႕အစည္းမ်ားက အဓိကေထာက္ပံ့ေပးခဲ့ၿပီး အစိုးရအေနႏွင့္ တစ္ႏွစ္လ်င္ ႏွစ္ႀကိမ္ ခန႔္သာ ေထာက္ပံ့ေပးခဲ့ေၾကာင္း ယင္းစစ္ေရွာင္မ်ားကဆိုသည္။

“အခုလိုေထာက္ပံ့မႈေတြ ေလ်ာ့လာတာကေတာ့ စခန္းတိုင္းလိုလိုဘဲ။ အဖြဲ႕အစည္းေတြနဲ႕လႉတာျဖစ္ျဖစ္၊ ပုဂၢလိကကေနဘဲျဖစ္ျဖစ္ေထာက္ပံ့တာေတြ အရမ္းကိုေလ်ာ့သြားပါတယ္။ ဒီ ၂၀၁၉ခုႏွစ္မွာ ဆိုရင္ တစ္ႏွစ္လုံးသာေက်ာ္သြားတာ မတ္လတုန္းက ရခိုင္ CSOေတြက ေငြက်ပ္ႏွစ္သိန္းႏွစ္ေသာင္း ထင္တယ္ လႉသြားကတည္းကေန ဘာအလႉရွင္မွ မေရာက္ဘူး။တျဖည္းျဖည္းအလႉရွင္ေတြပါး လာတာသိသာတယ္” ဟု ဂ်ာမိုင္ေကာင္း စိန္ေပါလ္တိုက္ပြဲေရွာင္စခန္းမွ စခန္းတာဝန္ခံေဒၚ႐ြယ္ဂ်ားက ေျပာသည္။

ယခုကဲ့သို႔ အေထာက္အပံ့ေလ်ာ့နည္းလာမႈႏွင့္ တိုက္ပြဲေရွာင္ျပည္သူမ်ားအေနျဖင့္ အလုပ္အကိုင္ရွားပါးျခင္း၊လယ္ယာႏွင့္ ဝင္ေငြရရွိသည့္ လုပ္န္ငန္းမရွိျခင္း၊လူငယ္မ်ားအတြက္ အလုပ္အကိုင္ မရွိျခင္းစသည့္တို႔ေၾကာင့္ ၎တို႔၏ စားဝတ္ေနေရးျပသာနာကို အဓိကစိန္ေခၚမႈတစ္ရပ္အျဖစ္ရင္ဆိုင္ ႀကဳံေတြ႕ေနရေၾကာင္း တိုက္ပြဲေရွာင္ျပည္သူမ်ားက ဆိုသည္။

လက္ရွိကခ်င္ျပည္နယ္ အတြင္းရွိတိုက္ပြဲ ေရွာင္ျပည္သူ ၆၅ ရာခိုင္ႏႈန္းခန႔္တြင္ ၎တို႔၏ တစ္လဝင္ေငြမွာ ျမန္မာေငြ က်ပ္(၂၀၀၀၀)ေအာက္တြင္သာ ရွိေၾကာင္း ကခ်င္တိုက္ပြဲေရွာင္ျပည္သူမ်ား၏ သေဘာထား ဆႏၵမ်ားကို စစ္တမ္းေကာက္ယူခဲ့သည့္ UNHCR ၊ KBC ၊ KMSS စသည့္အဖြဲ႕အစည္းမ်ားမွ ေကာက္ယူထားသည့္ စစ္တမ္းမ်ားအရ သိရသည္။

ကခ်င္ျပည္နယ္တြင္ လက္ရွိတိုက္ပြဲေရွာင္ စခန္းေပါင္း (၁၀၀)ေက်ာ္၌ လူဦးေရ (၆၀၀၀)ေက်ာ္မွီ တင္းခိုလႈံေနရေၾကာင္း သိရသည္။

[Unicode]
ကချင်တိုက်ပွဲရှောင်စခန်းများ၌ အစိုးနှင့် လူမှုအဖွဲ့အစည်းများ၏ ထောက်ပံ့မှု လျော့နည်းလာခြင်းကြောင့် စားဝတ်နေရေးအခက်တွေ့

မြစ်ကြီးနား၊ နိုဝင်ဘာ ၃၀

ကချင်ပြည်နယ်အတွင်း ရှိတိုက်ပွဲရှောင်စခန်းများတွင် အစိုးရနှင့် ပြည်တွင်းပြည်ပလူမှုအဖွဲ့အစည်းများ ၏ကူညီထောက်ပံ့မှုများ သိသိသာသာလျော့နည်းလာသည့် နောက်ပိုင်း စားဝတ်နေရေးပြ သာနာကို အဓိကရင်ဆိုင်ကြုံတွေ့လာရကြောင်း တိုက်ပွဲရှောင်ပြည်သူများထံမှ သိရသည်။

