• Follow Us on

Home ကခ်င္ျပည္နယ္တြင္ မူးယစ္ေဆးစြဲအမ်ိဳးသမီးမ်ားအတြက္ သီးသန္႔ေဆးျဖတ္စခန္းလိုအပ္ေန

ကခ်င္ျပည္နယ္တြင္ မူးယစ္ေဆးစြဲအမ်ိဳးသမီးမ်ားအတြက္ သီးသန္႔ေဆးျဖတ္စခန္းလိုအပ္ေန

Share this post

ျမစ္ႀကီးနား၊ ၾသဂုတ္ ၂၉

ကခ်င္ျပည္နယ္အတြင္း မူးယစ္ေဆးဝါးစြဲေနသည့္ အမ်ိဳးသမီးမ်ားအတြက္ အမ်ိဳးသမီးသီးသန္႔ေဆးျဖတ္စခန္း လိုအပ္မႈေတြ ရွိေနတယ္လို႔ မူးယစ္ေဆးဝါးျဖတ္စင္တာတစ္ခုျဖစ္တဲ့ Youth for Crist Center တည္ေထာင္သူ ဆရာအဂ်ာက ေျပာပါတယ္။

“မူးယစ္ေဆးျဖတ္သူေတြကို ေဆးျဖတ္ေပးတယ္ဆိုတဲ့ က႑မွာ မူးယစ္ေဆးဝါးစြဲေနတဲ့ အမ်ိဳးသားနဲ႔အမ်ိဳးသမီးေတြက မတူဘူး။ အမ်ိဳးသမီးေတြမွာ ဂုဏ္သိကၡာပိုင္းအရ ခက္ခဲမႈေတြရွိတယ္။ သူတို႔ရဲ႕အရွက္တရားေပါ႔။ ဒါ႔ေၾကာင့္ သူတို႔ေတြက မူးယစ္ေဆးျဖတ္ဖို႔အတြက္ဆိုရင္ ေရာက္လာဖို႔က ခက္ခဲတယ္ ။ ဒါ႔ေၾကာင့္ အမ်ိဳးသမီးေဆးစြဲသူေတြအတြက္ သူတို႔စိတ္ဓာတ္ပိုင္းကုသေပးမယ့္ ဂုဏ္သိကၡာပိုင္းကာကြယ္ေပးမယ့္ သီးသန္႔ေဆးျဖတ္စခန္းေတြရွိသင့္တယ္” လို႔ ဦးအဂ်ာက ေျပာပါတယ္။

ကခ်င္ျပည္နယ္တြင္ မူးယစ္ေဆးဝါးျဖတ္ ေဆး႐ုံမွာ ျမစ္ႀကီးနားတစ္ၿမိဳ႕နယ္တြင္သာ ရွိၿပီး မူးယစ္ေဆးအစားထိုး မက္သဒုန္းတိုက္ေကြၽးေနသည့္ ေနရာမ်ားမွာ ျမစ္ႀကီးနား၊ တာေလာႀကီး၊ ေအာင္ျမင္သာ၊ ဝိုင္းေမာ္၊ ဆဒုံး၊ တႏိုင္း၊ ခ်ီေဖြ၊ မိုးညႇင္း ၊ နန္းမား၊ မိုးေကာင္း၊ နမၼတီး၊ ဆားေမွာ္၊ ဖားကန္႔၊ ဆိပ္မႈ၊ တာမခံ၊ ေဝွခါ၊ လုံးခင္း၊ ဗန္းေမာ္၊ ေရႊကူ၊ မိုးေမာက္၊ မန္စီႏွင့္ ပူတာအို ၿမိဳ႕နယ္မ်ား ျဖစ္တယ္လို႔ သိရပါတယ္။

