• Follow Us on

Home ကချင်ပြည်နယ် မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင့်သည့် အာဏာရ NLD ပါတီ နှင့် USDP ပါတီတို့ကို လာမည့်ရွေးကောက်ပွဲ၌ အနိုင်ယူသွားမည့်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ပြောဆို


Share this post

ရန်ကုန်၊စက်တင်ဘာ-၃၀
Photo-KSPP Youth


[Unicode]
ကချင်ပြည်နယ် မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင့်သည့် အာဏာရ NLD ပါတီ နှင့် USDP ပါတီတို့ကို လာမည့်ရွေးကောက်ပွဲ၌ အနိုင်ယူသွားမည့်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ပြောဆို
ရန်ကုန်၊စက်တင်ဘာ-၃၀
လာမည့်ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် အာဏာရ NLD ပါတီနှင့် USDP ပါတီတို့ကို အနိုင်ယူသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ အတွင်းရေးမှူး ဦးနော်ခုန်းက ပြောပါတယ်။
ကချင်ပြည်နယ်ပြည်သူ့ပါတီသည် လာမည့်ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်မဲဆန္ဒနယ် အသီးသီး၌ ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေသအခြေစိုက် နိုင်ငံရေးပါတီတစ်ခုဖြစ်ပါတယ်။ထို့အတူ ပြည်နယ် မဲဆန္ဒနယ် (၆၇)နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။
“ပြိုင်ဘက် NLD၊USDP တို့ကို အနိုင်ယူသွားမှာပါ” ကချင်ပြည်နယ်ပြည်သူ့ပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ အတွင်းရေးမှူး ဦးနော်ခုန်းက ပြောပါတယ်။
ကချင်ပြည်နယ်ပြည်သူ့ပါတီအနေဖြင့်အောင်နိုင်ရေးအားနည်းသည်ဟုယူဆသည့်ရွှေကူမြို့၊မိုးကောင်းမြို့၊မိုးညှင်းမြို့၊ချီဖွေမြို့၊ဆော့လော်မြို့စသည့် မဲဆန္ဒနယ်မြေများကို အားစိုက်ဆောင်ရွက်နေကြောင်း ဦးနော်ခုန်းက ဆိုပါတယ်။
၂၀၂၀ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်ပြည်သူ့ပါတီမှ အောင်နိုင်ရေး ရလဒ်ခန့်မှန်းချက်အနေဖြင့် ပြည်နယ်အဆင့်မဲဆန္ဒနယ်မြေ(၃၀)၊ပြည်ထောင်စုအဆင့်အနေဖြင့်(၂၅)နေရာ ခန့်မှန်းထားပါတယ်။
Photo-KSPP Youth
#PeopleMedia #ကချင်ပြည်နယ်ပြည်သူ့ပါတီ #2020election


Share this post