အစိုးရ၊ ပြည်တွင်းလူမှုအဖွဲ့အစည်များ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်ပလူမှုအဖွဲ့အစည်းအသီးသီး အနေဖြင့် တိုက်ပွဲရှောင်ပြည်သူများကို လွန်ခဲ့သည့် ၂၀၁၇ခုနှစ် နှစ်ကုန်ပိုင်းအထိ ကူညီထောက်ပံ့မှုအား ကောင်းခဲ့သော် ယခုနောက်ပိုင်း သိသိသာသာလျော့နည်းကျဆင်းလာပြီး တိုက်ပွဲရှောင် ပြည်သူများ အနေဖြင့် စားဝတ်နေရေးပြသာနာကို အဓိကရင်ဆိုင်ကြုံတွေ့နေရကြောင်း လူဦးရေ ငါးထောင်ကျော် ရှိသည့် ပလနစိန်ဂျိုးတိုက်ပွဲရှောင်စခန်း တာဝန်ခံ ဦးရှိန်ဂရောင်းက ဆိုသည်။

“အစပိုင်းကတော့ စစ်ရှောင်တွေရောက်လာပြီဆိုရင် စစ်ရှောင်တွေ ရောက်လာတယ်ဆိုပြီး လူမှုအဖွဲ့ အစည်းတွေကော ဟိုအသင်းတော်က မိခင်အသင်း၊ ဒီဘက်အသင်းတော်က ဖခင်အသင်းတော်တွေ က ဝင်လာပြီးမှ ကူညီကြတယ်။
နောက်ပိုင်းကြတော့ စစ်ရှောင်တွေလည်း သူတို့မှာ ပါလာတဲ့ရွှေ၊ ငွေတွေ လည်းကုန်၊ထောက်ပံ့တဲ့သူတွေလည်းမရှိဆိုတော့ ကြာလာလေလေဒုက္ခရောက် လာလေ ဖြစ်နေ တယ်။”ဟု ဦးရှိန်ဂရောင်းကပြောသည်။

ဤသို့ထောက်ပံ့ရာတွင် အဓိကအားဖြင့် NGO ၊ INGO စသည့်ပြည်ပအဖွဲ့အစည်းများ၊KBC ၊RC စသည့် ဘာသာရေးအဖွဲ့အစည်းများက အဓိကထောက်ပံ့ပေးခဲ့ပြီး အစိုးရအနေနှင့် တစ်နှစ်လျင် နှစ်ကြိမ် ခန့်သာ ထောက်ပံ့ပေးခဲ့ကြောင်း ယင်းစစ်ရှောင်များကဆိုသည်။

“အခုလိုထောက်ပံ့မှုတွေ လျော့လာတာကတော့ စခန်းတိုင်းလိုလိုဘဲ။ အဖွဲ့အစည်းတွေနဲ့လှူတာဖြစ်ဖြစ်၊ ပုဂ္ဂလိကကနေဘဲဖြစ်ဖြစ်ထောက်ပံ့တာတွေ အရမ်းကိုလျော့သွားပါတယ်။ ဒီ ၂၀၁၉ခုနှစ်မှာ ဆိုရင် တစ်နှစ်လုံးသာကျော်သွားတာ မတ်လတုန်းက ရခိုင် CSOတွေက ငွေကျပ်နှစ်သိန်းနှစ်သောင်း ထင်တယ် လှူသွားကတည်းကနေ ဘာအလှူရှင်မှ မရောက်ဘူး။တဖြည်းဖြည်းအလှူရှင်တွေပါး လာတာသိသာတယ်” ဟု ဂျာမိုင်ကောင်း စိန်ပေါလ်တိုက်ပွဲရှောင်စခန်းမှ စခန်းတာဝန်ခံဒေါ်ရွယ်ဂျားက ပြောသည်။

ယခုကဲ့သို့ အထောက်အပံ့လျော့နည်းလာမှုနှင့် တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် အလုပ်အကိုင်ရှားပါးခြင်း၊လယ်ယာနှင့် ဝင်ငွေရရှိသည့် လုပ်န်ငန်းမရှိခြင်း၊လူငယ်များအတွက် အလုပ်အကိုင် မရှိခြင်းစသည့်တို့ကြောင့် ၎င်းတို့၏ စားဝတ်နေရေးပြသာနာကို အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ်ရင်ဆိုင် ကြုံတွေ့နေရကြောင်း တိုက်ပွဲရှောင်ပြည်သူများက ဆိုသည်။

လက်ရှိကချင်ပြည်နယ် အတွင်းရှိတိုက်ပွဲ ရှောင်ပြည်သူ ၆၅ ရာခိုင်နှုန်းခန့်တွင် ၎င်းတို့၏ တစ်လဝင်ငွေမှာ မြန်မာငွေ ကျပ်(၂၀၀၀၀)အောက်တွင်သာ ရှိကြောင်း ကချင်တိုက်ပွဲရှောင်ပြည်သူများ၏ သဘောထား ဆန္ဒများကို စစ်တမ်းကောက်ယူခဲ့သည့် UNHCR ၊ KBC ၊ KMSS စသည့်အဖွဲ့အစည်းများမှ ကောက်ယူထားသည့် စစ်တမ်းများအရ သိရသည်။

ကချင်ပြည်နယ်တွင် လက်ရှိတိုက်ပွဲရှောင် စခန်းပေါင်း (၁၀၀)ကျော်၌ လူဦးရေ (၆၀၀၀)ကျော်မှီ တင်းခိုလှုံနေရကြောင်း သိရသည်။

#PeopleMedia #Peace


Share this post