• Follow Us on

Home ကခ်င္ျပည္နယ္အတြင္းရွိ ကိုယ္ဝန္သည္မ်ားကို ေငြက်ပ္သုံးေသာင္းေထာက္ပံ့သြားမည္ျဖစ္ၿပီး ဖုန္းျဖင့္စာရင္းေပးသြင္းႏိုင္

ကခ်င္ျပည္နယ္အတြင္းရွိ ကိုယ္ဝန္သည္မ်ားကို ေငြက်ပ္သုံးေသာင္းေထာက္ပံ့သြားမည္ျဖစ္ၿပီး ဖုန္းျဖင့္စာရင္းေပးသြင္းႏိုင္

Share this post

ျမစ္ႀကီးနား၊ ျသဂုတ္ ၂၀

ကခ်င္ျပည္နယ္အတြင္းရွိ ကိုယ္ဝန္သည္မိခင္မ်ားကို ေငြက်ပ္သုံးေသာင္းဆီေထာက္ပံ့ေပးသြားမည္ ျဖစ္ၿပီး ဖုန္းျဖင့္လည္း အမည္စာရင္းေပးသြင္းႏိုင္ေၾကာင္း ကခ်င္ျပည္နယ္ လူမႈဝန္ထမ္းဦးစီးဌာန႐ုံးမွ သိရသည္။

ျပည္ေထာင္စုအစိုးရ၏ ေထာက္ပံ့မႈျဖင့္ ကခ်င္ျပည္နယ္ လူမႈဝန္ထမ္းဦးစီးဌာနကေထာက္ပံ့ေပးသြားမည္ျဖစ္ၿပီး အဆိုပါေထာက္ပံ့ေၾကးရရွိႏိုင္ရန္ အမည္စာရင္းမ်ားကို သက္ဆိုင္ရာၿမိဳ႕နယ္/ခ႐ိုင္ ဆင့္ကဲ လူမႈဝန္ထမ္းဦးစီးဌာန႐ုံးမ်ားတြင္ လာေရာက္ စာရင္းေပးသြင္းႏိုင္သည့္အျပင္ မိမိလက္ကိုင္ဖုန္းျဖင့္ ေငြဗိုက္ဖုန္းအက္ပလီေကးရွင္း (Ngwe Bike Aplication) ျဖင့္လည္း အမည္စာရင္းေပးသြင္းႏိုင္ေၾကာင္း ကခ်င္ျပည္နယ္ လူမႈဝန္ထမ္းဦးစီးဌာနမွဴး႐ုံးမွ သိရသည္။

“အဓိကေတာ့ ကိုယ္ဝန္ရွိေၾကာင္း သက္ေသခံႏိုင္ဖို႔ရန္ အတြက္ ကိုယ္ဝန္ေဆာင္က်န္းမာေရး ေစာင့္ေရွာက္မႈ မွတ္တမ္းကေတာ့ မျဖစ္မေန လိုပါတယ္။ အဲ့တာရၿပီဆိုရင္က်န္တာ အားလုံးအက်ဳံးဝင္ပါတယ္။အဲ့ဒီ က်န္းမာေရးေစာင့္ေရွာက္မႈ မွတ္တမ္းႏွင့္ ဗိုက္ေပၚသည္ ျဖစ္ေစမေပၚသည္ျဖစ္ေစ အဲ့ဒီကိုယ္ဝန္ေဆာင္ ေစာင့္ေရွာက္မႈမွတ္တမ္းတစ္အုပ္ရွိတာနဲ႔ ကိုယ္ဝန္ေဆာင္စာရင္းဝင္သြားၿပီ သူသည္ ဖုန္းနံပါတ္ရွိရမယ္ မရွိဘူးဆိုရင္လည္းသူငယ္ခ်င္းအေပါင္းသင္းဖုန္းနံပါတ္နဲ႔လည္းရပါတယ္။အိုင္တီနည္းပညာကိုသုံးၿပီး ေထာက္ပံ့မွာျဖစ္တဲ့အတြက္ေၾကာင့္ လြယ္ကူတဲ့ နည္းလမ္းျဖစ္ပါတယ္”ဟု ကခ်င္ျပည္နယ္လူမႈဝန္ထမ္း ဦးစီးဌာနၫြန္ၾကားေရးမွဴး ဦးသက္လႈိင္ထြန္းက ေျပာသည္။

