• Follow Us on

Home ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ဖို့ တပ်မတော် က ရွာ ၂ ရွာကို မိုင်းရှင်းပေး


Share this post

ဝိုင်းမော်၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)







(unicode)
ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ဖို့ တပ်မတော် က ရွာ ၂ ရွာကို မိုင်းရှင်းပေး ……………………………………..
ဝိုင်းမော်၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚) ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် နေ့ရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည့်ကချင်ပြည်နယ်က တိုက်ပွဲရှောင် ပြည်သူများ နေရပ်ပြန်နိုင်ရန်အတွက် တပ်မတော်က ရွာ ၂ ရွာကို ယခု ဒီဇင်ဘာလအတွင်း မြေမြုပ်မိုင်း ရှင်းလင်းရေးတွေ ဆောင်ရွက်ပေးခဲ့သည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ကချင်ပြည်နယ်ခရီးစဉ်၌ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် (KBC) အဖွဲ့က တာဝန်ရှိသူများနှင့် တွေ့ဆုံအပြီး ယခုကဲ့သို့အခြေအနေများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် တဘက်ယန်ကျေးရွာနှင့် ကျောက်စခန်းမှ လူနေအိမ် (၂၅၀) ကျော်၊ ခရစ်ယာန် ဘုရားကျောင်း (၂) ခု၊ စာသင်ကျောင်း (၁)ကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနတစ်ခုတွင် မိုင်းရှင်းလင်းရေးများ ဆောင်ရွက်ပေးခဲ့သည်။ ကချင်ပြည်နယ်က တိုက်ပွဲအတွင်းမှာ အသုံးပြုခဲ့ကြသည့် မြေမြုပ်မိုင်းများကြောင့် အရပ်သား သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများလည်းရှိခဲ့ပြီး ယခုကဲ့သို့ မိုင်းရှင်းလင်းရေးများလုပ်ပေးနေသော်လည်း ဒေသခံ တိုက်ပွဲရှောင် ပြည်သူအချို့အနေနှင့် သူတို့၏ နေရပ်ဒေသကို ပြန်လည်အခြေချနိုင်ရေး စိုးရိမ်မှုများ ရှိနေဆဲဖြစ်သည်။ ကချင်ပြည်နယ်အတွင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က စတင်ကာ ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန် ကျေးရွာမှာ ရှိသည့် အိမ်ခြေ ၁၃၅ လုံးကို တပ်မတော်က မိုင်းရှင်းပေးခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှာ KBC အဖွဲ့ကို ပြန်လွှဲပေးခဲ့သည်။
#PeopleMedia #ဝိုင်းမော်မြို့ #Peace #KIA #KBC #မိုင်း


Share this post