Youth for Crist Center တြင္ မူးယစ္ေဆးဝါး လာေရာက္ျဖတ္ေနသူ အမ်ိဳးသမီးတစ္ဦးကေတာ့ မူးယစ္ေဆးစြဲေနသည္မွာ တစ္ႏွစ္ေက်ာ္ခန္႔ ၾကာျမင့္ၿပီျဖစ္ၿပီး ယခုစင္တာတြင္ လာေရာက္ျဖတ္ေနသည္မွာ တစ္လေက်ာ္ခန္႔ၾကာေနၿပီျဖစ္ေၾကာင္း။ ယခင္က မူးယစ္ေဆးျဖတ္ရန္ေနရာ မရွိတာေၾကာင့္ မျဖတ္ျဖစ္ခဲ့ေၾကာင္း။ အခ်ိဳ႕မူးယစ္ေဆးျဖတ္စခန္းေတြမွာ အမ်ိဳးသမီးေတြ ေဆးလာေရာက္ျဖတ္ဖို႔အတြက္အဆင္မေျပမႈေတြ ရွိတာေၾကာင့္ မျဖတ္ခဲ့ရေၾကာင္း၊ မႈးယစ္ေဆးစြဲအမ်ိဳးသမီးေတြအတြက္ ေဆးျဖတ္စခန္း သီးသန္႔ရွိလွ်င္ ပိုအဆင္ေျပတယ္လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ ျမစ္ႀကီးနားၿမိဳ႕တြင္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္မွာ ရန္ပုံေငြ သိန္းႏွစ္ေထာင့္သုံးရာေလးဆယ္အကုန္က်ခံၿပီး ပင္မေဆး႐ုံနဲ႔ကပ္ရက္မွာ အမ်ိဳးသမီး မူးယစ္ေဆးစြဲလူနာ အမ်ိဳးသမီးေတြအတြက္ အမ်ိဳးသမီးတိုးခ်ဲ႕လူနာေဆာင္သစ္ ေဆာက္လုပ္ေနတယ္လို႔ ျမစ္ႀကီးနားၿမိဳ႕ မူးယစ္ေဆးဝါးျဖတ္ေဆး႐ုံ ေဆး႐ုံအုပ္ႀကီး ေဒါက္တာေက်ာ္စိုးလင္းက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ ကခ်င္ျပည္နယ္မွာဆိုရင္ မူးယစ္ေဆးျဖတ္ေဆး႐ုံက တစ္ျပည္နယ္လုံးမွာ ဒီတစ္ခုပဲရွိတယ္။ ေဆး႐ုံမွာလည္း အမ်ိဳးသမီးေဆာင္ဆိုၿပီး သတ္မွတ္ထားတာမရွိတာေၾကာင့္။ သူတို႔အတြက္ အစားအေသာက္စားတာေတြအျပင္ ေရခ်ိဳးတာေတြက အစ အခက္အခဲေတြရွိတယ္။ အခုေတာ့ ေဆး႐ုံမွာလည္း အမ်ိဳးသမီးသီးသန္႔ တိုးခ်ဲ႕လူနာေဆာင္ သီးသန္႔ရွိေတာ့မယ္ဆိုေတာ့ သူတို႔အတြက္ အဆင္ေျပသြားမွာပါ” ဟု ေဒါက္တာေက်ာ္စိုးလင္းက ေျပာပါတယ္။

ျမစ္ႀကီးနားၿမိဳ႕ မူးယစ္ေဆးဝါးျဖတ္ေဆး႐ုံႀကီးတြင္ ဖားကန္႔ႏွင့္ ျမစ္ႀကီးနားၿမိဳ႕မွ အမ်ားဆုံး လာေရာက္ကုသေနၿပီ ေဆး႐ုံတက္လာေရာက္ေဆးျဖတ္ေနသူ စုစုေပါင္း အေယာက္ကိုးဆယ္ရွိၿပီး ေဆးျဖတ္သူ အမ်ိဳးသမီးႏွစ္ေယာက္ ပါ၀င္တယ္လို႔ သိရပါတယ္။

သက္ေဝ

#PeopleMedia #ျမစ္ႀကီးနား #မူးယစ္ေဆး

(unicode)
ကချင်ပြည်နယ်တွင် မူးယစ်ဆေးစွဲအမျိုးသမီးများအတွက် သီးသန့်ဆေးဖြတ်စခန်းလိုအပ်နေ
………………………………………….

မြစ်ကြီးနား၊ ဩဂုတ် ၂၉

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးစွဲနေသည့် အမျိုးသမီးများအတွက် အမျိုးသမီးသီးသန့်ဆေးဖြတ်စခန်း လိုအပ်မှုတွေ ရှိနေတယ်လို့ မူးယစ်ဆေးဝါးဖြတ်စင်တာတစ်ခုဖြစ်တဲ့ Youth for Crist Center တည်ထောင်သူ ဆရာအဂျာက ပြောပါတယ်။