စာရင္းေပးသြင္းမည့္ ကာလအျဖစ္ ျသဂုတ္လ (၁၁)ရက္ေန႔မွ စက္တင္ဘာလ (၁၅)ရက္ေန႔အထိလက္ ခံသြားမည္ျဖစ္ၿပီး ဖုန္းျဖင့္ေသာ္လည္ေကာင္း လူကိုယ္တိုင္သြားေရာက္စာရင္းေပးသြင္းရာတြင္လည္း ေကာင္း ကိုယ္ဝန္ေဆာင္ေစာင့္ေရွာက္မႈမွတ္တမ္းစာအုပ္၊ ကိုယ္ဝန္ေဆာင္မိခင္ဓာတ္ပုံ၊ သက္ဆိုင္ရာ ေဆးခန္း၊ ကြၽမ္းက်င္ဆရာဝန္မ်ား၏ေဆးစစ္ခ်က္မွတ္တမ္း စသည့္အခ်က္အလက္မ်ားပါရွိရမည္ျဖစ္ ေၾကာင္း သိရသည္။

ေငြဗိုက္အက္ပလီေကးရွင္းကို သက္ဆိုင္ရာေက်းလက္က်န္းမာေရးမွ ထည့္သြင္းေပးေနၿပီး ”Social Protection In Myanmar Page” တြင္လည္း ေဒါင္းလုတ္ရယူႏိုင္ၿပီး အင္တာမရွိသည့္ေဒသမ်ား လူမႈဝန္ထမ္းဦးစီးဌာနအေနျဖင့္ ဖြဲ႕စည္းထားသည့္ အဖြဲ႕အစည္းမ်ားျဖင့္သြားေရာက္ကြင္းဆင္းကာ စာရင္းမ်ားေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေထာက္ပံ့ေငြ ထုတ္ယူရာတြင္လည္း ထုတ္ယူႏိုင္မည့္ နည္းလမ္းေလးမ်ိဳး စီစဉ္ထားၿပီး မိမိအတြက္ လြယ္ကူအဆင္ေျပမည့္နည္းလမ္းျဖင့္ ထုတ္ယူႏိုင္ေၾကာင္း ဦးသက္လႈိင္ထြန္းက ယခုကဲ့သို႔ ရွင္းလင္းေျပာဆိုခဲ့သည္။

“ကြၽန္ေတာ္တို႔နဲ႔ခ်ိတ္ဆက္ထားတဲ့ ျမန္မာ့စီးပြားေရးဘဏ္၊ ဧရာဘဏ္၊ KBZဘဏ္ရွိပါတယ္အဲ့ဒီဘဏ္အေကာင့္ေတြကေန ထုတ္ယူႏိုင္ပါတယ္။ အဲ့ဒီဘဏ္ေတြကေန မထုတ္ခ်င္ဘူးဆိုရင္လည္း Wave Pay၊ AYA Pay၊ KBZ Pay ကေနလည္း ထုတ္လို႔ရတယ္ အဲ့တာေတြနဲ႔လည္း မထုတ္ခ်င္ဘူးဆိုရင္လည္းေနာက္ဆုံး ကြၽန္ေတာ္တို႔နဲ႔ ခ်ိတ္ဆက္ထားတဲ့ၿမိဳ႕နယ္ေတြမွာ တာဝန္ယူေနတဲ့ Vision Fund ကေနလည္း ထုတ္ယူ လို႔ ရတယ္၊”ဟု ၎ကထည့္သြင္း ေျပာဆိုခဲ့သည္။

