• Follow Us on

Home ကခ်င္ျပည္နယ္ လုံ/နယ္၀န္ႀကီး အစားထိုးခန႔္အပ္မည္

ကခ်င္ျပည္နယ္ လုံ/နယ္၀န္ႀကီး အစားထိုးခန႔္အပ္မည္

Share this post

ဖားကန႔္၊ ဇူလိုင္ ၆

ကခ်င္ျပည္နယ္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာ ၀န္ႀကီးဌာန၊ ၀န္ႀကီးအျဖစ္ အစားထိုးခန႔္အပ္ရန္အတြက္ တပ္မေတာ္ က စီစဥ္ေဆာင္႐ြက္လွ်က္ရွိရာ အစားထိုးခန႔္အပ္မည့္ လုံ/နယ္ဝန္ႀကီး ေနရာအတြက္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဗိုလ္မႉးႀကီး ေက်ာ္လင္းေအာင္ကို ခန႔္အပ္နိုင္ေရး လုပ္ထုံးလုပ္နည္းႏွင့္အညီ ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။

ဖားကန႔္ ေက်ာက္စိမ္းေမွာ္ေဒသ၌ ဇူလိုင္လ ၂ ရက္ေန႕ နံနက္ပိုင္း ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု ေဝွခါေျမၿပိဳတြင္ လူအစုလိုက္အၿပဳံလိုက္ စံခ်ိန္တင္ေသဆုံးမႈ ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အဆိုပါ ျဖစ္စဥ္ႏွင့္ စပ္လ်ဥ္းၿပီး လုံၿခဳံေရးတြင္ အဓိကတာဝန္ရွိသည့္ ကခ်င္ျပည္နယ္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး ေနလင္းထြန္း ကို မူလစစ္တာဝန္မ်ား ျပန္လည္ထမ္းေဆာင္ေစၿပီး လိုအပ္သည့္ အေရးယူမႈမ်ား ျပဳလုပ္နိုင္ရန္ စီစဥ္ေဆာင္႐ြက္လွ်က္ရွိသည္ဟု တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ယေန႕ ထုတ္ျပန္လိုက္သည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး တပ္မမႉး တစ္ဦးကိုလည္း တပ္မေတာ္ စစ္စည္းကမ္းမ်ားႏွင့္ အေရးယူနိုင္ရန္ တပ္မေတာ္မွ စီစဥ္ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။

သတင္း – မိုးထက္ေဝယံ

ဓါတ္ပုံ – လက္ရွိ လုံ/နယ္ ဝန္ႀကီး ဗိုလ္မႉးႀကီး ေနလင္းထြန္း

#PeopleMedia #ဖားကန့် #ကချင်ပြည်နယ်အစိုးရအဖွဲ့

[Unicode]
ကချင်ပြည်နယ် လုံ/နယ် ဝန်ကြီးအစားထိုးခန့်အပ်မည်
…………………………………………………….

ဖားကန့်၊ ဇူလိုင် ၆

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ရန်အတွက် တပ်မတော် က စီစဉ်ဆောင်ရွက်လျှက်ရှိရာ အစားထိုးခန့်အပ်မည့် လုံ/နယ်ဝန်ကြီး နေရာအတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီး ကျော်လင်းအောင်ကို ခန့်အပ်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဖားကန့် ကျောက်စိမ်းမှော်ဒေသ၌ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်း ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဝှေခါမြေပြိုတွင် လူအစုလိုက်အပြုံလိုက် စံချိန်တင်သေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်းပြီး လုံခြုံရေးတွင် အဓိကတာဝန်ရှိသည့် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း ကို မူလစစ်တာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး လိုအပ်သည့် အရေးယူမှုများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မမှူး တစ်ဦးကိုလည်း တပ်မတော် စစ်စည်းကမ်းများနှင့် အရေးယူနိုင်ရန် တပ်မတော်မှ စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း – မိုးထက်ဝေယံ

ဓါတ်ပုံ – လက်ရှိ လုံ/နယ် ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း

#PeopleMedia #ဖားကန့် #ကချင်ပြည်နယ်အစိုးရအဖွဲ့


Share this post