“မူးယစ်ဆေးဖြတ်သူတွေကို ဆေးဖြတ်ပေးတယ်ဆိုတဲ့ ကဏ္ဍမှာ မူးယစ်ဆေးဝါးစွဲနေတဲ့ အမျိုးသားနဲ့အမျိုးသမီးတွေက မတူဘူး။ အမျိုးသမီးတွေမှာ ဂုဏ်သိက္ခာပိုင်းအရ ခက်ခဲမှုတွေရှိတယ်။ သူတို့ရဲ့အရှက်တရားပေါ့။ ဒါ့ကြောင့် သူတို့တွေက မူးယစ်ဆေးဖြတ်ဖို့အတွက်ဆိုရင် ရောက်လာဖို့က ခက်ခဲတယ် ။ ဒါ့ကြောင့် အမျိုးသမီးဆေးစွဲသူတွေအတွက် သူတို့စိတ်ဓာတ်ပိုင်းကုသပေးမယ့် ဂုဏ်သိက္ခာပိုင်းကာကွယ်ပေးမယ့် သီးသန့်ဆေးဖြတ်စခန်းတွေရှိသင့်တယ်” လို့ ဦးအဂျာက ပြောပါတယ်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးဖြတ် ဆေးရုံမှာ မြစ်ကြီးနားတစ်မြို့နယ်တွင်သာ ရှိပြီး မူးယစ်ဆေးအစားထိုး မက်သဒုန်းတိုက်ကျွေးနေသည့် နေရာများမှာ မြစ်ကြီးနား၊ တာလောကြီး၊ အောင်မြင်သာ၊ ဝိုင်းမော်၊ ဆဒုံး၊ တနိုင်း၊ ချီဖွေ၊ မိုးညှင်း ၊ နန်းမား၊ မိုးကောင်း၊ နမ္မတီး၊ ဆားမှော်၊ ဖားကန့်၊ ဆိပ်မှု၊ တာမခံ၊ ဝှေခါ၊ လုံးခင်း၊ ဗန်းမော်၊ ရွှေကူ၊ မိုးမောက်၊ မန်စီနှင့် ပူတာအို မြို့နယ်များ ဖြစ်တယ်လို့ သိရပါတယ်။

Youth for Crist Center တွင် မူးယစ်ဆေးဝါး လာရောက်ဖြတ်နေသူ အမျိုးသမီးတစ်ဦးကတော့ မူးယစ်ဆေးစွဲနေသည်မှာ တစ်နှစ်ကျော်ခန့် ကြာမြင့်ပြီဖြစ်ပြီး ယခုစင်တာတွင် လာရောက်ဖြတ်နေသည်မှာ တစ်လကျော်ခန့်ကြာနေပြီဖြစ်ကြောင်း။ ယခင်က မူးယစ်ဆေးဖြတ်ရန်နေရာ မရှိတာကြောင့် မဖြတ်ဖြစ်ခဲ့ကြောင်း။ အချို့မူးယစ်ဆေးဖြတ်စခန်းတွေမှာ အမျိုးသမီးတွေ ဆေးလာရောက်ဖြတ်ဖို့အတွက်အဆင်မပြေမှုတွေ ရှိတာကြောင့် မဖြတ်ခဲ့ရကြောင်း၊ မှုးယစ်ဆေးစွဲအမျိုးသမီးတွေအတွက် ဆေးဖြတ်စခန်း သီးသန့်ရှိလျှင် ပိုအဆင်ပြေတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြစ်ကြီးနားမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ရန်ပုံငွေ သိန်းနှစ်ထောင့်သုံးရာလေးဆယ်အကုန်ကျခံပြီး ပင်မဆေးရုံနဲ့ကပ်ရက်မှာ အမျိုးသမီး မူးယစ်ဆေးစွဲလူနာ အမျိုးသမီးတွေအတွက် အမျိုးသမီးတိုးချဲ့လူနာဆောင်သစ် ဆောက်လုပ်နေတယ်လို့ မြစ်ကြီးနားမြို့ မူးယစ်ဆေးဝါးဖြတ်ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးလင်းက ပြောပါတယ်။

“ကျွန်တော်တို့ ကချင်ပြည်နယ်မှာဆိုရင် မူးယစ်ဆေးဖြတ်ဆေးရုံက တစ်ပြည်နယ်လုံးမှာ ဒီတစ်ခုပဲရှိတယ်။ ဆေးရုံမှာလည်း အမျိုးသမီးဆောင်ဆိုပြီး သတ်မှတ်ထားတာမရှိတာကြောင့်။ သူတို့အတွက် အစားအသောက်စားတာတွေအပြင် ရေချိုးတာတွေက အစ အခက်အခဲတွေရှိတယ်။ အခုတော့ ဆေးရုံမှာလည်း အမျိုးသမီးသီးသန့် တိုးချဲ့လူနာဆောင် သီးသန့်ရှိတော့မယ်ဆိုတော့ သူတို့အတွက် အဆင်ပြေသွားမှာပါ” ဟု ဒေါက်တာကျော်စိုးလင်းက ပြောပါတယ်။

မြစ်ကြီးနားမြို့ မူးယစ်ဆေးဝါးဖြတ်ဆေးရုံကြီးတွင် ဖားကန့်နှင့် မြစ်ကြီးနားမြို့မှ အများဆုံး လာရောက်ကုသနေပြီ ဆေးရုံတက်လာရောက်ဆေးဖြတ်နေသူ စုစုပေါင်း အယောက်ကိုးဆယ်ရှိပြီး ဆေးဖြတ်သူ အမျိုးသမီးနှစ်ယောက် ပါဝင်တယ်လို့ သိရပါတယ်။

သက်ဝေ

#PeopleMedia #မြစ်ကြီးနား #မူးယစ်ဆေး


Share this post