• Follow Us on

Home ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္ ျမစ္ႀကီးနားၿမိဳ႕၌ ေရကူးေျပးလမ္း (၁၀)လမ္းပါ ေရကူးကန္ႏွင့္ ဘက္စုံအားကစားရပ္ဝန္းတည္ေဆာက္ေရး ကြင္းဆင္းစစ္ေဆး

ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္ ျမစ္ႀကီးနားၿမိဳ႕၌ ေရကူးေျပးလမ္း (၁၀)လမ္းပါ ေရကူးကန္ႏွင့္ ဘက္စုံအားကစားရပ္ဝန္းတည္ေဆာက္ေရး ကြင္းဆင္းစစ္ေဆး

Share this post

ျမစ္ႀကီးနား၊ ဒီဇင္ဘာ ၅ (People Media)

ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္သည္ ကခ်င္ျပည္နယ္၏ ၿမိဳ႕ေတာ္ျမစ္ႀကီးနား ၿမိဳ႕၌ အားကစားက႑ေပါင္းစုံပါဝင္ၿပီး ေခတ္မီသည့္ အားကစားရပ္ဝန္းေပၚေပါက္လာေစေရး၊ နိုင္ငံ အတြင္း အႀကီးဆုံးေရကူးကန္တည္ေဆာက္ေရးစီမံကိန္းတို႔အတြက္ ယေန႔ နံနက္ပိုင္းတြင္ ျပည္နယ္ ဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ကြင္းဆင္းစစ္ေဆးခဲ့ၾကသည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္အဖြဲ႕သည္ ျမစ္ႀကီးနားၿမိဳ႕၊ သီတာရပ္ကြက္အတြင္းရွိ ခရိုင္အားကစားႏွင့္ ကာယပညာဦးစီးဌာနပိုင္၊ ၿငိမ္းခ်မ္းသာယာအားကစားကြင္း၏ (ကားႀကီးကြင္းအေဟာင္း)ေနရာ၌ တည္ ေဆာက္သြားမည့္ ေရကူးလမ္းေျပးလမ္း (၁၀)လမ္းပါ အလ်ား ၁၅၀ ေပ၊ အနံ ၇၅ ေပရွိ ေရကူးကန္ အပါအဝင္ သန႔္စင္ခန္း၊ နားေနခန္းမ်ား၊ ပြဲၾကည့္စဥ္၊ ေဆးအဖြဲ႕၊ ဒိုင္အဖြဲ႕၊ ႐ုံးအဖြဲ႕အခန္းမ်ားျဖင့္ ဖြဲ႕စည္း ထားသည့္ ျမန္မာနိုင္ငံ၏ အႀကီးဆုံးေရကူးကန္ တည္ေဆာက္မည့္ စီမံကိန္းႏွင့္ အားကစားနည္းေပါင္း စုံပါဝင္ၿပီး အားကစား ပစၥည္းဆိုင္ခန္းမ်ား၊ ေဈးဆိုင္ခန္းမ်ားပါဝင္သည့္ ဘက္စုံအားကစားအားကစား ရပ္ဝန္းအေကာင္အထည္ေဖာ္ေဆာင္ရြက္မည့္ စီမံကိန္းအစီအစဥ္မ်ားကို ျပည္နယ္အားကစားႏွင့္ကာယ ပညာဦးစီးဌာန၊ ျပည္နယ္ဦးစီးမႉး ဦးေအာင္သူႏွင့္ တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကရာ ျပည္နယ္ ဝန္ႀကီးခ်ဳပ္က အားကစားနည္းေပါင္းစုံကစားနိုင္ၿပီး အားကစားပစၥည္းဆိုင္ခန္းမ်ား၊ ေဈးဆိုင္ခန္းမ်ား ျဖင့္ ေခတ္မီအဆင့္ျမႇင့္သည့္ အားကစားရပ္ဝန္းတစ္ခု အေကာင္အထည္ေဖာ္နိုင္ေရးအတြက္ ရွိသည့္ ေျမေနရာတြင္ စနစ္တက်ေရးဆြဲ၍ စီမံကိန္းအေကာင္အထည္ေဖာ္ေရး ျပည္နယ္ဝန္ႀကီးမ်ား၊ တာဝန္ရွိသူ မ်ားႏွင့္ ညႇိႏွိုင္းေပါင္းစပ္ေဆာင္ရြက္ေပးခဲ့သည္။

