• Follow Us on

Home ကခ်င္ျပည္နယ္အတြင္းက ေနရပ္ျပန္မည့္ တိုက္ပြဲေရွာင္ ျပည္သူမ်ားအတြက္ တ႐ုတ္အစိုးရက ယြမ္ေလးသန္း ေထာက္ပံ့

ကခ်င္ျပည္နယ္အတြင္းက ေနရပ္ျပန္မည့္ တိုက္ပြဲေရွာင္ ျပည္သူမ်ားအတြက္ တ႐ုတ္အစိုးရက ယြမ္ေလးသန္း ေထာက္ပံ့

Share this post

ျမစ္ႀကီးနား၊ ျသဂုတ္ ၁၆

ကခ်င္ျပည္နယ္အတြင္းက ေနရပ္ျပန္မည့္ တိုက္ပြဲေရွာင္ ျပည္သူအခ်ိဳ႕၏ လူမႈဘဝေန ထိုင္ေရး လြယ္ကူ အဆင္ေျပမႈ ရွိေစရန္ တ႐ုတ္အစိုးရက ယြမ္ေငြ (၄)သန္း ေထာက္ပံ့ထားေၾကာင္း ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ထံမွ သိရသည္။

လက္ရွိယာယီ တိုက္ပြဲေရွာင္စခန္းမ်ားတြင္ ခိုလႈံေနၾကသည့္ ဒဘတ္ယန္၊ တာေလာႀကီး ႏွင့္ ေရြ႕ေျပာင္းေနထိုင္ေနၿပီ ျဖစ္သည့္ နန္ဆန္ယန္ေက်းရြာ အတြင္းရွိ တိုက္ပြဲေရွာင္ျပည္သူမ်ား ေနရပ္ျပန္ရာတြင္ ၎တို႔၏ ေနအိမ္အသစ္ တည္ေဆာက္ေပးေရး၊ ေနအိမ္ ျပင္/​ထိန္း ေရးႏွင့္ ေရ၊ မီး ရရွိေရးတို႔အတြက္ ကူညီေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ ၫြန္ၾကားေရးမွဴး ဦးေဇာ္ေဇာ္က ဆိုသည္။

”ေနရပ္ျပန္ဖို႔ ဆႏၵျပဳလာတဲ့ တိုက္ပြဲေရွာင္ေတြေပါ႔။ ေလာဆယ္ ဒီသုံးရြာပဲရွိေသးတယ္။ ​ပ်က္စီးေနတဲ့ ေနအိမ္ေတြ ျပဳျပင္ဖို႔ရယ္ ၿပီးေတာ့ ပ်က္စီးသြားတဲ့ ေနအိမ္ေတြအသစ္ျပန္ တည္ေဆာက္ေပးဖို႔ရယ္၊ ေရႏွင့္မီးရ ရွိဖို႔အတြက္ ေထာက္ပံ့တာ”ဟု ဦးေဇာ္ေဇာ္က ေျပာသည္။

အဆိုပါ ေက်းရြာသုံးရြာတြင္ အသစ္တည္ေဆာက္ရန္ ႏွင့္ ျပဳျပင္ထိန္းသိမ္းရမည့္တိုက္ပြဲေရွာင္ ေနအိမ္ စုစုေပါင္း (၁၉၁)ရွိၿပီး နန္ဆန္ယန္ ေက်းရြာတြင္ (၉၈)အိမ္၊ ဒဘတ္ယန္တြင္ (၃၄)အိမ္၊ တာေလာႀကီးေက်းရြာတြင္ (၅၉)အိမ္အထိ ရွိၿပီး အၾကမ္းဖ်င္းခန္႔မွန္းခ်က္ ေနအိမ္အသစ္တည္ေဆာက္ရန္အတြက္ (၇၅)သိန္း၊ ျပဳျပင္ထိန္းသိမ္းရန္အတြက္ (၃၅) အသုံးျပဳသြားမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕႐ုံးမွ သိရသည္။

”RC ေတာ့မဟုတ္ဘူး၊ သြပ္မိုး၊ အုတ္ကာ၊ ပ်ဥ္ကပ္အိမ္မ်ိဳးေပါ႔ အဲဒီလိုမ်ိဳးေဆာက္ေပးမယ္” ဟု ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ၫြန္ၾကားေရးမွဴး ဦးေဇာ္ေဇာ္ က ေျပာသည္။

