• Follow Us on

Home ကခ်င္ျပည္နယ္ ဖားကန္႔တြင္ ေျမစာပုံၿပဳိက်၍ လူေသဆုံးမႈျဖစ္စဥ္မ်ား ထပ္မံမျဖစ္ေစရန္ အလုပ္အကိုင္အခြင့္အလမ္းအသစ္မ်ား အစိုးရမွ ဖန္တီးေပးဖို႔လိုအပ္ေၾကာင္း ျပည္ခိုင္ၿဖဳိးပါတီဗဟိုအလုပ္အမႈေဆာင္ေထာက္ျပေျပာၾကား

ကခ်င္ျပည္နယ္ ဖားကန္႔တြင္ ေျမစာပုံၿပဳိက်၍ လူေသဆုံးမႈျဖစ္စဥ္မ်ား ထပ္မံမျဖစ္ေစရန္ အလုပ္အကိုင္အခြင့္အလမ္းအသစ္မ်ား အစိုးရမွ ဖန္တီးေပးဖို႔လိုအပ္ေၾကာင္း ျပည္ခိုင္ၿဖဳိးပါတီဗဟိုအလုပ္အမႈေဆာင္ေထာက္ျပေျပာၾကား

Share this post

ကခ်င္ျပည္နယ္ ဖားကန္႔တြင္ ေျမစာပုံျပဳိက်၍ လူေသဆုံးမႈျဖစ္စဥ္မ်ား ထပ္မံမျဖစ္ေစရန္ အလုပ္အကိုင္အခြင့္အလမ္းအသစ္မ်ား အစိုးရမွ ဖန္တီးေပးဖို႔လိုအပ္ေနေၾကာင္း ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံၿဖဳိးေရးပါတီမွ ဗဟိုအလုပ္အမႈေဆာင္ ဦးသိန္းထြန္းဦးက ေျပာၾကားလိုက္သည္။

ကခ်င္ျပည္နယ္ ဖားကန္႔တြင္ ေျမစာပုံၿပဳိ၍ ေရမေဆးေက်ာက္ရွာေဖြသူမ်ားေသဆုံးမႈအေပၚ ဇူလိုင္ ၄ ရက္ People Media မွ ဆက္သြယ္ေမးျမန္းရာတြင္ ျပည္ခိုင္ၿဖဳိးပါတီဗဟိုအလုပ္အမႈေဆာင္ ဦးသိန္းထြန္းဦးက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ဒီျဖစ္စဥ္မွာ နံပါတ္တစ္ကေတာ့ အစိုးရရဲ႕ကိုင္တြယ္ေျဖရွင္းမႈေႏွာင့္ေႏွးတယ္ေပါ့။ ဒီေနရာမွာတပ္မေတာ္တို႔က ခ်က္ျခင္းေရာက္ တယ္။ အစိုးရက ထုတ္ျပန္ေၾကညာခ်က္ကေလးေတာင ္ထုတ္ျပန္ဖို႔ေနာက္က်ခဲ့တယ္။ ေနာက္ထပ္ ဒီလိုမျဖစ္ေအာင္က ထူးထူးျခားျခားၾကပ္မတ္ကိုင္တြယ္ေဆာင္ရြက္ရမွာျဖစ္တယ္။ ဒီေနရာမွာ လူေတြအလုပ္အကိုင္အခြင့္အလမ္းအတြက္ကို ဒီအစားကို ဖန္တီးေပးႏိုင္ဖို႔လိုတယ္။ အစိုးရအေနနဲ႔ တာ၀န္ရွိတယ္လို႔ျမင္တယ္။ အလုပ္အကိုင္အခြင့္အလမ္းရွားပါးမႈအေပၚမွာ အေျခခံၿပီးေတာ့ လူေတြဟာ ကိုယ့္အသက္ကိုယ္ႏွေျမာၾကေသာ္လည္းပဲ ဒီလိုဟာမ်ိဳးလုပ္ၿပီး အျဖစ္ဆိုးမ်ိဳး ႀကဳံေတြ႕ရတာ အင္မတန္၀န္းနည္းေၾကကြဲဖို႔ေကာင္းတယ္ေလ’’ဟု ၎ကေျပာသည္။

ကခ်င္ျပည္နယ္၊ ဖားကန္ၿမိဳ႕နယ္၊ ဆိပ္မူေက်းရြာအုပ္စု ေ၀ွခါလဂူးေခ်ာင္ ေက်ာက္စိမ္းလုပ္ကြက္အေဟာင္းတြင္ ဇူလိုင္ ၂ ရက္ေန႔ ကေျမစာပုံၿပဳိက်မႈျဖစ္စဥ္ေၾကာင့္ ေရမေဆးေက်ာက္ရွာေဖြသူ လူဦးေရ ၁၇၀ ေက်ာ္ေသဆုံးခဲ့ၿပီး လူဦးေရ၅၀ေက်ာ္ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္။