အလားတူ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္အဖြဲ႕သည္ ျမစ္ႀကီးနားၿမိဳ႕၊ ကမ္းနားလမ္း၌ တည္ေဆာက္ လ်က္ရွိသည့္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕၏ ဧည့္ရိပ္သာေဆာက္လုပ္ေရးလုပ္ငန္းခြင္အတြင္း အေဆာက္ အဦအတြင္း ပါဝင္သည့္ အိပ္ခန္းမ်ား၊ ဧည့္ခန္းမ်ား၊ အစည္းအေဝးခန္းမ၊ ဧည့္ေတြ႕ခန္းမမ်ား၊ ထိန္းခ်ဳပ္ ခန္းမ်ား၊ ေျမယာရႈခင္းအလွဆင္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ၿပီးစီးမႈ အေျခအေနကို လိုက္လံၾကည့္ရႈ စစ္ေဆးၾကရာ တာဝန္ရွိသူမ်ား၏ လိုက္လံရွင္းလင္းတင္ျပမႈမ်ားအေပၚ ျပည္နယ္ဝန္ႀကီးခ်ဳပ္က လိုအပ္ ခ်က္မ်ားကို မွာၾကားခဲ့သည္။

သတင္း/ဓါတ္ပုံ – ျပည္နယ္အစိုးရအဖြဲ႕႐ုံး

#PeopleMedia #ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ #ေရကူးကန္

(unicode)
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း (၁၀)လမ်းပါ ရေကူးကန်နှင့် ဘက်စုံအားကစားရပ်ဝန်းတည်ဆောက်ရေး ကွင်းဆင်းစစ်ဆေး
…………………………………………………………….

မြစ်ကြီးနား၊ ဒီဇင်ဘာ ၅ (People Media)

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနား မြို့၌ အားကစားကဏ္ဍပေါင်းစုံပါဝင်ပြီး ခေတ်မီသည့် အားကစားရပ်ဝန်းပေါ်ပေါက်လာစေရေး၊ နိုင်ငံ အတွင်း အကြီးဆုံးရေကူးကန်တည်ဆောက်ရေးစီမံကိန်းတို့အတွက် ယနေ့ နံနက်ပိုင်းတွင် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်အတွင်းရှိ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနပိုင်၊ ငြိမ်းချမ်းသာယာအားကစားကွင်း၏ (ကားကြီးကွင်းအဟောင်း)နေရာ၌ တည် ဆောက်သွားမည့် ရေကူးလမ်းပြေးလမ်း (၁၀)လမ်းပါ အလျား ၁၅၀ ပေ၊ အနံ ၇၅ ပေရှိ ရေကူးကန် အပါအဝင် သန့်စင်ခန်း၊ နားနေခန်းများ၊ ပွဲကြည့်စဉ်၊ ဆေးအဖွဲ့၊ ဒိုင်အဖွဲ့၊ ရုံးအဖွဲ့အခန်းများဖြင့် ဖွဲ့စည်း ထားသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးရေကူးကန် တည်ဆောက်မည့် စီမံကိန်းနှင့် အားကစားနည်းပေါင်း စုံပါဝင်ပြီး အားကစား ပစ္စည်းဆိုင်ခန်းများ၊ ဈေးဆိုင်ခန်းများပါဝင်သည့် ဘက်စုံအားကစားအားကစား ရပ်ဝန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းအစီအစဉ်များကို ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က အားကစားနည်းပေါင်းစုံကစားနိုင်ပြီး အားကစားပစ္စည်းဆိုင်ခန်းများ၊ ဈေးဆိုင်ခန်းများ ဖြင့် ခေတ်မီအဆင့်မြှင့်သည့် အားကစားရပ်ဝန်းတစ်ခု အကောင်အထည်ဖော်နိုင်ရေးအတွက် ရှိသည့် မြေနေရာတွင် စနစ်တကျရေးဆွဲ၍ စီမံကိန်းအကောင်အထည်ဖော်ရေး ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ ကမ်းနားလမ်း၌ တည်ဆောက် လျက်ရှိသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဧည့်ရိပ်သာဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အဆောက် အဦအတွင်း ပါဝင်သည့် အိပ်ခန်းများ၊ ဧည့်ခန်းများ၊ အစည်းအဝေးခန်းမ၊ ဧည့်တွေ့ခန်းမများ၊ ထိန်းချုပ် ခန်းများ၊ မြေယာရှုခင်းအလှဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လိုက်လံကြည့်ရှု စစ်ဆေးကြရာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် ချက်များကို မှာကြားခဲ့သည်။

သတင်း/ဓါတ်ပုံ – ပြည်နယ်အစိုးရအဖွဲ့ရုံး

#PeopleMedia #ကချင်ပြည်နယ်အစိုးရအဖွဲ့ #ရေကူးကန်


Share this post