• Follow Us on

Home ကခ်င္တိုက္ပြဲေရွာင္ အိမ္ေထာင္စု ေလးဆယ့္ငါးစုအတြက္ တစ္အိမ္ေထာင္ကို က်ပ္ေလးသိန္းႏႈန္းျဖင့္ ျပည္နယ္ ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီက ေငြသား ေထာက္ပံ့

ကခ်င္တိုက္ပြဲေရွာင္ အိမ္ေထာင္စု ေလးဆယ့္ငါးစုအတြက္ တစ္အိမ္ေထာင္ကို က်ပ္ေလးသိန္းႏႈန္းျဖင့္ ျပည္နယ္ ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီက ေငြသား ေထာက္ပံ့

Share this post

ျမစ္ႀကီးနား၊ ဒီဇင္ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ေပၚက တိုက္ပြဲေရွာင္စခန္းသုံးခုကို ကခ်င္ျပည္နယ္ ၾကက္ေျခနီႀကီးၾကပ္မႈ ေကာ္မတီက ယေန႔ (ဒီဇင္ဘာ ၁၄) ရက္ေန႔တြင္ ေငြသားလိုက္လံေထာက္ပံ့ေပးခဲ့သည္။

ဤသို႔ေထာက္ပံ့ရာတြင္ စီတာပူရပ္ကြက္ရွိ ဧမာေႏြလတိုက္ပြဲေရွာင္ စခန္းမွ အိမ္ေထာင္စု (၁၆)စု၊ ကဘူဒမ္ ေက်းရြာရွိ ဘူဒမ္တိုက္ပြဲေရွာင္စခန္းမွ အိမ္ေထာင္စု(၂)စုႏွင့္ ပမၼတီတိုက္ပြဲေရွာင္စခန္းမွ အိမ္ေထာင္စု (၂၇)စု အတြက္ တစ္အိမ္ေထာင္က်ပ္ေလးသိန္းႏႈန္းျဖင့္ စုစုေပါင္း က်ပ္ (၁၀၈၀၀၀၀၀) သိန္းအထိ လွဴဒါန္းေပးခဲ့ ေၾကာင္း ကခ်င္ျပည္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီတာဝန္ရွိသူက ဆိုသည္။

ျမစ္ႀကီးနားၿမိဳ႕ေပၚက တိုက္ပြဲေရွာင္စခန္းမ်ားနက္ အဆိုပါ စခန္းသုံးခုအား ေရြးခ်ယ္ေထာက္ပံ့ရျခင္းႏွင့္ ပတ္သက္ၿပီး ကခ်င္ျပည္နယ္ ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီဥကၠ႒ ဦးဘရန္ဒီးက ယခုကဲ့သို႔ ဆိုသည္။

“ကၽြန္ေတာ္တို႔ ဒီ IDP Camp ေတြကို ေရြးခ်ယ္တဲ့ေနရာမွာ ကၽြန္ေတာ္တို႔ကၿမိဳ႕ေပၚမွာရွိတဲ့ IDP Camp ေတြထဲက တျခားေသာ အဖြဲ႕အစည္းေတြ၊ လူမႈအဖြဲ႕အစည္းေတြ သိပ္မရတဲ့ Camp ေတြကို ေရြးခ်ယ္တယ္။ ၿပီးေတာ့ အဲ့ဒီ Camp ထဲမွာမွ မုဆိုးမေတြရွိေနလား၊ နာတာရွည္ေရာဂါျဖစ္ေနတဲ့သူေတြ မိသားစုထဲမွာပါသလား။ မသန္စြမ္းေတြပါသလားေပါ့ အဲ့ဒီအခ်က္ေတြ ၾကည့္ၿပီးမွေရြးခ်ယ္ၿပီးေပးျခင္း ျဖစ္ပါတယ္” ဟု ဦးဘရန္ဒီးက ေျပာသည္။

ျပည္နယ္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီအေနျဖင့္ ဤသို႔လာေရာက္လွဴဒါန္းေပးသည့္အေပၚ ပမၼတီးတိုက္ပြဲ ေရွာင္စခန္းမွ ဦးလဘူဒမ္းက ယခုကဲ့သို႔ဆိုသည္။

“ဒီလိုလာေထာက္ပံ့ေပးတဲ့အတြက္ တကယ္ကို ေက်းဇူးတင္ပါတယ္။ အခုက ကိုဗစ္ကာလလည္းျဖစ္တယ္ဆို ေတာ့ ကၽြန္ေတာ္တို႔ တိုက္ပြဲေရွာင္မိသားစုေတြလည္း စားဝတ္ေနေရးကေတာ့ အင္မတန္ခက္ခဲပါတယ္။ အခုလို လာေထာက္ပံ့ေတာ့ မိသားစုအတြက္ အဆင္ေျပတာေပါ့” ဟု ဦးလဘူဒမ္းက ေျပာသည္။