နန္ဆန္ယန္ ေက်းရြာက တိုက္ပြဲေရွာင္ျပည္သူမ်ားစုမွာ လက္ရွိ၎တို႔ ေနရပ္တြင္ေရာက္ရွိၾကၿပီ ျဖစ္ၿပီး ဒဘတ္ယန္ႏွင့္ တာေလာႀကီးေက်းရြာမွ တိုက္ပြဲေရွာင္ျပည္သူမ်ားမွာ ၄င္းတို႔၏ အိမ္ၿခံေျမရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနၾကၿပီျဖစ္၍ လာမည့္ စက္တင္ဘာလခန္႔တြင္ ပို႔ေဆာင္ႏိုင္ေတာ့မည္ ျဖစ္သည္။

အဆိုပါ တိုက္ပြဲေရွာင္ျပည္သူမ်ား ေနရပ္သို႔ျပန္လည္ မွီတင္းေနထိုင္ရာတြင္ တိုက္ပြဲေရွာင္ ျပည္သူမ်ား၏ လူမႈဘဝဖြံ႕ၿဖိဳးေရးႏွင့္လုံၿခဳံမႈ ရွိေစေရးတို႔အတြက္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕က ေနအိမ္ျပန္လည္တည္ေဆာက္ေရး ေကာ္မတီ၊ ပညာေရးကိစၥရပ္မ်ား ေဆာင္ရြက္ေပးမည့္ေကာ္မတီ၊ က်န္းမာေရးကိစၥရပ္မ်ား ေဆာင္ရြက္ေပးမည့္ေကာ္မတီ၊ လုံၿခဳံေရးကိစၥရပ္မ်ားေဆာင္ရြက္ေပးမည့္ ေကာ္မတီ၊ မိုင္းရွင္းလင္းေကာ္မတီ အပါအဝင္ စုစုေပါင္းေကာ္မတီ (၉)ရပ္ကို ဖြဲ႕စည္းထားၿပီျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕႐ုံးမွ သိရသည္။

တပ္မေတာ္ႏွင့္ KIA တို႔ၾကား ၂၀၁၁ ခုႏွစ္က ျပန္လည္ျဖစ္ပြားခဲ့ေသာ တိုက္ပြဲမ်ားေၾကာင့္ေဘးလြတ္ရာသို႔ တိမ္းေရွာင္ မွီတင္းေနထိုင္ခဲ့သည့္ တိုက္ပြဲေရွာင္ ျပည္သူတစ္သိန္းေက်ာ္ အထိရွိခဲ့ၿပီး လက္ရ္ှိ ကခ်င္တစ္ျပည္နယ္လုံးတြင္ တိုက္ပြဲေရွာင္ စခန္းေပါင္း (၈၀)ေက်ာ္အထိ က်န္ရွိေနေသးေၾကာင္း သိရသည္။

လြမ္းေအာင္

#PeopleMedia #စစ္ေဘးေရွာင္ #ျမစ္ႀကီးနား

(unicode)
ကချင်ပြည်နယ်အတွင်းက နေရပ်ပြန်မည့် တိုက်ပွဲရှောင် ပြည်သူများအတွက် တရုတ်အစိုးရက ယွမ်လေးသန်း ထောက်ပံ့
……………………………………………………………………………..

မြစ်ကြီးနား၊ သြဂုတ် ၁၆

ကချင်ပြည်နယ်အတွင်းက နေရပ်ပြန်မည့် တိုက်ပွဲရှောင် ပြည်သူအချို့၏ လူမှုဘဝနေ ထိုင်ရေး လွယ်ကူ အဆင်ပြေမှု ရှိစေရန် တရုတ်အစိုးရက ယွမ်ငွေ (၄)သန်း ထောက်ပံ့ထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိယာယီ တိုက်ပွဲရှောင်စခန်းများတွင် ခိုလှုံနေကြသည့် ဒဘတ်ယန်၊ တာလောကြီး နှင့် ရွေ့ပြောင်းနေထိုင်နေပြီ ဖြစ်သည့် နန်ဆန်ယန်ကျေးရွာ အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်ရာတွင် ၎င်းတို့၏ နေအိမ်အသစ် တည်ဆောက်ပေးရေး၊ နေအိမ် ပြင်/​ထိန်း ရေးနှင့် ရေ၊ မီး ရရှိရေးတို့အတွက် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးဇော်ဇော်က ဆိုသည်။