အဆိုပါေသဆုံးသူမ်ားထဲတြင္ ရခိုင္ျပည္နယ္မွ လာေရာက္အလုပ္လုပ္ကိုင္သည့္ ေရမေဆးေက်ာက္ရွာေဖြသူအမ်ားစု ျဖစ္ ေၾကာင္းသိရၿပီး ၎တို႔ကို လူမႈ၀န္ထမ္းကယ္ဆယ္ေရးႏွင့္ေနရာျပန္လည္ခ်ထားေရး၀န္ႀကီးဌာနမွ တစ္ဦးလွ်င္ က်ပ္သုံးသိန္း ေထာက္ပံ့ကူညီမည္ျဖစ္ေၾကာင္းလည္းသိရသည္။

#PeopleMedia

(unicode)
ကချင်ပြည်နယ် ဖားကန့်တွင် မြေစာပုံပြိုကျ၍ လူသေဆုံးမှုဖြစ်စဉ်များ ထပ်မံမဖြစ်စေရန် အလုပ်အကိုင်အခွင့်အလမ်းအသစ်များ အစိုးရမှ ဖန်တီးပေးဖို့လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ထောက်ပြပြောကြား
…………………………………………………

ကချင်ပြည်နယ် ဖားကန့်တွင် မြေစာပုံပြိုကျ၍ လူသေဆုံးမှုဖြစ်စဉ်များ ထပ်မံမဖြစ်စေရန် အလုပ်အကိုင်အခွင့်အလမ်းအသစ်များ အစိုးရမှ ဖန်တီးပေးဖို့လိုအပ်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းထွန်းဦးက ပြောကြားလိုက်သည်။

ကချင်ပြည်နယ် ဖားကန့်တွင် မြေစာပုံပြို၍ ရေမဆေးကျောက်ရှာဖွေသူများသေဆုံးမှုအပေါ် ဇူလိုင် ၄ ရက် People Media မှ ဆက်သွယ်မေးမြန်းရာတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးသိန်းထွန်းဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီဖြစ်စဉ်မှာ နံပါတ်တစ်ကတော့ အစိုးရရဲ့ကိုင်တွယ်ဖြေရှင်းမှုနှောင့်နှေးတယ်ပေါ့။ ဒီနေရာမှာတပ်မတော်တို့က ချက်ခြင်းရောက် တယ်။ အစိုးရက ထုတ်ပြန်ကြေညာချက်ကလေးတောင်ထုတ်ပြန်ဖို့နောက်ကျခဲ့တယ်။ နောက်ထပ် ဒီလိုမဖြစ်အောင်က ထူးထူးခြားခြားကြပ်မတ်ကိုင်တွယ်ဆောင်ရွက်ရမှာဖြစ်တယ်။ ဒီနေရာမှာ လူတွေအလုပ်အကိုင်အခွင့်အလမ်းအတွက်ကို ဒီအစားကို ဖန်တီးပေးနိုင်ဖို့လိုတယ်။ အစိုးရအနေနဲ့ တာဝန်ရှိတယ်လို့မြင်တယ်။ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုအပေါ်မှာ အခြေခံပြီးတော့ လူတွေဟာ ကိုယ့်အသက်ကိုယ်နှမြောကြသော်လည်းပဲ ဒီလိုဟာမျိုးလုပ်ပြီး အဖြစ်ဆိုးမျိုး ကြုံတွေ့ရတာ အင်မတန်ဝန်းနည်းကြေကွဲဖို့ကောင်းတယ်လေ’’ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဝှေခါလဂူးချောင် ကျောက်စိမ်းလုပ်ကွက်အဟောင်းတွင် ဇူလိုင် ၂ ရက်နေ့ ကမြေစာပုံပြိုကျမှုဖြစ်စဉ်ကြောင့် ရေမဆေးကျောက်ရှာဖွေသူ လူဦးရေ ၁၇၀ ကျော်သေဆုံးခဲ့ပြီး လူဦးရေ၅၀ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါသေဆုံးသူများထဲတွင် ရခိုင်ပြည်နယ်မှ လာရောက်အလုပ်လုပ်ကိုင်သည့် ရေမဆေးကျောက်ရှာဖွေသူအများစု ဖြစ် ကြောင်းသိရပြီး ၎င်းတို့ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်နေရာပြန်လည်ချထားရေးဝန်ကြီးဌာနမှ တစ်ဦးလျှင် ကျပ်သုံးသိန်း ထောက်ပံ့ကူညီမည်ဖြစ်ကြောင်းလည်းသိရသည်။

#PeopleMedia


Share this post