အထက္တြင္ ေဖာ္ျပခဲ့သည့္ နည္းလမ္းသုံးခုနဲ႔လက္လွမ္းမမွီသည့္ ေဒသမ်ားအတြက္မႈ လူမႈဝန္ထမ္းဦး စီးဌာနႏွင့္ INGOအဖြဲ႕အစည္းနဲ႔ပူးေပါင္းကာ ယင္းေဒသမ်ားအထိသြားေရာက္ၿပီး ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္လူမႈဝန္ထမ္းဦးစီးဌာန႐ုံးမွ သိရသည္။

လက္ရွိတြင္ စာရင္းေပးသြင္းလာသည့္ ကိုယ္ဝန္ေဆာင္ မိခင္ စုစုေပါင္း (၆၀၀)ေက်ာ္ရွိေနၿပီျဖစ္ၿပီး လူဦးေရ (၂၀၀၀၀)ေက်ာ္ခန္႔ ေထာက္ပံ့ႏိုင္ရန္လ်ာထားေၾကာင္း သိရသည္။

လြမ္းေအာင္

#PeopleMedia

(unicode)
ကချင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်သည်များကို ငွေကျပ်သုံးသောင်းထောက်ပံ့သွားမည်ဖြစ်ပြီး ဖုန်းဖြင့်စာရင်းပေးသွင်းနိုင်
……………………………………………………………………………..

မြစ်ကြီးနား၊ သြဂုတ် ၂၀

ကချင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်သည်မိခင်များကို ငွေကျပ်သုံးသောင်းဆီထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ဖုန်းဖြင့်လည်း အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။

ပြည်ထောင်စုအစိုးရ၏ ထောက်ပံ့မှုဖြင့် ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနကထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါထောက်ပံ့ကြေးရရှိနိုင်ရန် အမည်စာရင်းများကို သက်ဆိုင်ရာမြို့နယ်/ခရိုင် ဆင့်ကဲ လူမှုဝန်ထမ်းဦးစီးဌာနရုံးများတွင် လာရောက် စာရင်းပေးသွင်းနိုင်သည့်အပြင် မိမိလက်ကိုင်ဖုန်းဖြင့် ငွေဗိုက်ဖုန်းအက်ပလီကေးရှင်း (Ngwe Bike Aplication) ဖြင့်လည်း အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးမှ သိရသည်။

“အဓိကတော့ ကိုယ်ဝန်ရှိကြောင်း သက်သေခံနိုင်ဖို့ရန် အတွက် ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက်မှု မှတ်တမ်းကတော့ မဖြစ်မနေ လိုပါတယ်။ အဲ့တာရပြီဆိုရင်ကျန်တာ အားလုံးအကျုံးဝင်ပါတယ်။အဲ့ဒီ ကျန်းမာရေးစောင့်ရှောက်မှု မှတ်တမ်းနှင့် ဗိုက်ပေါ်သည် ဖြစ်စေမပေါ်သည်ဖြစ်စေ အဲ့ဒီကိုယ်ဝန်ဆောင် စောင့်ရှောက်မှုမှတ်တမ်းတစ်အုပ်ရှိတာနဲ့ ကိုယ်ဝန်ဆောင်စာရင်းဝင်သွားပြီ သူသည် ဖုန်းနံပါတ်ရှိရမယ် မရှိဘူးဆိုရင်လည်းသူငယ်ချင်းအပေါင်းသင်းဖုန်းနံပါတ်နဲ့လည်းရပါတယ်။အိုင်တီနည်းပညာကိုသုံးပြီး ထောက်ပံ့မှာဖြစ်တဲ့အတွက်ကြောင့် လွယ်ကူတဲ့ နည်းလမ်းဖြစ်ပါတယ်”ဟု ကချင်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနညွန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းက ပြောသည်။

