• Follow Us on
Latest News

Home ကချင်ပြည်နယ်၌ ပြည်သူအချို့မှ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ရယူကာ သစ်တောများ၊ မြေ/ယာများကို တရုတ်လူမျိုးများအား ကြံစိုက်ရန် တစ်ဧက ၈ သိန်းကျပ်အထိ ရောင်းစားနေ

ကချင်ပြည်နယ်၌ ပြည်သူအချို့မှ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ရယူကာ သစ်တောများ၊ မြေ/ယာများကို တရုတ်လူမျိုးများအား ကြံစိုက်ရန် တစ်ဧက ၈ သိန်းကျပ်အထိ ရောင်းစားနေ

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကချင်ပြည်နယ်တွင် ပြည်သူအချို့မှ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ရယူကာ သစ်တောများ၊ မြေ/ယာများကို တရုတ်လူမျိုးများအား ကြံစိုက်ရန် တစ်ဧကလျှင် ၅ သိန်းမှ ၈ သိန်းကျပ်အထိ ရောင်းစားနေမှုကြောင့် ကျေးရွာ နေပြည်သူများမှ ကန့်ကွက်တိုင်ကြားစာ ပေးပို့ထားသည်။

ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ နောင်ကွမ်ကျေးရွာမှ ပြည်သူအချို့သည် မခွယ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နောင်ကွမ်ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်တံဆိပ်တုံးများရိုက်နှိပ်ကာ နောင်မကောက်ကျေးရွာနှင့် ကုန်းကတင်ကျေးရွာနယ်မြေအတွင်းရှိ သစ်တောများ၊ မြေ/ယာများကို ယင်းကျေး ရွာရှိ ဥက္ကဋ္ဌ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများကို အသိပေးခြင်းမရှိဘဲ တရုတ်လူမျိုးများအား ကြံစိုက်ရန် တစ်ဧကလျှင် ငွေကျပ် ၅ သိန်းမှ ၈ သိန်းအထိ ရောင်းစားနေခြင်းကြောင့် ဇန်နဝါရီလ ၂၉ ရက်နေ့ ရက်စွဲဖြင့် ခရိုင်မြေ/ယာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌထံသို့ တိုင်ကြားစာပေးပို့ခဲ့ခြင်းဖြစ်သည်။

ထိုသို့ရောင်းစားနေမှုများကို ယင်းကျေးရွာနှစ်ရွာမှ ပြည်သူများ၊ ရပ်မိရပ်ဖများမှ လက်မှတ်ရေးထိုး၍ မှတ်တမ်း ဓာတ်ပုံများနှင့်အတူ စိစစ်ရေးယူဆောင်ရွက်ပေးနိုင်ရန်အတွက် ဗန်းမော်မြို့ ခရိုင်မြေ/ယာစီမံခန့်ခွဲရေးကော်မတီ သို့ ပူးတွဲပို့ဆောင်ခဲ့ကြောင်း အဆိုပါတိုင်ကြားစာတွင် ဖော်ပြပါရှိသည်။

#PeopleMedia #သစ်တော

(unicode)
……………………………………………………………







Share this post