• Follow Us on

Home ကခ်င္တိုက္ပြဲေရွာင္ ျပည္သူမ်ားကို စိတ္အားမငယ္ၾကဖို႔ ႏိုင္ငံေတာ္ ဒုသမၼတ (၂) တိုက္တြန္း

ကခ်င္တိုက္ပြဲေရွာင္ ျပည္သူမ်ားကို စိတ္အားမငယ္ၾကဖို႔ ႏိုင္ငံေတာ္ ဒုသမၼတ (၂) တိုက္တြန္း

Share this post

ျမစ္ႀကီးနား၊ ႏိုဝင္ဘာ ၁၈
ကခ်င္ျပည္နယ္အတြင္းရွိ တိုက္ပြဲေရွာင္ျပည္သူမ်ားကို စိတ္အားမငယ္ၾကရန္ ႏိုင္ငံေတာ္ ဒုတိယသမၼတ (၂) မွ အားေပး တိုက္တြန္းေျပာဆိုခဲ့သည္။

ႏိုင္ငံေတာ္ဒုတိယ သမၼတ(၂) ဦးဟင္နရီဗန္ထီးယူ၏ ဒုတိယအႀကိမ္ ကခ်င္ျပည္နယ္ခရီးစဥ္ ႏိုဝင္ဘာလ (၁၅) ရက္ေန႔က မိုင္းနားေက်းရြာရွိ KBC တိုက္ပြဲေရွာင္စခန္းမွ တိုက္ပြဲေရွာင္ ျပည္သူမ်ားႏွင့္ ေတြ႕ဆုံရာတြင္ ယခုကဲ့သို႔ ေျပာဆိုတိုက္တြန္းခဲ့ျခင္း ျဖစ္သည္။

“မိဘျပည္သူမ်ားအေနနဲ႔ ဒီလိုအေနအထားနဲ႔ ေနထိုင္ေနတဲ့ရတာကို စိတ္အားမငယ္ၾကပါနဲ႔၊ ႏိုင္ငံေတာ္ကေန ျပည္နယ္တည္ၿငိမ္ေအးခ်မ္းမႈရရွိေအာင္ ေဆာင္ရြက္ေနသလိုဘဲ၊ တည္ၿငိမ္ေအးခ်မ္းမႈမရရွိေသးတဲ့ အခ်ိန္စပ္ ၾကားမွာ ဒီလိုေနရာမ်ိဳးမွာ ေရာက္ရွိလာတဲ့ မိဘျပည္သူေမာင္ႏွမေတြကို ႏိုင္ငံေတာ္အစိုးရကေနၿပီး ပစ္ပယ္ မထားဘဲ သတ္မွတ္ထားတဲ့ မူေဘာင္နဲ႔ စည္းမ်ဉ္းစည္းကမ္းနဲ႔အညီ အတတ္ႏိုင္ဆုံးႀကိဳးစားပမ္းစား ေဆာင္ရြက္ ေပးေနပါတယ္ စိတ္အားမငယ္ၾကပါနဲ႔” ဟု ႏိုင္ငံေတာ္ဒုတိယ သမၼတ(၂) ဦးဟင္နရီဗန္ထီးယူက တိုက္တြန္း ေျပာဆိုခဲ့သည္။

ကခ်င္ျပည္နယ္အတြင္းတြင္ တိုက္ပြဲေရွာင္စခန္းေျမာက္မ်ားစြာရွိေနၿပီး အခ်ိဳ႕တိုက္ပြဲေရွာင္စခန္းမ်ားမွာ သြား လာရန္ ခက္ခဲၿပီး ႏိုင္ငံေတာ္အစိုးရအေနျဖင့္ လက္လွမ္းမွီႏိုင္ရန္ အားနည္းသည့္အေျခအေနတြင္ ရွိေနျခင္း ေၾကာင့္ ယင္းတိုက္ပြဲေရွာင္ျပည္သူမ်ားအေနျဖင့္လည္း စိတ္အားမငယ္ရန္ ယခုကဲ့သို႔ တိုက္တြန္းေျပာဆိုခဲ့ သည္။

“ထပ္မံေျပာျပခ်င္တာကေတာ့ ဒီေနရာတစ္ေနရာတစ္ခုထဲရွိတာ မဟုတ္ဘူး။ တျခားေနရာေတြမွာလည္း ရွိပါတယ္။ တျခားေနရာမွာရွိတဲ့ တိုက္ပြဲေရွာင္ မိဘျပည္သူ ေမာင္ႏွမမ်ားလည္း ကြၽန္ေတာ္ထင္တယ္ တစ္ခ်ိဳ႕ေနရာဆိုရင္ ႏိုင္ငံေတာ္အစိုးရကေန အေလးထားေဆာင္ရြက္ေပးႏိုင္မယ့္ အေနအထားမ်ိဳးနဲ႔ နည္းနည္း အလွမ္းေဝးတဲ့ ေနရာေတြဆိုလို႔ဆိုရင္ ဒီထက္ေတာ့ နည္းနည္းအားနည္းခ်က္ေတာ့ရွိမယ္ ဘယ္လိုအေျခအေန ဘဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ အားလုံးကို တန္းတူဘဲျမင္ပါတယ္”ဟု ဒုသမၼတဦးဟင္နရီ ဗန္ထီးယူက ေျပာဆိုခဲ့သည္။