”နေရပ်ပြန်ဖို့ ဆန္ဒပြုလာတဲ့ တိုက်ပွဲရှောင်တွေပေါ့။ လောဆယ် ဒီသုံးရွာပဲရှိသေးတယ်။ ​ပျက်စီးနေတဲ့ နေအိမ်တွေ ပြုပြင်ဖို့ရယ် ပြီးတော့ ပျက်စီးသွားတဲ့ နေအိမ်တွေအသစ်ပြန် တည်ဆောက်ပေးဖို့ရယ်၊ ရေနှင့်မီးရ ရှိဖို့အတွက် ထောက်ပံ့တာ”ဟု ဦးဇော်ဇော်က ပြောသည်။

အဆိုပါ ကျေးရွာသုံးရွာတွင် အသစ်တည်ဆောက်ရန် နှင့် ပြုပြင်ထိန်းသိမ်းရမည့်တိုက်ပွဲရှောင် နေအိမ် စုစုပေါင်း (၁၉၁)ရှိပြီး နန်ဆန်ယန် ကျေးရွာတွင် (၉၈)အိမ်၊ ဒဘတ်ယန်တွင် (၃၄)အိမ်၊ တာလောကြီးကျေးရွာတွင် (၅၉)အိမ်အထိ ရှိပြီး အကြမ်းဖျင်းခန့်မှန်းချက် နေအိမ်အသစ်တည်ဆောက်ရန်အတွက် (၇၅)သိန်း၊ ပြုပြင်ထိန်းသိမ်းရန်အတွက် (၃၅) အသုံးပြုသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

”RC တော့မဟုတ်ဘူး၊ သွပ်မိုး၊ အုတ်ကာ၊ ပျဥ်ကပ်အိမ်မျိုးပေါ့ အဲဒီလိုမျိုးဆောက်ပေးမယ်” ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးဇော်ဇော် က ပြောသည်။

နန်ဆန်ယန် ကျေးရွာက တိုက်ပွဲရှောင်ပြည်သူများစုမှာ လက်ရှိ၎င်းတို့ နေရပ်တွင်ရောက်ရှိကြပြီ ဖြစ်ပြီး ဒဘတ်ယန်နှင့် တာလောကြီးကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူများမှာ ၄င်းတို့၏ အိမ်ခြံမြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြပြီဖြစ်၍ လာမည့် စက်တင်ဘာလခန့်တွင် ပို့ဆောင်နိုင်တော့မည် ဖြစ်သည်။

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများ နေရပ်သို့ပြန်လည် မှီတင်းနေထိုင်ရာတွင် တိုက်ပွဲရှောင် ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးရေးနှင့်လုံခြုံမှု ရှိစေရေးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က နေအိမ်ပြန်လည်တည်ဆောက်ရေး ကော်မတီ၊ ပညာရေးကိစ္စရပ်များ ဆောင်ရွက်ပေးမည့်ကော်မတီ၊ ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်ပေးမည့်ကော်မတီ၊ လုံခြုံရေးကိစ္စရပ်များဆောင်ရွက်ပေးမည့် ကော်မတီ၊ မိုင်းရှင်းလင်းကော်မတီ အပါအဝင် စုစုပေါင်းကော်မတီ (၉)ရပ်ကို ဖွဲ့စည်းထားပြီဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

တပ်မတော်နှင့် KIA တို့ကြား ၂၀၁၁ ခုနှစ်က ပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့်ဘေးလွတ်ရာသို့ တိမ်းရှောင် မှီတင်းနေထိုင်ခဲ့သည့် တိုက်ပွဲရှောင် ပြည်သူတစ်သိန်းကျော် အထိရှိခဲ့ပြီး လက်ရ်ှိ ကချင်တစ်ပြည်နယ်လုံးတွင် တိုက်ပွဲရှောင် စခန်းပေါင်း (၈၀)ကျော်အထိ ကျန်ရှိနေသေးကြောင်း သိရသည်။

လွမ်းအောင်

#PeopleMedia #စစ်ဘေးရှောင် #မြစ်ကြီးနား


Share this post