စာရင်းပေးသွင်းမည့် ကာလအဖြစ် သြဂုတ်လ (၁၁)ရက်နေ့မှ စက်တင်ဘာလ (၁၅)ရက်နေ့အထိလက် ခံသွားမည်ဖြစ်ပြီး ဖုန်းဖြင့်သော်လည်ကောင်း လူကိုယ်တိုင်သွားရောက်စာရင်းပေးသွင်းရာတွင်လည်း ကောင်း ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုမှတ်တမ်းစာအုပ်၊ ကိုယ်ဝန်ဆောင်မိခင်ဓာတ်ပုံ၊ သက်ဆိုင်ရာ ဆေးခန်း၊ ကျွမ်းကျင်ဆရာဝန်များ၏ဆေးစစ်ချက်မှတ်တမ်း စသည့်အချက်အလက်များပါရှိရမည်ဖြစ် ကြောင်း သိရသည်။

ငွေဗိုက်အက်ပလီကေးရှင်းကို သက်ဆိုင်ရာကျေးလက်ကျန်းမာရေးမှ ထည့်သွင်းပေးနေပြီး ”Social Protection In Myanmar Page” တွင်လည်း ဒေါင်းလုတ်ရယူနိုင်ပြီး အင်တာမရှိသည့်ဒေသများ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများဖြင့်သွားရောက်ကွင်းဆင်းကာ စာရင်းများကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ထောက်ပံ့ငွေ ထုတ်ယူရာတွင်လည်း ထုတ်ယူနိုင်မည့် နည်းလမ်းလေးမျိုး စီစဉ်ထားပြီး မိမိအတွက် လွယ်ကူအဆင်ပြေမည့်နည်းလမ်းဖြင့် ထုတ်ယူနိုင်ကြောင်း ဦးသက်လှိုင်ထွန်းက ယခုကဲ့သို့ ရှင်းလင်းပြောဆိုခဲ့သည်။

“ကျွန်တော်တို့နဲ့ချိတ်ဆက်ထားတဲ့ မြန်မာ့စီးပွားရေးဘဏ်၊ ဧရာဘဏ်၊ KBZဘဏ်ရှိပါတယ်အဲ့ဒီဘဏ်အကောင့်တွေကနေ ထုတ်ယူနိုင်ပါတယ်။ အဲ့ဒီဘဏ်တွေကနေ မထုတ်ချင်ဘူးဆိုရင်လည်း Wave Pay၊ AYA Pay၊ KBZ Pay ကနေလည်း ထုတ်လို့ရတယ် အဲ့တာတွေနဲ့လည်း မထုတ်ချင်ဘူးဆိုရင်လည်းနောက်ဆုံး ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့မြို့နယ်တွေမှာ တာဝန်ယူနေတဲ့ Vision Fund ကနေလည်း ထုတ်ယူ လို့ ရတယ်၊”ဟု ၎င်းကထည့်သွင်း ပြောဆိုခဲ့သည်။

အထက်တွင် ဖော်ပြခဲ့သည့် နည်းလမ်းသုံးခုနဲ့လက်လှမ်းမမှီသည့် ဒေသများအတွက်မှု လူမှုဝန်ထမ်းဦး စီးဌာနနှင့် INGOအဖွဲ့အစည်းနဲ့ပူးပေါင်းကာ ယင်းဒေသများအထိသွားရောက်ပြီး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။

လက်ရှိတွင် စာရင်းပေးသွင်းလာသည့် ကိုယ်ဝန်ဆောင် မိခင် စုစုပေါင်း (၆၀၀)ကျော်ရှိနေပြီဖြစ်ပြီး လူဦးရေ (၂၀၀၀၀)ကျော်ခန့် ထောက်ပံ့နိုင်ရန်လျာထားကြောင်း သိရသည်။

လွမ်းအောင်

#PeopleMedia


Share this post