• Follow Us on

Home ကခ်င္တိုက္ပြဲေရွာင္ျပည္သူမ်ားကို တန္ဖိုးေငြက်ပ္ ၁၉ ဘီလီယံေက်ာ္ အထိ ေထာက္ပံ့ႏိုင္ခဲ့ဟု ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ဆို

ကခ်င္တိုက္ပြဲေရွာင္ျပည္သူမ်ားကို တန္ဖိုးေငြက်ပ္ ၁၉ ဘီလီယံေက်ာ္ အထိ ေထာက္ပံ့ႏိုင္ခဲ့ဟု ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ဆို

Share this post

ျမစ္ႀကီးနား၊ ဇူလိုင္ ၁၈

ကခ်င္ျပည္နယ္အစိုးရအဖြဲ႕၏ အစိုးရသက္တမ္းေလးႏွစ္တာ ကာလတြင္ ကခ်င္တိုက္ပြဲေရွာင္ျပည္သူမ်ားအား စားေသာက္ကုန္၊ လူသုံးကုန္ပစၥည္းေထာက္ပံ့မႈႏွင့္ ေငြသားေထာက္ပံ့မႈ တန္ဖိုးအပါအဝင္ စုစုေပါင္း ေငြက်ပ္ (၁၉)ဘီလီယံေက်ာ္အထိ ေထာက္ပံ့ေပးႏိုင္ခဲ့ေၾကာင္း ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္က ေျပာဆိုခဲ့သည္။

ယေန႔ ဇူလိုင္လ (၁၇)ရက္ေန႔က ကခ်င္ျပည္နယ္အစိုးရအဖြဲ႕႐ုံးဝင္းအတြင္းရွိ ေမခန္းမတြင္ ျပဳလုပ္က်င္းပခဲ့ သည့္ ”ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕၏ စတုတၳတစ္ႏွစ္တာ သတင္းစာရွင္းလင္းပြဲ” အခမ္းအနား၌ ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္က အဖြင့္မိန္႔ခြန္းေျပာၾကားရာတြင္ အစိုးရအဖြဲ႕ ေလးႏွစ္တာကာလအတြင္း ကခ်င္တိုက္ ပြဲေရွာင္ျပည္သူမ်ားအားေထာက္ပံ့ခဲ့မႈႏွင့္စပ္လ်ဥ္း၍ ယခုကဲ့သို႔ထည့္သြင္းေျပာဆိုခဲ့သည္။

”ကြၽန္ေတာ္တို႔ ျပည္နယ္အစိုးရအေနနဲ႔ စစ္ေရွာင္စခန္း (၈၄) ခုမွာ ေနထိုင္ၾကတဲ့ စစ္ေရွာင္ျပည္သူ အိမ္ေထာင္စု (၇၉၁၇)စုကို လစဥ္ စားေသာက္ကုန္ပစၥည္းႏွင့္ လူသုံးကုန္ပစၥည္းတန္ဖိုး၊ ေငြသားတန္ဖိုး အားလုံးစုစုေပါင္း (၁၉ ဒသမ ၈)ဘီလီယံ ေထာက္ပံ့ေပးႏိုင္ခဲ့ပါတယ္”ဟု ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္က ေျပာ သည္။

ဤသို႔ ေထာက္ပံ့ရာတြင္ စားေသာက္ကုန္ႏွင့္ လူသုံးကုန္ပစၥည္းေထာက္ပံ့မႈအတြက္ တန္ဖိုးေငြက်ပ္ (၄ဒသမ ၂)ဘီလီယံ၊ ေငြသားသီးသန္႔ေထာက္ပံ့မႈအတြက္ (၁၅ဒသမ ၆)ဘီလီယံ အထိ ေထာက္ပံ့ေပးခဲ့ေၾကာင္း ဝန္ႀကီး ခ်ဳပ္ ေျပာဆိုခ်က္မ်ားအရသိရသည္။

ျပည္နယ္အစိုးရအဖြဲ႕က ေထာက္ပံ့ခဲ့သည့္အေျခအေနႏွင့္ပတ္သက္၍ လက္ရွိတြင္ တိုက္ပြဲေရွာင္ လူဦးေရ (၇၀၀) ေက်ာ္ မွီတင္းေနထိုင္သည့္ ဇီးအြန္တိုက္ပြဲေရွာင္စခန္းတာဝန္ခံ ဦးလမိုင္အား ေမးျမန္းခဲ့ရာ ယခုကဲ့ သို႔ေျပာဆိုခဲ့သည္။

”ဆန္ကေတာ့ ေထာက္ပံ့တာရွိတယ္။ လတိုင္းေတာ့ မရွိပါဘူး။ ဒီႏွစ္ထဲမွာေတာ့ ကိုဗစ္ကာလအတြက္ဆိုၿပီး ကၽြန္ေတာ့စခန္းမွာေတာ့ ဆန္အိတ္ (၁၀၀) ပဲ လာေထာက္ပံ့တယ္။ ေငြသားကေတာ့မရွိဘူး။ အရင္တုန္းက ၂၀၁၆ ဇြန္လမွာေတာ့ လူ/ကယ္ျပန္က ေငြသိန္းငါးဆယ္လာေထာက္ပံ့တယ္။ ဒီေနာက္ပိုင္းမွာေတာ့ မရွိဘူး ေထာက္ပံ့မယ္လို႔ေတာ့ေျပာတယ္ ခုထိေတာ့ မရေသးဘူး”ဟု ဦးလမိုင္က ေျပာသည္။