ဤသို႔ေထာက္ပံ့ရာတြင္ ျမန္မာနိုင္ငံၾကက္ေျခနီအသင္း၊ ကခ်င္ျပည္နယ္ ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီႏွင့္ CRC၊ DRC၊ GRC တို႔ ပူးေပါင္းေဆာင္ရြက္မည့္ စီမံခ်က္ၿမိဳ႕နယ္မ်ားျဖစ္သည့္ ဗန္းေမာ္၊ ေရႊကူ၊ မံစီ၊ တနိုင္း၊ ရွဒူးဇြပ္၊ ခ်ီေဖြ၊ ဝိုင္းေမာ္၊ မိုးေကာင္း၊ မိုးေမာက္စသည့္ေနရာမ်ားရွိ တိုက္ပြဲေရွာင္စခန္းမ်ားသာ ေထာက္ပံ့ေပး လ်က္ရ္ွိသည္။

“ကၽြန္ေတာ္တို႔က ႏွစ္စဥ္ေတာ့ေထာက္ပံ့ေနပါတယ္။ ဒါေပမယ့္ ခါတိုင္းႏွစ္ မေရာက္ရွိေသးတဲ့ေနရာေတြကို ေရာက္တယ္ ၿပီးရင္ကၽြန္ေတာ္တို႔အေနနဲ႔က အမ်ားရဲ႕ ကူညီမႈေထာက္ပံ့မႈမရွိတဲ့ IDPs Camp ေတြကိုလည္း ေရြးခ်ယ္ပါတယ္။ ၿပီးရင္ က်န္းမာေရးမေကာင္းတဲ့လူ၊ ကေလးေတြမ်ားတဲ့ မုဆိုးမတို႔မသန္မစြမ္းေတြရွိလား ဆိုတဲ့ အခ်က္အလက္ေတြကို ၾကည့္ၿပီးေထာက္ပံ့ပါတယ္” ဟု ဥကၠ႒ ဦးဘရန္ဒီးက ထည့္သြင္းေျပာဆိုခဲ့သည္။

တပ္မေတာ္ႏွင့္ KIA တို႔ၾကား ၂၀၁၁ ခုႏွစ္က ျပန္လည္ျဖစ္ပြားခဲ့ေသာ တိုက္ပြဲမ်ားေၾကာင့္ ေဘးလြတ္ရာသို႔ တိန္းေရွာင္မွီတင္းေနထိုင္ခဲ့သည့္ တိုက္ပြဲေရွာင္ျပည္သူတစ္သိန္းေက်ာ္အထိရွိခဲ့ၿပီး လက္ရ္ွိကခ်င္တစ္ျပည္နယ္ လုံးတြင္ တိုက္ပြဲေရွာင္စခန္းေပါင္း (၈၀)နီးပါးအထိ က်န္ရွိသည္။

Photos – EPN ၾကက္ေျခနီအသင္း

လြမ္းေအာင္

#PeopleMedia #ၾကက္ေျခနီအသင္း

(unicode)
ကချင်တိုက်ပွဲရှောင် အိမ်ထောင်စု လေးဆယ့်ငါးစုအတွက် တစ်အိမ်ထောင်ကို ကျပ်လေးသိန်းနှုန်းဖြင့် ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီက ငွေသား ထောက်ပံ့
…………………………………………………………….

မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က တိုက်ပွဲရှောင်စခန်းသုံးခုကို ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီက ယနေ့ (ဒီဇင်ဘာ ၁၄) ရက်နေ့တွင် ငွေသားလိုက်လံထောက်ပံ့ပေးခဲ့သည်။

ဤသို့ထောက်ပံ့ရာတွင် စီတာပူရပ်ကွက်ရှိ ဧမာနွေလတိုက်ပွဲရှောင် စခန်းမှ အိမ်ထောင်စု (၁၆)စု၊ ကဘူဒမ် ကျေးရွာရှိ ဘူဒမ်တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု(၂)စုနှင့် ပမ္မတီတိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု (၂၇)စု အတွက် တစ်အိမ်ထောင်ကျပ်လေးသိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် (၁၀၈၀၀၀၀၀) သိန်းအထိ လှူဒါန်းပေးခဲ့ ကြောင်း ကချင်ပြည်ကြက်ခြေနီကြီးကြပ်မှုကော်မတီတာဝန်ရှိသူက ဆိုသည်။