လက္ရွိကခ်င္ျပည္နယ္အတြင္းတြင္ တိုက္ပြဲေရွာင္ စခန္းေပါင္း (၁၀၀)ေက်ာ္တြင္ တိုက္ပြဲေရွာင္ျပည္သူ စုစုေပါင္း (၇၀၀၀)ဦးေက်ာ္ရွိေနေၾကာင္း UNHCR ၊ KBC ႏွင့္ KMSSတို႔မွ ေကာက္ယူထားေသာ စစ္တမ္းမ်ားအရ သိရ သည္။

လြမ္းေအာင္

#PeopleMedia #EPN

(Unicode)
ကချင်တိုက်ပွဲရှောင် ပြည်သူများကို စိတ်အားမငယ်ကြဖို့ နိုင်ငံတော် ဒုသမ္မတ (၂) တိုက်တွန်း
…………………………………………………………

မြစ်ကြီးနား၊ နိုဝင်ဘာ ၁၈
ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများကို စိတ်အားမငယ်ကြရန် နိုင်ငံတော် ဒုတိယသမ္မတ (၂) မှ အားပေး တိုက်တွန်းပြောဆိုခဲ့သည်။

နိုင်ငံတော်ဒုတိယ သမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၏ ဒုတိယအကြိမ် ကချင်ပြည်နယ်ခရီးစဉ် နိုဝင်ဘာလ (၁၅) ရက်နေ့က မိုင်းနားကျေးရွာရှိ KBC တိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင် ပြည်သူများနှင့် တွေ့ဆုံရာတွင် ယခုကဲ့သို့ ပြောဆိုတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

“မိဘပြည်သူများအနေနဲ့ ဒီလိုအနေအထားနဲ့ နေထိုင်နေတဲ့ရတာကို စိတ်အားမငယ်ကြပါနဲ့၊ နိုင်ငံတော်ကနေ ပြည်နယ်တည်ငြိမ်အေးချမ်းမှုရရှိအောင် ဆောင်ရွက်နေသလိုဘဲ၊ တည်ငြိမ်အေးချမ်းမှုမရရှိသေးတဲ့ အချိန်စပ် ကြားမှာ ဒီလိုနေရာမျိုးမှာ ရောက်ရှိလာတဲ့ မိဘပြည်သူမောင်နှမတွေကို နိုင်ငံတော်အစိုးရကနေပြီး ပစ်ပယ် မထားဘဲ သတ်မှတ်ထားတဲ့ မူဘောင်နဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ အတတ်နိုင်ဆုံးကြိုးစားပမ်းစား ဆောင်ရွက် ပေးနေပါတယ် စိတ်အားမငယ်ကြပါနဲ့” ဟု နိုင်ငံတော်ဒုတိယ သမ္မတ(၂) ဦးဟင်နရီဗန်ထီးယူက တိုက်တွန်း ပြောဆိုခဲ့သည်။

ကချင်ပြည်နယ်အတွင်းတွင် တိုက်ပွဲရှောင်စခန်းမြောက်များစွာရှိနေပြီး အချို့တိုက်ပွဲရှောင်စခန်းများမှာ သွား လာရန် ခက်ခဲပြီး နိုင်ငံတော်အစိုးရအနေဖြင့် လက်လှမ်းမှီနိုင်ရန် အားနည်းသည့်အခြေအနေတွင် ရှိနေခြင်း ကြောင့် ယင်းတိုက်ပွဲရှောင်ပြည်သူများအနေဖြင့်လည်း စိတ်အားမငယ်ရန် ယခုကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ သည်။

“ထပ်မံပြောပြချင်တာကတော့ ဒီနေရာတစ်နေရာတစ်ခုထဲရှိတာ မဟုတ်ဘူး။ တခြားနေရာတွေမှာလည်း ရှိပါတယ်။ တခြားနေရာမှာရှိတဲ့ တိုက်ပွဲရှောင် မိဘပြည်သူ မောင်နှမများလည်း ကျွန်တော်ထင်တယ် တစ်ချို့နေရာဆိုရင် နိုင်ငံတော်အစိုးရကနေ အလေးထားဆောင်ရွက်ပေးနိုင်မယ့် အနေအထားမျိုးနဲ့ နည်းနည်း အလှမ်းဝေးတဲ့ နေရာတွေဆိုလို့ဆိုရင် ဒီထက်တော့ နည်းနည်းအားနည်းချက်တော့ရှိမယ် ဘယ်လိုအခြေအနေ ဘဲဖြစ်ဖြစ် ကျွန်တော်တို့ နိုင်ငံတော်အစိုးရအနေနဲ့ အားလုံးကို တန်းတူဘဲမြင်ပါတယ်”ဟု ဒုသမ္မတဦးဟင်နရီ ဗန်ထီးယူက ပြောဆိုခဲ့သည်။

လက်ရှိကချင်ပြည်နယ်အတွင်းတွင် တိုက်ပွဲရှောင် စခန်းပေါင်း (၁၀၀)ကျော်တွင် တိုက်ပွဲရှောင်ပြည်သူ စုစုပေါင်း (၇၀၀၀)ဦးကျော်ရှိနေကြောင်း UNHCR ၊ KBC နှင့် KMSSတို့မှ ကောက်ယူထားသော စစ်တမ်းများအရ သိရ သည်။

လွမ်းအောင်

#PeopleMedia #EPN


Share this post