တပ္မေတာ္ႏွင့္ KIA တို႔ၾကား ၂၀၁၁ ခုႏွစ္က ျပန္လည္ျဖစ္ပြားခဲ့ေသာ တိုက္ပြဲမ်ားေၾကာင့္ ေဘးလြတ္ရာသို႔ တိမ္းေရွာင္မွီတင္းေနထိုင္ခဲ့သည့္ တိုက္ပြဲေရွာင္ျပည္သူတစ္သိန္းေက်ာ္အထိရွိခဲ့ၿပီး လက္ရ္ှိကခ်င္တစ္ျပည္နယ္ လုံးတြင္ တိုက္ပြဲေရွာင္စခန္းေပါင္း (၈၀)ေက်ာ္အထိက်န္ရွိေနေသးေၾကာင္းသိရသည္။

လြမ္းေအာင္

#PeopleMedia

(unicode)
ကချင်တိုက်ပွဲရှောင်ပြည်သူများကို တန်ဖိုးငွေကျပ် ၁၉ ဘီလီယံကျော် အထိ ထောက်ပံ့နိုင်ခဲ့ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ်ဆို
…………………………………………………

မြစ်ကြီးနား၊ ဇူလိုင် ၁၈

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစိုးရသက်တမ်းလေးနှစ်တာ ကာလတွင် ကချင်တိုက်ပွဲရှောင်ပြည်သူများအား စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းထောက်ပံ့မှုနှင့် ငွေသားထောက်ပံ့မှု တန်ဖိုးအပါအဝင် စုစုပေါင်း ငွေကျပ် (၁၉)ဘီလီယံကျော်အထိ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောဆိုခဲ့သည်။

ယနေ့ ဇူလိုင်လ (၁၇)ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ မေခန်းမတွင် ပြုလုပ်ကျင်းပခဲ့ သည့် ”ကချင်ပြည်နယ် အစိုးရအဖွဲ့၏ စတုတ္ထတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲ” အခမ်းအနား၌ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် အစိုးရအဖွဲ့ လေးနှစ်တာကာလအတွင်း ကချင်တိုက် ပွဲရှောင်ပြည်သူများအားထောက်ပံ့ခဲ့မှုနှင့်စပ်လျဉ်း၍ ယခုကဲ့သို့ထည့်သွင်းပြောဆိုခဲ့သည်။

”ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ စစ်ရှောင်စခန်း (၈၄) ခုမှာ နေထိုင်ကြတဲ့ စစ်ရှောင်ပြည်သူ အိမ်ထောင်စု (၇၉၁၇)စုကို လစဉ် စားသောက်ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းတန်ဖိုး၊ ငွေသားတန်ဖိုး အားလုံးစုစုပေါင်း (၁၉ ဒသမ ၈)ဘီလီယံ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်”ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြော သည်။

ဤသို့ ထောက်ပံ့ရာတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းထောက်ပံ့မှုအတွက် တန်ဖိုးငွေကျပ် (၄ဒသမ ၂)ဘီလီယံ၊ ငွေသားသီးသန့်ထောက်ပံ့မှုအတွက် (၁၅ဒသမ ၆)ဘီလီယံ အထိ ထောက်ပံ့ပေးခဲ့ကြောင်း ဝန်ကြီး ချုပ် ပြောဆိုချက်များအရသိရသည်။

ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ခဲ့သည့်အခြေအနေနှင့်ပတ်သက်၍ လက်ရှိတွင် တိုက်ပွဲရှောင် လူဦးရေ (၇၀၀) ကျော် မှီတင်းနေထိုင်သည့် ဇီးအွန်တိုက်ပွဲရှောင်စခန်းတာဝန်ခံ ဦးလမိုင်အား မေးမြန်းခဲ့ရာ ယခုကဲ့ သို့ပြောဆိုခဲ့သည်။

”ဆန်ကတော့ ထောက်ပံ့တာရှိတယ်။ လတိုင်းတော့ မရှိပါဘူး။ ဒီနှစ်ထဲမှာတော့ ကိုဗစ်ကာလအတွက်ဆိုပြီး ကျွန်တော့စခန်းမှာတော့ ဆန်အိတ် (၁၀၀) ပဲ လာထောက်ပံ့တယ်။ ငွေသားကတော့မရှိဘူး။ အရင်တုန်းက ၂၀၁၆ ဇွန်လမှာတော့ လူ/ကယ်ပြန်က ငွေသိန်းငါးဆယ်လာထောက်ပံ့တယ်။ ဒီနောက်ပိုင်းမှာတော့ မရှိဘူး ထောက်ပံ့မယ်လို့တော့ပြောတယ် ခုထိတော့ မရသေးဘူး”ဟု ဦးလမိုင်က ပြောသည်။

တပ်မတော်နှင့် KIA တို့ကြား ၂၀၁၁ ခုနှစ်က ပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်မှီတင်းနေထိုင်ခဲ့သည့် တိုက်ပွဲရှောင်ပြည်သူတစ်သိန်းကျော်အထိရှိခဲ့ပြီး လက်ရ်ှိကချင်တစ်ပြည်နယ် လုံးတွင် တိုက်ပွဲရှောင်စခန်းပေါင်း (၈၀)ကျော်အထိကျန်ရှိနေသေးကြောင်းသိရသည်။

လွမ်းအောင်

#PeopleMedia


Share this post