မြစ်ကြီးနားမြို့ပေါ်က တိုက်ပွဲရှောင်စခန်းများနက် အဆိုပါ စခန်းသုံးခုအား ရွေးချယ်ထောက်ပံ့ရခြင်းနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးက ယခုကဲ့သို့ ဆိုသည်။

“ကျွန်တော်တို့ ဒီ IDP Camp တွေကို ရွေးချယ်တဲ့နေရာမှာ ကျွန်တော်တို့ကမြို့ပေါ်မှာရှိတဲ့ IDP Camp တွေထဲက တခြားသော အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ သိပ်မရတဲ့ Camp တွေကို ရွေးချယ်တယ်။ ပြီးတော့ အဲ့ဒီ Camp ထဲမှာမှ မုဆိုးမတွေရှိနေလား၊ နာတာရှည်ရောဂါဖြစ်နေတဲ့သူတွေ မိသားစုထဲမှာပါသလား။ မသန်စွမ်းတွေပါသလားပေါ့ အဲ့ဒီအချက်တွေ ကြည့်ပြီးမှရွေးချယ်ပြီးပေးခြင်း ဖြစ်ပါတယ်” ဟု ဦးဘရန်ဒီးက ပြောသည်။

ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအနေဖြင့် ဤသို့လာရောက်လှူဒါန်းပေးသည့်အပေါ် ပမ္မတီးတိုက်ပွဲ ရှောင်စခန်းမှ ဦးလဘူဒမ်းက ယခုကဲ့သို့ဆိုသည်။

“ဒီလိုလာထောက်ပံ့ပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ အခုက ကိုဗစ်ကာလလည်းဖြစ်တယ်ဆို တော့ ကျွန်တော်တို့ တိုက်ပွဲရှောင်မိသားစုတွေလည်း စားဝတ်နေရေးကတော့ အင်မတန်ခက်ခဲပါတယ်။ အခုလို လာထောက်ပံ့တော့ မိသားစုအတွက် အဆင်ပြေတာပေါ့” ဟု ဦးလဘူဒမ်းက ပြောသည်။

ဤသို့ထောက်ပံ့ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် CRC၊ DRC၊ GRC တို့ ပူးပေါင်းဆောင်ရွက်မည့် စီမံချက်မြို့နယ်များဖြစ်သည့် ဗန်းမော်၊ ရွှေကူ၊ မံစီ၊ တနိုင်း၊ ရှဒူးဇွပ်၊ ချီဖွေ၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးမောက်စသည့်နေရာများရှိ တိုက်ပွဲရှောင်စခန်းများသာ ထောက်ပံ့ပေး လျက်ရ်ှိသည်။

“ကျွန်တော်တို့က နှစ်စဉ်တော့ထောက်ပံ့နေပါတယ်။ ဒါပေမယ့် ခါတိုင်းနှစ် မရောက်ရှိသေးတဲ့နေရာတွေကို ရောက်တယ် ပြီးရင်ကျွန်တော်တို့အနေနဲ့က အများရဲ့ ကူညီမှုထောက်ပံ့မှုမရှိတဲ့ IDPs Camp တွေကိုလည်း ရွေးချယ်ပါတယ်။ ပြီးရင် ကျန်းမာရေးမကောင်းတဲ့လူ၊ ကလေးတွေများတဲ့ မုဆိုးမတို့မသန်မစွမ်းတွေရှိလား ဆိုတဲ့ အချက်အလက်တွေကို ကြည့်ပြီးထောက်ပံ့ပါတယ်” ဟု ဥက္ကဋ္ဌ ဦးဘရန်ဒီးက ထည့်သွင်းပြောဆိုခဲ့သည်။

တပ်မတော်နှင့် KIA တို့ကြား ၂၀၁၁ ခုနှစ်က ပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ တိန်းရှောင်မှီတင်းနေထိုင်ခဲ့သည့် တိုက်ပွဲရှောင်ပြည်သူတစ်သိန်းကျော်အထိရှိခဲ့ပြီး လက်ရ်ှိကချင်တစ်ပြည်နယ် လုံးတွင် တိုက်ပွဲရှောင်စခန်းပေါင်း (၈၀)နီးပါးအထိ ကျန်ရှိသည်။

Photos – EPN ကြက်ခြေနီအသင်း

လွမ်းအောင်

#PeopleMedia #ကြက်ခြေနီအသင်း


Share this post