• Follow Us on

Home ကချင်ပြည်နယ်၊ ဟိုပင်မြို့၌ ဆိုင်ကယ်ပြင်ရန် စောင့်နေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခံရ

ကချင်ပြည်နယ်၊ ဟိုပင်မြို့၌ ဆိုင်ကယ်ပြင်ရန် စောင့်နေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခံရ

Share this post

ဟိုပင်၊ အောက်တိုဘာ ၂၉ (People Media)

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၌ ယနေ့ အောက်တိုဘာ ၂၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဆိုင် ကယ်ပြင်ရန်စောင့်နေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ ယနေ့အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဦးထွန်းထွန်းဝင်းဆိုသူမှာ ဟိုပင်မြို့ရှိ ဆိုင်ကယ်ပြင်ဆိုင်ရှေ့တွင် ဆိုင်ကယ်ပြင်ရန် စောင့်ဆိုင်းနေစဉ် အမည်မသိ အမျိုးသားတစ်ဦးမှ ၎င်းအား သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေနတ်ထိမှန်ဒဏ်ရာ ၆ ချက်ဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ ကြောင်း သိရှိရသည်။

 

သေဆုံးသူ ဦးထွန်းထွန်းဝင်းသည် ဟိုပင်မြို့ရှိ မြသီတာရပ်ကွက်နေသူဖြစ်ပြီး အသက် ၄၇ နှစ်ရှိပြီဖြစ်ကာ စက် ပြင်ဆရာတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

 

၎င်းကို မည်သည့်အဖွဲ့မှ မည်သည့်အကြောင်းကြောင့် ပစ်ခတ်သတ်ဖြတ်သည်ကိုမူ မသိရှိရသေးပေ။

 

#PeopleMedia #ကချင် #ဟိုပင် #EPN

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post