• Follow Us on

Home ကခ်င္ျပည္နယ္အတြင္း ေရေဘးေရွာင္ယာယီစခန္းေပါင္း ၃၂ ခုရွိခဲ့

ကခ်င္ျပည္နယ္အတြင္း ေရေဘးေရွာင္ယာယီစခန္းေပါင္း ၃၂ ခုရွိခဲ့

Share this post

ျမစ္ႀကီးနား၊ ဇူလိုင္ ၁၆

ကခ်င္ျပည္နယ္အတြင္း ေရေဘးေၾကာင့္ တိမ္းေရွာင္ခဲ့ရသည့္ ယာယီစခန္း ၃၂ ေနရာရွိခဲ့ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲေရးဦးစီးဌာန၊ ကခ်င္ ျပည္နယ္ဦးစီးမႈး႐ုံးမွ သိရသည္။

ကခ်င္ျပည္နယ္အတြင္း ျမစ္ႀကီးနားမွာ ၉ ေနရာ၊ ဆင္ဘိုမွာ ၁ ေနရာ၊ ဝိုင္းေမာ္မွာ ၁ ေနရာ၊ ဗန္းေမာ္မွာ ၁၆ ေန ရာ၊ ေရႊကူမွာ ၅ ေနရာတို႔ကို စီစဉ္ထားေပးသည္ဟုသိရသည္။

“ဒီႏွစ္ကက်ေတာ့ ေရသိပ္မႀကီးေတာ့ ေရေဘးေရွာင္စခန္း ၃၂ ခုေလာက္ပဲထားတာတယ္။ တစ္ခ်ိဳ႕က ေရက်လို႔ ျပန္သြားၿပီ။ တစ္ခ်ိဳ႕ က်န္တာက ေရႊကူ၊ ဗန္းေမာ္နဲ႔ ဆင္ဘိုမွာပဲ က်န္ေတာ့တယ္” ဟု ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲေရးဦးစီးဌာန၊ ကခ်င္ျပည္နယ္ ဦးစီးမွဴး ေဒၚလွေကသီမာကေျပာသည္။

ကခ်င္ျပည္နယ္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲေရးဦးစီးဌာန၊ ကခ်င္ျပည္နယ္ ဦးစီးမွဴး႐ုံးမွ ေရႀကီးေရလွ်ံျဖစ္ လာပါက ကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ႏိုင္ရန္ ႀကိဳတင္ေဆာင္ရြက္ထားရွိေၾကာင္းသိရသည္။

ကခ်င္ျပည္နယ္အတြင္း ယခင္ႏွစ္က ေရႀကီးေရလွ်ံမႈေၾကာင့္ ေရေဘးစခန္း ၁၀၀ ေက်ာ္ရွိခဲ့ေၾကာင္းသိရသည္။

ေကသီ

#PeopleMedia

(unicode)
ကချင်ပြည်နယ်အတွင်း ရေဘေးရှောင်ယာယီစခန်းပေါင်း ၃၂ ခုရှိခဲ့
……………………………………………………

မြစ်ကြီးနား၊ ဇူလိုင် ၁၆

ကချင်ပြည်နယ်အတွင်း ရေဘေးကြောင့် တိမ်းရှောင်ခဲ့ရသည့် ယာယီစခန်း ၃၂ နေရာရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှုးရုံးမှ သိရသည်။

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမှာ ၉ နေရာ၊ ဆင်ဘိုမှာ ၁ နေရာ၊ ဝိုင်းမော်မှာ ၁ နေရာ၊ ဗန်းမော်မှာ ၁၆ နေ ရာ၊ ရွှေကူမှာ ၅ နေရာတို့ကို စီစဉ်ထားပေးသည်ဟုသိရသည်။

“ဒီနှစ်ကကျတော့ ရေသိပ်မကြီးတော့ ရေဘေးရှောင်စခန်း ၃၂ ခုလောက်ပဲထားတာတယ်။ တစ်ချို့က ရေကျလို့ ပြန်သွားပြီ။ တစ်ချို့ ကျန်တာက ရွှေကူ၊ ဗန်းမော်နဲ့ ဆင်ဘိုမှာပဲ ကျန်တော့တယ်” ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူး ဒေါ်လှကေသီမာကပြောသည်။

ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ ရေကြီးရေလျှံဖြစ် လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကြိုတင်ဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကချင်ပြည်နယ်အတွင်း ယခင်နှစ်က ရေကြီးရေလျှံမှုကြောင့် ရေဘေးစခန်း ၁၀၀ ကျော်ရှိခဲ့ကြောင်းသိရသည်။

ကေသီ

#PeopleMedia


Share this post